Tuesday, December 25, 2012

မြောက်ဦးတွင် ရခိုင် ၃ ဦး တိုက်ခိုက်ခံရ၍ ဆေးရုံတင်ရ

ထွန်းထွန်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဇေယျဝတီရွာမှ ရခိုင် ၃ ဦးမှာ လယ်ကွင်း၌ စပါးရိတ်နေစဉ် ရုတ်တရက် ဆူပူ အကြမ်းဖက်လိုသူ မွတ် ဆ လင် လူအုပ်စု တစ်စုက ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး မြောက်ဦးဆေးရုံသို့ တင်လိုက်ရကြောင်း သတင်း ရရှိ သည်။

ဒဏ်ရာရသွားသူ သုံးဦးမှာ ဦးစိန်လှ (၅၆) နှစ်၊ ဦးသာထွန်းစိန် (၅၄) နှစ်နှင့် ကိုစိန်လှကျော် (၁၉) နှစ်တို့ ဖြစ်ကြသည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက ယခုလို ပြောပြသည်။

“ မနေ့က ဒီဇင်္ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီမှာ ဦးစိန်လှ၊ ဦးသာထွန်းစိန်၊ ကိုစိန်လှကျော်နဲ့ နောက် တစ်ဦးက ဇေယျဝတီ ရွာနားကဒါး ပိုင်ကွင်းမှာ စပါးရိတ်ပြီးလို့ ထမင်းစားဖို့ လုပ်နေစဉ်မှာ ပေါင်းတုတ် ပလောင်တော ကုလား ရွာက ရွာသား ၂၀ ခန့်က သံတုတ်တွေ၊ သံတူး ရွင်းတွေ၊ လေးဂွတွေနဲ့ လာတိုက်ခိုက်ပါတယ်။ ဦးစိန်လှက ကာခံတဲ့ အတွက် ညာဘက် လက် သုံးနေရာက ကျိုးသွားပါတယ်။ ဦးသာထွန်း စိန်မှာလည်း မျက်လုံးနဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ဒဏ်ရာ ရပါတယ်။ ကိုစိန်လှကျော် မှာလည်း ဒဏ်ရာ ရပါတယ်။ အဲသလို ဖြစ်နေစဉ်မှာ နောက်ထပ် ကုလားရွာက လူ ၈၀ ခန့် ထပ်လိုက်လာပြီးတော့ ရခိုင်တွေကို တိုက် ခိုက် နေတဲ့ လူ ၂၀ ကို ရွာကို ပြန်ခေါ်သွားပါတယ်” ဟု ဆိုသည်။

အခင်း ဖြစ်ပွားပြီးနောက် ဒဏ်ရာ ပြင်းထန်သဖြင့် သူတို့ (၃) ဦးစလုံးကို မြောက်ဦးမြို့နယ် ဆေးရုံသို့ ယူဆောင်လာခဲ့ရသည်ဟု သိရ သည်။ ထိုအထဲမှ ဦးစိန်လှမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့ ဒီဇင်္ဘာလ ၂၄ ရက်နေ့တွင် စစ်တွေ ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

“ ပေါင်းတုတ်မှာ စစ်သားနဲ့ ရဲ အင်အား (၁၀) ခန့်ရှိပါတယ်။ ဒီကြားထဲမှာ ရခိုင်တွေ တိုက်ခိုက်ခံရ တယ် ဆိုတာကတော့ လုံးဝ မဖြစ်သင့် တဲ့ ကိစ္စပါ” ဟု ဆိုသည်။

နိရဉ္စရာမှ စုံစမ်း မေးမြန်းချက်အရ ပေါင်းတုတ်ရွာမှ မွတ်ဆလင် (၂) ဦးကို ရဲက ဖမ်းဆီးထားပြီး တစ်ခြားလူများကို ဖမ်းဆီးခြင်း မရှိသေး ကြောင်း သိရသည်။

မြောက်ဦး ရဲတပ်ဖွဲ့သည် ဒေသအတွင်း ငွေစားမူ အကြီးအကျယ် ပေါ်ပေါက်နေပြီးနယ်ကျေးရွာများမှရခိုင်အမျိုးသားအများအပြားကို အောက် တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော အရေးအခင်းတွင် ပါဝင်သည်ဟု စွပ်စွဲကာ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီး လူတစ်ဦးလျှင် ကျပ်ငါး သောင်း မှ တစ်သိန်းထိ တောင်းစားနေသည်ဟု ရဟန်းတော်များ အပါအ၀င် ဒေသခံ ပြည်သူ အများအပြားက နိရဉ္စရာသို့ ပြော ကြားသည်။

ယခု ဇေယျဝတီ ရွာသားများတိုက်ခိုက်ခံရမူတွင်လည်း သိန်းချီပြီး ငွေတောင်းစားကာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်သူ မွတ်ဆလင် ကျေးရွာ သား များကို အရေးမယူဘဲ ထားနိုင်ကြောင်း ဒေသခံ ပြည်သူများက ယုံကြည်နေကြသည်။

No comments: