Tuesday, December 25, 2012

ငကျဉ်တောက်ရွာ အုပ်ချုပ်ရေးမှူးရွေးချယ်မှုအား ကန့်ကွက်

ဒေါင်းမြင်ရင်


ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် င/ကျဉ်တောက်ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာတရားမျှတမှုမရှိသောကြောင့် ရွာ သားများမှ ကန့်ကွက်လိုက်ကြောင်း သတင်းရရှိသည်။

သို့

မြို့နယ်အုပ်ချုပ်ရေးမှူး

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ဘူးသီးတောင်မြို့။

ရက်စွဲ- ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ( )ရက်။

အကြောင်းအရာ။ င/ကျဉ်တောက်ကျေးရွာအုပ်စု၌ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုအား ကန့်ကွက်ခြင်း။

၁။ အထက်အကြောင်းအရာ ပါကိစ္စနှင့်ပတ်သက်၍ င/ကျဉ်တောက်ကျေးရွာအုပ်စု၌ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တရားမျှတ မှု မရှိဘဲ တစ်ဘက်သတ်မဲရလိုမှုကြောင့် လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အုပ်စုတာဝန်ကျ စာရေးတို့၏ ဆောင်ရွက်မှုများကို အောက် ပါအ တိုင်း ဖေါ်ထုတ်တင်ပြ အပ်ပါသည်။

၂။ (က) ဆယ်အိမ်စုမှူးများကို မိမိနေအိမ်အစဉ်လိုက်အတိုင်းမဟုတ်ပဲ ရွာအရှေ့ပိုင်းနေသူကို ရွာအနောက်ပိုင်း၊ အလယ်ပိုင်းကလူကို တောင် ပိုင်းတွင် ယှဉ်ပြိုင်စေခြင်း၊ စသည်ဖြင့် လက်ရှိအုပ်ချုပ်ရေးမှူးက မိမိကို ထောက်ခံနိုင်မည့်ပုဂ္ဂိုလ် အများစုကို ရွေးချယ်ရမည့် နေ ရာဆယ်အိမ် စုတွင် ဝင်ရောက်ရွေးချယ်ခံစေခြင်း။

(ခ) ဆယ်စုမှူးများရွေးချယ်မဲပေးရာတွင် မဲပုံးများနေရာချထားသည့်အခါတွင် ကော်မတီလူကြီးများ က မဲပုံးနှင့် ခြောက်ပေခန့်အကွာတွင် နေ ရာယူထားပြီး လက်ရှိအုပ်ချုပ်ရေးမှူး၏ ဆယ်အိမ်စု ကိုယ်စားလှယ်များက မဲပုံးနှင့်သုံးပေခန့်အကွာတွင်စောင့်နေပြီး မဲပေးမည့် ရွာ သား များ မဲပေးသည့်အခါ မိမိတို့လိုအပ်သည့် မဲပုံးတွင်သာ တွန်းအားပေးထည့်သွင်းစေခြင်း။

(ဂ) အုပ်စုဆယ်အိမ်မှူးများ ရွေးချယ်ခြင်းကို ၂၀-၁၂-၂၀၁၂နေ့တွင် အစီအစဉ်အတိုင်း ပြုလုပ်ကြရာ ဘင်္ဂလီရွာမှ ဘင်္ဂလီများကိုလည်း ဆယ် အိမ်မှူးကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးချယ်ခံစေခဲ့ပြီး ဘင်္ဂလီရွာသားများလည်း မဲပေးခဲ့ကြပါသည်။ နေ့လည် (၁၁း၃၀)နာ ရီတွင် ပြုလုပ်ပြီးစီးခဲ့ပြီး တိုင်းရင်းသားရွာများမှ ကိုယ်စားလှယ် (၇)ဦးနှင့် ဘင်္ဂလီ(၄၇)ဦး၊ စုစုပေါင်း(၅၄)ဦးတို့ ရွေးချယ်ခံခဲ့ရ ပါသည်။ ကျေး ရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ၂၁-၁၂-၂၀၁၂နေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

(ဃ) သို့ရာတွင် ညနေ(၅း၃၀)နာရီအချိန်ခန့် ရောက်သောအခါမှ ဘင်္ဂလီများသည် ဥပဒေအရ မဲပေးနိုင်ခွင့်နှင့် အရွေးခံနိုင်ခွင့်မရှိသော ကြောင့် ဆယ်အိမ်မှူး ရွေးကောက်ပွဲရလဒ်ကို ပြန်လည်ပြင်ဆင်ရမည် ဖြစ်ကြောင်း၊ သို့သော်လည်း အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းကို နေ့ခြင်းပြီးပြု လုပ် ရမည်ဖြစ်သဖြင့် ယခုပင် ရွေးချယ်မည်ဖြစ်ကြောင်း ကြေငြာပြန်ပါသည်။

(င) ဆယ်အိမ်မှူးကိုယ်စားလှယ်ဦးထွန်းစိန်ဦးက ထိုသို့ဆိုလျှင် ဆယ်အိမ်စုမှူးများ နေရာခွဲဝေ သတ်မှတ်ရာတွင် အိမ်စဉ်လိုက်အတိုင်းမ ဟုတ် သဖြင့် ပြန်လည်ရွေးကောက်သင့်ကြောင်း တင်ပြခဲ့ရာ လက်ရှိအုပ်ချုပ်ရေးမှူးက တင်ပြချက်ကို လက်မခံပဲ "ငါ့ကိုဖြုတ်ဖို့လုပ်တာ မဟုတ် လား၊ ငါ့ကိုဖြုတ်နိုင်လို့လား၊" ဟု ဒေါသဖြင့် ပြန်လည် ပြောဆိုခဲ့ပါသည်။

(စ) ကျေးရွာသားများက မူလသတ်မှတ်သည့်အတိုင်း ၂၁-၁၂-၂၀၁၂နေ့တွင် ပြုလုပ်ရန် တောင်းဆိုခဲ့ကြ သော်လည်း အုပ်စုစာရေးနှင့် အုပ် ချုပ်ရေးမှူးက ယနေ့တွင်ပင် ညရှစ်နာရီ၊ ကိုးနာရီအချိန်ပင်ဖြစ်ပါစေ မဖြစ်မနေဖွဲ့စည်းပေးပို့ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့် ပေးထား သဖြင့် မဖြစ်မနေဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည် ပြောဆိုပါသည်။

(ဆ) ကျေးရွာသားများ၏ တောင်းဆိုချက်အရ ရွေးချယ်ခံထားရသော ဆယ်အိမ်မှူးများက ကော်မတီ လူကြီးများကို မြို့နယ်အုပ်ချုပ်ရေး မှူး ထံတွင် သွားရောက်စုံစမ်းပေးရန် တင်ပြခဲ့ကြပါသည်။ သို့သော်လည်း အုပ်စုစာရေးက စုံစမ်းရန်မလိုကြောင်း၊ မဖြစ်မနေ ဆက်လက် ဆောင် ရွက် သွားရမည်သာဖြစ်ကြောင်း ပြောဆို ဟန့်တားခဲ့ပါသည်။

(ဇ) ထိုကဲ့သို့သဘောထားမညီမျှမှုကြောင့် ဦးထွန်းစိန်ဦး၊ ဦးမောင်အေးသောင်း၊ ဦးမောင်လှထွန်းတို့ ဆယ်အိမ်မှူးသုံးဦးက အုပ်ချုပ်ရေး မှူး ရွေးကောက်ခြင်းကို လက်မခံနိုင်၍ ကန့်ကွက်ပြီး ပြန်လည် ထွက်ခွာသွားခဲ့ရာ ၎င်းသုံးဦးမှ ဦးမောင်လှထွန်းကို ကော်မတီလူကြီးများ က အိမ် ပြန်မရောက် သေးခင် လမ်းတွင်ပင် အတင်း အဓမ္မဆွဲခေါ်ယူကာ အလိုရှိသောမဲပုံးတွင် ထည့်ခိုင်းခဲ့ပါသည်။

(ဈ) ထို့အပြင် ရွေးကောက်ခံထားရသော ဆယ်အိမ်မှူးများမှ ဦးမောင်စိန်လှသည် ၂၀၀၅ခုနှစ်မှသာ ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လာ ခဲ့ခြင်း ဖြစ်ပြီး၊ ကျေးရွာတွင်နေထိုင်သည့် ကာလမှာ (၇)နှစ် သာရှိပါသေးသဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၃)၊ အပိုဒ် ၅။ (င)ပါ ပြဌာန်းချက်နှင့် ညီညွတ်ခြင်း မရှိပါ။

(ည) ဆယ်အိမ်မှူးအဖြစ် ရွေးကောက်ခံရသူ ဦးစိန်သာထွန်းမှာ ၂၀၀၆ခုနှစ်ခန့်မှသာ ဒါးပြမှုဖြစ့် ပြစ်ဒါဏ်ကျခံ နေရာမှ လွတ်မြောက်လာခဲ့ သူ ဖြစ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၃)၊ အပိုဒ် ၅။ (စ) နှင့် ညီညွတ်သူမဟုတ်ပါ။

၃။ သို့ဖြစ်ပါ၍ ၂၀-၁၂-၂၀၁၂နေ့၊ ညနေ(၅း၃၀)အချိန်တွင် ကျင်းပပြီးစီးသွားခဲ့သော င/ကျဉ်တောက်အုပ်စု ၏ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေး ချယ်ပွဲသည် ဥပဒေနှင့်ညီညွတ်မှုမရှိဘဲ လက်ရှိအုပ်ချုပ်ရေးမှူးက မိမိသက်တမ်းဆက်နိုင်ရန် အကွက်ဆင်ဆောင်ရွက်ခြင်း သာဖြစ် သဖြင့် ကန့်ကွက်ပါကြောင်းနှင့် တရားမျှတစွာဖြင့် ပြန်လည် ရွေးကောက်ပေးပါရန် ပူးတွဲပါလက်မှတ်ရေးထိုးတင်ပြသူများက လေးစား စွာ ဖြင့်တင်ပြ အပ် ပါသည်။


င/ကျဉ်တောက်ကျေးရွာပြည်သူများ

မိတ္တူကို-

(၁) ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စစ်တွေမြို့။

(၂) ခရိုင်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မောင်တောခရိုင်၊ မောင်တောမြို့။

(၃) လက်ခံ။

No comments: