Thursday, December 27, 2012

အဲပုံဂံလေယာဉ်အကြောင်း သြစတြေးလျမီဒီယာမှာ ခေတ်စား

ABC

မြန်မာ ​နိုင်ငံ ​ရှမ်းပြည်နယ် ​ဟဲဟိုးလေဆိပ်မှာ ​ဆင်းသက်ရာက ​ပျက်စီးလောင်ကျွမ်းသွားတဲ့ ​လေယာဉ်ခရီးသည်တွေထဲက အသက်ဘေး ကင်း လွတ်ခဲ့သူတွေထဲက ​ခရီးသည် ​၅ ​ယောက်ဟာ ​သြစတြေးလျ ​နိုင်ငံသားတွေ ​ဖြစ်တဲ့အတွက် ​သြစတြေးလျ ​သတင်းမီဒီယာတွေမှာ ​အဲဒီ လေ ယာဉ်ပျက်စီးတဲ့သတင်းက ​ထိပ်ဆုံးသတင်းဖြစ်ခဲ့ပြီး ​- ​သတင်းစာမျက်နှာဖုံးတွေမှာ ​အဲပုဂံလေယာဉ်ပျက်စီးလောက်ကျွမ်းတဲ့ ​ပုံ တွေ ဖေါ်ပြ ထားတာတွေကို ​မြင်ရပါတယ်။

ခရီးသည် ​Anna ​Bartsh ​က ​လေယာဉ်ဟာ ​ပုံမှန်ပဲ ​ဆင်းသက်ခဲ့တယ်လို့ ​ယူဆခဲ့တဲ့အကြောင်း၊ ​ဆင်းပြီး ​နောက်ပိုင်းမှာ ​လေယာဉ်က ​ဒယိမ်း ဒယိုင် ​တအား ​ခုန်ခဲ့ပြီး ​ရပ်တန့်သွားတဲ့အခါမှာ ​စိတ်အေးရမယ်လို့ ​ထင်မှတ်နေတုန်း ​မီးတွေ ​လောင်ပြီး၊ ​မီးခိုးတွေ ​လေယဉ်ထဲ ​ပိတ်လာတဲ့အ ကြောင်းတွေ ​ကို ​ပြောပြပါတယ်။

အဲဒီ ​အချိန်မှာ ​သူတို့အနေနဲ့ ​လေယာဉ်ပေါ်ကနေ ​အသက်ရှင် ​ပြီး ​ထွက် ​နိုင်တော့မှာ ​မဟုတ် ​တော့ ​ဘူးလို့ ​ထင်တဲ့အကြောင်းပြန်ပြော ပြခဲ့ပါ တယ်။

မီးလောင်နေတဲ့လေယာဉ်တွင်းက ​နေ ​ပထမတော့ ​တခါးကို ​ဖွင့်လို့မရတဲ့အကြောင်း၊ခရီးသည်တွေကလဲအလုအယက်ထွက်​ကြပြီးတဲ့ ​နောက် မှာ ​မျက်နှာမှာ ​သွေး ​တွေ ​စီးကျနေတဲ့ ​လေယာဉ်မှူး ​၂ဦးကို ​တွေ့ ​ခဲ့ရတဲ့ ​အကြောင်းတွေကို ​ပြောပြသွားပါတယ်။

လေယာဉ် ​ဆင်းသက်ရာ ​က ​ကမ္ဘာလှည့် ​ခရီးသည်လမ်းပြတဦး၊ ​ အသက် ​(၁၁)နှစ်အရွယ် ​ကလေး တဦး ​နဲ့ ​မြေပြင် ​ကားလမ်းမပေါ်မှာ ​မော် တော် ​ဆိုင်ကယ်မောင်းနှင်လာသူ ​တဦး ​လေ ​ယာဉ်ပျက်ကနေ ​လွင့်စင်တာတွေ ​နဲ့ ​ထိခိုက် ​ဒါဏ် ရာက ​သေဆုံးသွားကြပြီး၊ ​နိုင်ငံခြား သားသေ ဆုံးမှုမရှိဘဲ၊ ​ထိခိုက်ဒါဏ်ရာတွေ ​တော့ ​ရှိခဲ့တယ်လို့ ​သိရပါတယ်။

No comments: