Friday, December 28, 2012

သပြာကျွန်းမှ တရားခံမဖမ်းမိသေး

မင်းသွီး

ယမန်နေ့က ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာမှ ရခိုင်နှစ်ဦး အကြမ်းဖက်ရိုက်ပုတ်ခံရမှုနှင့် ပက်သက်၍ တရားခံများကို ယခုအချိန် ထိ ဖမ်းမမိသေးကြောင်း သတင်းရရှိသည်။

ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသော ပေါက်တော ရဲစခန်းမှူး ဇော်ဝင်းထွန်းက " တရားခံကို တော့ စုံစမ်းလို့မရသေးပါဘူးဗျ။ ကျနော် တို့ စုံစမ်းနေပါတယ်။ ဒီအမှုကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၄/ ၃၂၃/ ၁၁၄ နှင့် အမှုဖွင့်ထားပါ တယ်။ ကျနော်တို့ တ ရားခံကို ဖမ်းမိဖို့အ တွက် တရားဥပဒေအညီ ဆောင်ရွက်နေပါတယ်။ " ဟု လက်ရှိအခြေအနေကို ယနေ့ ၁၀ နာရီလောက်က အာရ်ကန်တိုင်းမ်စ်က ဆက်သွယ်မေးမြန်း ခဲ့ရာ ယခုလို ဖြေသွားခဲ့သည်။

ရိုက်ပုတ်ခံရ ရခိုင်နှစ်ဦးမှာ မောင်တင်အောင်မြင့်(ဘ)ဦးစံရွှေလှ အသက်(၂၅)နှစ်နှင့် မောင်ကျော် သန်းစိုး (ဘ)မောင်ကျော်သောင်း အ သက်(၂၄)နှစ်တို့ဖြစ်ပြီး သပြာကျွန်းအနီး ငါးရှာနေစဉ် ယမန်နေ့ နံနက် ၁၀း၃၀ အချိန်ခန့်တွင် ဒုံရွာ မှ ဘင်္ဂလီကုလားများက လာရောက် တိုက်ခိုက် သောကြောင့် ဒဏ်ရာများစွာရရှိထားသည်ကိုသိရသည်။

ယခုကဲ့သို့ နယ်မြေအေးချမ်းမှုမရှိသည့်အတွက် ဒေသခံများမှာ ကျေးရွာတ၀ိုက် ယခင်ကဲ့သို့ ၀မ်းစာအတွက် ရှာဖွေစားသောက်ရန် ထိတ် လန့် နေကြကြောင်း သိရှိရပြီး ယင်းဒေသ နယ်မြေတစ်ဝိုက်မှာ ပြဿနာများနောက်ထပ်ဖြစ်မလာအောင် နစက၊ စစ်တပ်နှင့် ရဲများက လုံ ခြုံ ရေး ကို တာဝန်ယူ ဆောင်ရွက်နေကြောင်း ပေါက်တော ရဲစခန်းမှူးက ပြောသည်။




No comments: