Friday, December 28, 2012

အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို

ဖနိဒါ | သောကြာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၂

သောကြာနေ့နံနက် အစိုးရတပ်က ထိုးစစ်ဆင်မှုတွင် တိုက်လေယာဉ်များပင် အသုံးပြုတိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ တိုက်လေ ယဉ်နဲ့ ပစ်တယ်။ ခါတိုင်းတော့ စစ်ရဟတ် ယဉ်ပေါ့။ ဒီတခေါက်က တိုက်လေယာဉ်ပါတယ်။ သူတို့ ပျံသန်းမှုကတော့ တရုတ်ပြည်ဘက် ဝင်ပြီး တော့ လှည့်ပတ်ပျံလာပြီး ပစ်ခတ်တာမျိုး တွေ့ မြင်ရတယ်” ဟု ဦးလနန်က တယ်လီဖုန်းမှတစ်ဆင့် မဇ္စျိမကို ပြောသည်။

KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင်ကွာဝေးသော ကချင်ရှေ့တန်းစခန်းကြီး တစ်ခုဖြစ်သော လဂျားယန်တွင် တိုက်ခိုက်နေမှုကို အမြင့် ဘက် ကျသော လိုင်ဇာမြို့မှ မြင်တွေ့နေရသလို အသံများလည်း ကြားနေရသည်ဟု ဦးလနန်က ပြောသည်။

KIO ၏ မဟာမိတ်တပ်တစ်ခုဖြစ်သော ကျောင်းသားတပ်မတော် (မြောက်ပိုင်း) တာဝန်ခံ ဦးလဆိုင်းကလည်း “တိုက်ပွဲပြင်းနေတယ်။ လဂျား ယန်မှာ ဦးသိန်းစိန်အစိုးရက စစ်တိုက်လေယာဉ်တွေနော်၊ ဂျက်လေယဉ်နဲ့ တိုက်တာ ၉ နာရီကနေ ခုထိဘဲ။ ခုတော့ လေယာဉ်ပျံ တော့ ဆုတ် သွားပြီ။ ရဟတ်ယဉ်က ပြန်လာတယ်။ ခု ခန်းကိုင်တောင်ကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်”ဟု မဇ္စျိမကို ပြောသည်။

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကချင်တပ်နှင့် ကျောင်းသားတပ်အတွင်း အကျအဆုံးနှင့်ပတ်သက်၍ မသိရှိရသေးကြောင်း နှစ်ဖွဲ့လုံး က ပြောသည်။

တချိန်ထဲတွင်ပင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ စစ်အင်အားများ တိုးမြင့်လာသဖြင့် ကျေးရွာဒေသ ခံများ ၅၀၀ ဦးခန့် ကွတ်ခိုင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိလာနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

No comments: