Thursday, December 27, 2012

အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ ဦးသိန်းစိန် အဓိက မှာကြား

ABC

မြန်မာနိုင်ငံသမ္မတ ​ဦးသိန်းစိန်က ​ပြည်သူတွေရဲ့ ​ထင်မြင်ယူဆချက်တွေအပေါ် ​လေးစားဖို့ ​စီမံအုပ်ချုပ်ရေးပိုင်းမှာ ​နိမ့်ကျနေသေးတဲ့အ တွက် ​ပြုပြင်ပြောင်းလဲရေးတွေ ​ဆက်လက်လုပ်ကိုင်ဖို့နဲ့ ​အဂတိလိုက်စားမှုတွေကို ​တိုက်ဖျက်ဖို့ ​ဝန်ကြီးအဖွဲ့နဲ့ ​အစိုးရအရာရှိတွေကို ​မှာ ကြားလိုက် ပါတယ်။

မနေ့က ​နေပြည်တော်မှာ ​ပြုလုပ်တဲ့ ​အစည်းအဝေးမှာ ​သမ္မတ ​ဦးသိန်းစိန် ​ပြောသွားခဲ့တာဖြစ်ပြီး ​ပြည်သူနဲ့ ​အာဏာပိုင်တချို့အကြား ဆက် ဆံ ရေးတွေ ​တိုးတက်မှုမရှိတဲ့အကြောင်း ​တချို့အာဏာပိုင်တွေက ​အရင်စစ်အစိုးရလက်ထက် က လိုပဲ ​တာဝန်ယူမှုမရှိသလို ​ပြည် သူတွေရဲ့ထင် မြင်ယူဆချက်တွေကို ​လစ်လျူရှုတဲ့အကြောင်း၊ ​လုပ်ငန်းကိုလည်း ​ပွင့်လင်းမြင်သာမှုရှိ အောင်မလုပ်သလို ​အဂတိလိုက်စား မှုကို ​ဦးတည်နိုင် တဲ့လုပ်ငန်းစဉ်တွေကိုလည်း ​အရေးမယူကြဘူးလို့ ​ဝေဖန်ပြောဆိုလိုက်ပါတယ်။

တိကျခိုင်မာတဲ့ ​စီမံမှုတွေရှိမှသာ ​ပြုပြင်ပြောင်းလဲရေးတွေ ​ဖြစ်လာနိုင်မယ်လို့လည်း ​ပြောပါတယ်။

အစိုးရပိုင် ​ရုပ်မြင်သံကြားမှာ ​တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ​မိနစ် ​၂၀ ​ကြာ ​မိန့်ခွန်းအတွင်း ​သမ္မတက ​လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အဂတိလိုက်စား မှုကို ​တိုက်ဖျက်ပြီး ​သန့်ရှင်းတဲ့အုပ်ချုပ်ရေးစနစ်ကို ​တည်ထောင်ဖို့တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာအုပ်ချုပ်ရေးစနစ်နဲ့ ​ယှဉ်ထိုးကြည့်မယ်ဆိုရင် ​မြန်မာနိုင်ငံက ​နိမ့်ကျနေသေးတယ်လို့ ​ပြောပါတယ်။

ဒီလိုအခြေအနေကြောင့် ​ရပ်ကွက်တွင်း၊ ​ရွာတွင်းမှာရှိတဲ့ ​အစိုးရဝန်ထမ်းတွေဟာ ​စိတ်ဓာတ်တွေပြုပြင်ပြီး ​ပြည်သူ့ဝန်ထမ်းတွေဖြစ်ရမယ့် အ ကြောင်းလည်း ​ပြောသွားခဲ့ပါတယ်။

No comments: