Saturday, December 29, 2012

သပြာကျွန်းမှ တရားခံများကို ယခုအချိန်ထိ ဖမ်းဆီးအရေးယူမှုမရှိသေးဟု ဒေသခံ များပြော

မင်းသွီး

ပေါက်တောမြို့နယ် စိုင်းတုတ် ကျေးရွာမှ မောင်တင်အောင်မြင့်နှင့် မောင် ကျော်သန်းစိုးကို အကြမ်းဖက်ရိုက်ပုတ်သွားခဲ့သော သပြာကျွန်း မှတရားချာံးကိုသက်ာ အာဏာပိုင်များက ယခုအချိန်ထိ ဖမ်းဆီးအရေးယူမှုမရှိသေး ကြောင်းဒေသခံများပြောဆိုချက်များအရ သတင်းရှိသည်။

ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာရဲများက အကြမ်းဖက်ရိုက်ပုဒ်ခံရ သည့် လူနာနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာထံ တရားခံများကို ဖမ်းမည့် ပုံစံဖြင့်ခ်ါသွားပြီး ယခုအချိန်ထိ တရားခံဘင်္ဂလီများကို ဖမ်းဆီးအရေးယူ ခြင်းမရှိသည်ကို စိုင်းတုတ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“ သပြာကျွန်းမှ တရားခံဘင်္ဂလီတွေကို ဖမ်းမလိုလိုပုံစံနဲ့ လူနာနှစ်ဦးဖြစ်တဲ့ မောင်တင်အောင်မြင့်နှင့် မောင်ကျော်သန်းစိုးကို ခေါ်သွားပါ တယ်။ မနေ့က နံနက်ပိုင်းမှာ အဲဒီလူနာနှစ်ဦးကို ပေါက်တောဆေးရုံကနေပြီးတော့ စ ခန်းမှူးနဲ့ ရဲတွေ က ခေါ်သွားတာဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာ ကိုလည်းရောက်ရော တရားခံဘင်္ဂလီတွေကို မေးမြန်းစစ်ဆေးခြင်း လည်း မရှိဘူး၊ အဖမ်းအဆီးလည်းမရှိဘဲ သပြာကျွန်းမှာနေထိုင်ကြတဲ့ ဘင်္ဂလီတွေကို နောက်ထပ်ပြဿနာမဖြစ်ဖို့နဲ့ ကိုယ်ဟာကို အေးအေးချမ်းချမ်း နေ ကြဖို့ ပြောသွားပါတယ်။ အကြမ်းဖက်ရိုက်ပုတ်ခံရတဲ့ လူနာနှစ်ဦးကိုလည်း ဆေးရုံကိုခေါ်မလာဘဲ သူတို့နေတဲ့ စိုင်းတုတ်ရွာမှာ ထားခဲ့ကြ ပါတယ်။ ” ဟု ဒေသခံမှ ပြောသွားခြင်းဖြစ်သည်။

သပြာကျွန်းမှ တရားခံဘင်္ဂလီများကို ဖမ်းဆီးအရေးယူခြင်းမရှိသည့်ကိစ္စနှင့် ပတ်သတ်၍ ပေါက်တောရဲစခန်းမှ စခန်းမှူး ဦးဇော်ဝင်းထွန်း ကို ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူးမှ အခုလိုပြောသည်။

“ သပြာကျွန်းက တရားခံတွေကို ကျနော်တို့ ဖမ်းဆီးအရေးယူခြင်းမရှိတာ မဟုတ်ပါဘူး။ ကျနော်တို့ စုံစမ်းနေပါတယ်။ စုံစမ်းလို့မရသေး ပါဘူး။ တရားခံတွေကို ဒေသခံတွေက သိတယ်ဆိုရင် ကျနော်တို့နဲ့ လာပြီးပူးပေါင်းပါ။ လာပြီးပူးပေါင်း မယ်၊ တရားခံတွေကို သိတယ်ဆိုရင် ကျနော်တို့ကိုလာပြီး အသိပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပြီးတော့ လူနာကိုသွားပို့တဲ့အထဲမှာ ကျနော်မပါ ဘူး။ အမှုကဆက်လက်စုံစမ်းဆဲပါဘဲ” ဟု အာရ်ကန် တိုင်းမ်စ်ကို ယခုလိုဖြေကြားသွားခဲ့သည်။

ဒီဇင်ဘာလ (၂၆)ရက်နေ့က ပေါက်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်တိုင်းရင်းသားနှစ်ဦးကို သပြာကျွန်း၌ နေထိုင်ကြသည့်ဘင်္ဂလီ များ ကအကြမ်းဖက်ရိုက်ပုတ်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အရေးယူပေးခြင်းမရှိသည်ကို ဒေသခံများက မကျေမနပ်ဖြစ်နေကြပြီး သက် ဆိုင်ရာရဲ ဌာနများမှလည်း တရားခံများကို လိုက်လံရှာဖွေနေကြောင်းနှင့် တရားခံကိုတွေ့ရှိခဲ့ပါက သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းပေး ပါဟုပြော ကြားထားသည်ကို သိရပြီး ဤတွင် ဒေသခံများနှင့် သက်ဆိုင်ရာအာဏာပိုင်များကြားတွင် လွဲလျှော်မှုများရှိနေကြောင်း သိရှိရ သည်။

No comments: