Wednesday, December 19, 2012

နန်းခင်ဇေယျာနဲ့ ညှို့ပြဿနာ၊ အိန်အိန်းရဲ့ လျှို့ဝှက်ချက်နဲ့ “ပထမ” ဆိုတဲ့ ဇာဂနာ

မစပ်စု

နန်းခင်ဇေယျာနဲ့ “ညှို့”

Miss Internet ဆုရ နန်းခင်ဇေယျာရဲ့ ဓာတ်ပုံကို ကာယကံရှင်မသိရဘဲ ညှို့မဂ္ဂဇင်းက အသုံးပြုလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကာယကံ ရှင် နန်းခင်ဇေယျာရဲ့ ရှေ့နေက တယောက်နဲ့တယောက် တိုင်ပင် ညှိနှိုင်းမှုတွေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“နန်းခင်ဇေယျာနဲ့ စာနယ်ဇင်းတွေကြားမှာ ကျနော်တို့က ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ရှိကြပါတယ်။ နောက်တချက်က ဗမာစကားပုံပါပဲ။ ဘုတ် ကို ကျီးရိုသေ၊ ကျီးကို ဘုတ်ရိုသေ၊ တယောက်နဲ့တယောက် အပြန်အလှန် လေးစားမှုရှိဖို့ လို အပ်တယ်လို့ မြင်ပါတယ်။အားလုံးတိုင်တိုင်ပင် ပင် ညှိညှိနှိုင်းနှိုင်းနဲ့ပဲ ပြဿနာတခုကို ဖြေရှင်းတဲ့ လမ်းကြောင်းကို ကျနော်တို့ ရွေးမှာပါ။ အမှုအခင်း ဆိုတာတော့ ဖြစ်ဖို့ရာခိုင်နှုန်း နည်းပါ တယ်။ ဒါပေမယ့် ညှို့မဂ္ဂဇင်းရဲ့ တုန့်ပြန်မှုအပေါ်မှာ အားလုံး မူတည်ပါတယ်။ အမှုအ ခင်း ဖြစ်ဖို့ရာလည်း မရည်ရွယ်ပါဘူး။ တယောက်နဲ့တ ယောက် လေးစားမှုရှိကြပြီးတော့ သူတို့ရဲ့ လစ်ဟာမှုအပေါ်မှာ တာဝန်ယူသွားမယ် ဆို ရင်တော့ ကျနော်တို့က ကျေနပ် ပီတိဖြစ်မှာပါ” လို့ ရှေ့နေ ဦးမင်းတေဇက ဧရာဝတီကို ပြောပါတယ်။

လတ်တလောမှာ ဘာမှ မလှုပ်ရှားရသေးဘဲ တယောက်နဲ့ တယောက် အချိတ်အဆက် မိဖို့အတွက် အကြောင်းကြားမှာ ဖြစ်ကြောင်း၊ ညှို့မဂ္ဂ ဇင်းရဲ့ တုန့်ပြန်မှုရလဒ်ကောင်းကို မျှော်လင့်ကြောင်းနဲ့ ဒီတုန့်ပြန်မှုကို အခြေတည်ပြီးမှ ရှေ့ ဘာဆက်လုပ်မယ် ဆိုတာနဲ့ သူတို့ အသိ ပေးအ ကြောင်းကြားမှုအပေါ်မှာ ညှို့မဂ္ဂဇင်းရဲ့ တုန့်ပြန်မှုက အရေးကြီးတယ် ဆိုတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ Miss International ပြိုင်ပွဲမှာ Miss Internet ဆုကို ရရှိခဲ့တဲ့ နန်းခင်ဇေယျာရဲ့ ဓာတ်ပုံကို အိုအေစစ်ဂျာနယ်အတွက် ဓာတ်ပုံဆ ရာ ကို အောင် (Flash Memo) က ရိုက်ကူးပေးထားတာဖြစ်ပြီး ဒီပုံကို ညှို့မဂ္ဂဇင်းက သုံးထားရုံတင်မကဘဲ တခြားသူ ဂျပန်မှာ ပြိုင်ပွဲဝင် နေစဉ် ရိုက် ကူး ထားတဲ့ ပုံတွေကိုလည်း ညှို့မဂ္ဂဇင်းက ယူသုံးထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလကုန်ပိုင်းက လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိလာတဲ့ ညှို့မဂ္ဂဇင်းရဲ့ ဆောင်းပါးကဏ္ဍမှာ ဆောင်းပါရှင် ဇော်မင်းဝင်း (ဥပဒေ) က “ရိုက်ထောင့်နဲ့ ရိုက်ချက်၊ မြင်ထောင့်နဲ့ မြင်ချက်” ဆိုတဲ့ ခေါင်းစဉ် နဲ့ ရေးသားထားပြီး နန်းခင်ဇေယျာရဲ့ ဓာတ်ပုံတချို့ကို အသုံးပြု ထား တာပါ။

“ဆောင်းပါးလေးက မိန်းကလေးတွေဟာ သင်္ကြန်မှာ မတော်မရော် ဆိုးဆိုးဝါးဝါး ကိုယ့်အလှကို ဖော်ကျူးကြမယ့်အစားနန်းခင်ဇေယျာလိုမြန် မာ့အလှကို ကမ္ဘာက သိအောင် ဖော်ကျူးကြပါဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ရေးထားတာပါ။ နန်းခင်ဇေယျာ အကြောင်း ရေးထားတဲ့ဆောင်း ပါး ဆိုတော့ ကျနော်လည်း နန်းခင်ဇေယျာပုံလေးနဲ့ သုံးလိုက်တာပါ။ အိုအေစစ်ဂျာနယ်ကို ခွင့်တောင်းပြီးတော့ ကိုအောင် (Flash Memo) ဆီက ယူပြီး သုံးလိုက်တာ။ သုံးတဲ့အချိန်မှာ သူ့ကိုခွင့်တောင်းဖို့အတွက်ဆက်သွယ် တော့ တောင်ကြီးရောက်နေတာနဲ့ ကျနော်ဘယ်လိုမှဆက်သွယ် လို့မရလိုက်ဘူး။ မည်သို့ပင်ဖြစ်စေ ကျနော် သူ့ကို တောင်းပန်ရမှာပဲ။ သူပြော တာ အမှန်ပဲလေ။ ကျနော်နဲ့က တိုက်ရိုက် မပြောရ သေး ဘူး။ အိုအေစစ်က တဆင့် ပြန်ကြားထားတာ။ ကျနော်ကတော့ တိုက်ရိုက် သူ့ဆီ ဖုန်းဆက်မှာပါ” လို့ ညှို့မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ကိုဦးဆွေက ဧ ရာဝတီကို ပြောပါတယ်။

မဂ္ဂဇင်းလောကထဲကို စ၀င်လာကတည်းက လူအများ စိတ်ဝင်စားမှု၊ ဝေဖန်မှုပေါင်းစုံနဲ့ ရှိခဲ့တဲ့ ဒီ ညှို့မဂ္ဂဇင်းဟာ ထွက်ရှိပြီး မကြာခင်မှာ ဘဲ “အများပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသားဖော်ပြမှုများ၊ ညစ်ညမ်းမှု များနဲ့ ပတ်သက်၍ မည်သည့်သတင်း၊ ဓာတ်ပုံ ဆောင်းပါးမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ” ဆိုတဲ့ ကျင့်ဝတ်နဲ့ ကိုက်ညီမှု မရှိလို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ညွန်ကြားမှုနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကနေ ခေါ်ယူ အသိပေးခြင်း ခံခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံမှာ လိင်ပညာပေးဆိုပြီး ပထမဆုံး ထုတ်ဝေခဲ့တဲ့ ဒီ ညှို့မဂ္ဂဇင်းဟာ အတွဲ (၁)၊ အမှတ် (၁) ကစလို့ မဂ္ဂဇင်း ဈေးကွက်မှာ တော် တော်လေး နာမည်ရ၊ ရောင်းအားကောင်းတဲ့ အခြေအနေ ရှိခဲ့တာပါ။

နန်းခင်ဇေယျာက သူ့ရဲ့ ဓာတ်ပုံကို လိင်ပညာပေး မဂ္ဂဇင်း ဖြစ်တဲ့ ညှို့မဂ္ဂဇင်းမှာ အသိပေးခြင်းမရှိဘဲနဲ့ သုံးစွဲမှုအပေါ် အံ့သြ ၀မ်းနည်းမိ တယ် လို့ သူ့ facebook စာမျက်နှာထက်မှာ ရေးသားထားပါတယ်။

“ယခု ထွက်ရှိလာသော ညှို့မဂ္ဂဇင်းသည် မြန်မာပရိသတ်တချို့၏ အမြင်တွင် သာမန်ထက် ပိုမိုထူး ခြားနေခြင်း၊ ပထမဆုံးအကြိမ် ဖြန့်ချိထုတ်ဝေသော စာအုပ်အမျိုးအစား ဖြစ်နေခြင်းနှင့် လက်ရှိထုတ်ဝေ ဖြန့်ချိလျှက်ရှိသော တခြားပုံနှိပ် မီဒီယာများနှင့် အမျိုးအစား ကွဲပြားနေခြင်းတို့ကြောင့် အသုံးပြုမည့် ဆောင်းပါးနှင့် ဖော်ပြလိုသည့် ဓာတ်ပုံများအတွက် ကာယကံရှင် (အ နုပညာရှင်) အား ကြိုတင် အသိပေးသင့်သည်ဟု ယုံကြည် ယူဆပါသည်။ ထိုသို့ ကြိုတင်အသိပေးထားခြင်း မရှိသည့် အတွက်လည်း ညီမ၏ ပရိသတ်များနှင့် ထပ်တူ အံ့သြ၀မ်းနည်း မိပါ သည်” လို့ နန်းခင်ဇေယျာက ရေးသားထားတာပါ။

လိင်ပညာပေး ညှို့မဂ္ဂဇင်း အတွဲ (၁) အမှတ် (၂) ဟာ ၂၀၁၃ ဇန်န၀ါရီ လဆန်းပိုင်းမှာ ထပ်မံ ထွက်ရှိလာတော့မှာပါ။

အိန်အိန်းရဲ့ လျှို့ဝှက်ချက်



ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် လူကြီး လူငယ် လူလတ်တန်းမရွေး တနေ့ မကြည့်ရရင် မနေနိုင်ရောဂါ စွဲကပ်နေသလို ဖြစ်နေတဲ့ လူမှုကွန်ရက် facebook ဟာ တခြားသော နိုင်ငံခြား တိုင်းပြည်တွေမှာတော့ ခေတ်စားနေခဲ့တာ ကြာပြီဖြစ်ပေမယ့် မြန်မာပြည်သူလူထု ကြားထဲမှာ တော့ လက်ချိုးရေတွက်ရင်တောင် ရတဲ့ အချိန်လောက်ကမှ ခေတ်စားခဲ့တာပါ။

ဒီလို မကြာသေးတဲ့ ခေတ်ကာလအတွင်းမှာ အဲဒီရောဂါ ပျံ့နှံ့ လာလိုက်တာ အခုဆို မြန်မာ ပြည်ကြီးရဲ့ နှေးကွေးလှတဲ့ အင်တာနက်ကို အံတုပြီး တင်ချင်တဲ့ ပို့စ်တွေ ကိုယ်ရေးချင်တဲ့ စာသားတွေ သတင်းတွေ ဓာတ်ပုံတွေကို တနေ့တနေ့ ရှယ် (share) လိုက်ကြ၊ လိုက်ခ် (like) လိုက်ကြ၊ အမျိုးစုံသော ကွန်မန့် (comment) တွေ ရေးလိုက်ကြနဲ့ မနားရအောင်ပါပဲ။

ဒီလို ကိုယ်လုပ်ချင်တာတွေက ပြောကြ၊ ဆိုကြ၊ ရေးသားကြ၊ တချို့ ကိစ္စတွေဆို ဖြစ်ဖြစ်ချင်း ဟိုလေးတကျော်ကျော်နဲ့ အပြင်းအထန် ကန့်ကွက် ဝေဖန် ပြောဆို ချီးကျူးကြပြီး ကြာလာ တော့ လည်း အေးသွား၊ ငြိမ်သွားကြပြန်ရောပါ။

ဒါပေမယ့် အဲဒီအထဲမှာမှ မစပ်စု အကြောင်းအရာတခုကို သတိထားမိ လာခဲ့ပါတယ်။ အဲဒါက တော့ လူငယ် အဆိုတော် အိန်အိန်းရဲ့ ဓာတ်ပုံတွေ၊ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟာသနှောပြီး အပြင်းအထန် ဝေဖန် တိုက်ခိုက်လာကြတာ အတော်ကြာသည့် တိုင် မအေးနိုင် အောင်ပါ။

အဆိုတော် အိန်အိန်းဟာ ၂၀၀၈ ခုနှစ်ကစပြီး “မင်းဘာလုပ်မှာလဲ” ဆိုတဲ့ တေးစီးရီးနဲ့ အနုပညာ လောကထဲကို စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး အခုဆိုရင် တကိုယ်တော်စီးရီး ၄ ခွေ ထွက်ရှိထားသူပါ။

မစပ်စု သိရသလောက်ကတော့ မြန်မာပြည် ပရိသတ်အနေနဲ့ သူတို့ မကြိုက်နှစ်သက်တဲ့ အနုပညာရှင် တော်တော်များများကို ဝေဖန် တိုက် ခိုက် မှုဆိုတာ ရှိစမြဲပေမယ့် အခုလို လူအများသိသာ ထင်ရှားစေမယ့် facebook လို အင်တာနက် လူမှုကွန်ယက် စာမျက်နှာမျိုးမှာ နှစ်နဲ့ချီပြီး အပြင်းအထန် တိုက်ခိုက်နေခဲ့တာ မရှိသလောက်ပါပဲ။

facebook မှာ အဆိုတော် အိန်အိန်းကို “မုန်းသူများ အမြင်ကတ်သူများ” အဖွဲ့ဆိုပြီး အဖွဲ့စာမျက်နှာဖွဲ့ပြီး အဲဒီ စာမျက်နှာပေါ်မှာ အပြင်းအထန် ရေးသားနေကြတာပါ။ နောက် “အိန်အိန်းကို ချစ်သူများ”အဖွဲ့ဆိုပြီး တွေ့လိုက်ရ လေတော့ သူ့ကို ချစ်သူများအဖွဲ့လို အမြင်မှာ ထင်ရပေမယ့် အဲ ဒီစာမျက်နှာဟာလည်း သူ့ကို သရော်ထားတဲ့ စာမျက်နှာ ဖြစ်နေပြန်တာ ပါပဲ။

အခုလို ပြောဆို ဝေဖန်နေကြခြင်းက ဘာအတွက်ကြောင့်လဲ၊ ဘယ်လောက်အထိတောင် ကြာခဲ့ပြီလဲ၊ စတာတွေကို ကာယကံရှင် အဆို တော် အိန်အိန်းကို မစပ်စု တီးခေါက် ကြည့်မိပါတယ်။

“မြန်မာပြည်မှာက နှစ် ၆၀ ပညာရေး နိမ့်ကျမှုဒဏ် ခံခဲ့ရတယ်လေ။ အဲဒီအချိန်တွေမှာ မျက်စိပွင့် နားပွင့်ဆိုတဲ့ အရာတွေက ဒီမြန်မာနိုင်ငံမှာ မရှိခဲ့ဘူး။ အခုမှ ဒီမိုကရေစီရတာက ၂ နှစ်မပြည့်သေးဘူး။ အဲဒီအတွက် ဒီဘက်မှာ မျက်စိပွင့် နားပွင့်ဆိုတဲ့ အခြေအနေ နိုင်ငံတကာနဲ့ ရင် ပေါင်တန်းနိုင်မယ်ဆိုတဲ့ အခြေအနေ၊ စိတ်အဆင့်အတန်း ပညာအရည်အချင်း အများကြီး ပြုပြင်ပြောင်းလဲမှုလိုအပ်နေတဲ့ ကာလမှာ ကျနော် လုပ်တဲ့ အနုပညာက ဒီနိုင်ငံနဲ့ ၁၀၀ ရာခိုင်နှုန်း မအပ်စပ်ဘူးဖြစ်နေတယ်။ ကျနော်လုပ် တာ နည်းနည်းလေးလွန်နေတယ်ပေါ့နော်။ အဲဒီအ တွက်ကြောင့် ကျနော်မှ ကျနော်ဆိုပြီး အားပေးနေတာက တခြမ်း၊ ကျနော်လုပ်သမျှကို မကြိုက်ဘူး၊ လက်မခံဘူးဆိုပြီး ယဉ်ကျေးမှုဘက် အ ခြမ်းကနေ ကြည့်ပြီးတော့ ကန့်ကွက်တာက တခြမ်း အဲဒီလိုဖြစ်သွားတယ်” လို့ အဆိုတော် အိန်အိန်းက ဧရာဝတီကိုပြောပါတယ်။

နောက်ဆုံး သူရဲ့ ကိုယ်ရေးကိုယ်တာကိုပါ ဆိုးဆိုးဝါးဝါး တိုက်ခိုက်ခံခဲ့ရလို့ facebook ကို အတော်လေး စိတ်ပျက် ခဲ့ရဖူးတယ် လို့လည်း သူ က ဆိုပါတယ်။

“ကျနော့ ဖေ့ဘုတ် အကောင့်ကို မသမာသူ အဖွဲ့တဖွဲ့က ခိုးသွားတယ်။ ဟတ်သွားတယ်။ ကျနော့ရဲ့ ညီမအရင်းဖြစ်တဲ့ ဖေ့ဘုတ်အကောင်ကို လည်း ဟတ်သွားတယ်။ အဲ့ဒီအကောင့်နှစ်ခုလုံးကို married ပြန်လုပ်ပြီးတော့ ကျနော့ ညီမအ ရင်းက ကျနော်နဲ့ ကိုယ်ဝန် သုံးလ ရှိတယ်ဆို ပြီး မဟုတ်မဟတ် သတင်း တပုဒ်ထွက်လာခဲ့တယ်။ ဖေ့ဘုတ်မှာ personal ပိုင်းကို အကြီး အကျယ်တိုက်ခိုက်တာပေါ့နော်။ အနုပညာတင် ဝေဖန်တာမဟုတ်တော့ဘူး။ ဘယ်သူလုပ်မှန်းလည်း မသိဘူး။ အဲဒီတချက် ပေါ်မူတည် ပြီးတော့ facebook ကို တော်တော်လေး စိတ်ကုန်ခဲ့ ဖူး တယ်” လို့ သူက ပြောပါတယ်။

သူ့ကို တိုက်ခိုက်ဝေဖန်ခြင်းဟာ အခုမှ စတင်ခဲ့တာ မဟုတ်ဘဲ သူရဲ့ ပထမဆုံး တကိုယ်တော်စီးရီး စတင် ထွက်ရှိခဲ့ ကတည်းက ဖြစ်ပြီး သူ့ကို အပြင်းအထန် ဝေဖန်မှုကတော့ “အိန်အိန်းရဲ့ လျှို့ဝှက်ချက်” ဆိုတဲ့ တေးစီးရီး ထဲက MTV တပုဒ်ဖြစ်တဲ့ “မင်းနဲ့ချစ်တာ” တေးသီချင်းက စခဲ့ တာပါ။

“၂၀၁၂ မှာ အိန်အိန်းရဲ့ လျှို့ဝှက်ချက် အခွေ ဆင်ဆာမရခဲ့ဘူး။ အဲဒီ MTV မှာ Sexy Art ဆိုတဲ့ ညှို့ဓာတ်ပြင်းတဲ့ အနုပညာတရပ်ကို ဖော် ထုတ်လိုက်တယ်။ အဲဒါဟာ ကျနော့အတွက် လူ သတိထားမိစရာ ကြီးမားတဲ့ လုပ်ရပ်တခု ဖြစ် သွားခဲ့တယ်။ အဲဒီအခွေရဲ့ ဗီစီဒီက ဆင်ဆာ အဖွဲ့ရဲ့ ငြင်းပယ်ခြင်း ခံရတယ်။ ဒါနဲ့ ဗီစီဒီ မထွက်ဘဲနဲ့ Audio စီဒီအဖြစ်ပဲ တရားဝင် ထွက် ခဲ့ရတယ်။ ဒါပေမယ့် ကျနော်ကရိုက်ပြီးသားဗီစီ ဒီဖြစ်နေတဲ့ အတွက် youtube မှာ တင်လိုက်တယ်။ ဒီဝက်ဘ်ဆိုက်ဟာလည်း နိုင်ငံခြား အခြေစိုက် ၀က်ဘ်ဆိုက် တခု ဖြစ်တယ်။ ဒီဝက်ဘ် ဆိုက်မှာ တင်တာမှန်သမျှ Sexy တာထက် ပိုပြီး ကျုးလွန်နေရင် အသက် ၁၆ နှစ်၊ ၁၈ နှစ် တွေ မကြည့်သင့်တဲ့ ဥပဒေနဲ့ ငြိတာမှန်သမျှကို ပို့တဲ့ လိင်အသားပေး ဗီဒီယိုကဏ္ဍထဲကို ထည့်လိုက်တယ်။ အခု ကျနော်တင်လိုက်တဲ့ MTV မှန်သမျှ လက်ရှိ အဲဒီကဏ္ဍထဲကို မရောက်သေး ပါဘူး။ အခု မြန်မာပြည်မှာ ပြောနေကြတဲ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး ဆိုတာဟာ ဒါနဲ့ သက်သေပြလို့ ရပါတယ်” လို့ အိန်အိန်းက ပြောပါ တယ်။

အခုလို ဝေဖန်နေကြတဲ့အပေါ် သူ့အနေနဲ့ ဘယ်လိုမှ မမြင်ဘဲ သူလုပ်ချင်တဲ့ လမ်းကြောင်းမှာပဲ ဆက်လျှောက်သွားမယ် လို့လည်း အိန် အိန်း က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဝေဖန်ရေးနဲ့ လေကန်ရေး facebook ယဉ်ကျေးမှုဟာ အတော်လေး အားကောင်းလာခဲ့တာတော့ အမှန်ပါ။ လွတ်လပ်စွာ ပြော ဆို ဝေဖန်ချင်ရင်တော့ facebook ကိုသာ သွားလိုက်ပါလို့ ကြေညာရမလို ဖြစ်နေပါပြီ။ နိုင်ငံတော် အကြီးအကဲ သမ္မတကနေ စပြီး အမှုထမ်း အရာ ထမ်း၊ နိုင်ငံရေးသမား၊ အနုပညာရှင် စတဲ့ ကျော်ကြားသူတွေကို မဟုတ်တာရော၊ ဟုတ်တာပါ လွတ်လွတ်လပ်လပ် ပြောဆို ဝေဖန် ပြစ်တင်နိုင်တဲ့ အခွင့်အရေးတရပ်ကို facebook ပေါ်မှာ ရနေပါပြီလို့ မစပ်စုက ထပ်ဆင့် ကြေညာ မောင်းခတ်ချင်ပါတယ်။

“မင်းနဲ့ချစ်တာ” သီချင်းကို http://www.youtube.com/watch?v=2cm1gmahMis မှာ တွေ့နိုင်ပါတယ်။

ဇာဂနာရဲ့ “ပထမ”

မကြာသေးခင်ကမှ စတင် ဖြန့်ချိခဲ့တဲ့ လူရွှင်တော် ကိုဇာဂနာရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို “ပထမ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသား ထုတ်ဝေလိုက်တဲ့ စာအုပ်ဟာ တပတ်အတွင်း အုပ်ရေပေါင်း ၅၀၀၀ ကျော် ရောင်းရတယ်လို့ သိရပါတယ်။

ဒီစာအုပ်ကို ဒီဇင်ဘာလ ၇ ရက်နေ့ကစလို့ Home (House of media and entertainment) က ထုတ်လုပ် ဖြန့်ချိခဲ့တာပါ။

“ပထမ အုပ် ၆၀၀၀ ရိုက်ထားတာ အခု အုပ် ၅၀၀၀ ကျော် ပြတ်သွားပြီ။ နယ်တွေက ထပ်မှာထား တာ ရှိတယ်။ အဲဒါကြောင့် နောက်ထပ် အုပ် ၅၀၀၀ ထပ်ရိုက်နေတယ်။ တခြားနယ်တွေတောင် မစုံသေးဘူး။ ရန်ကုန်ရယ်၊ မန္တလေးရယ် ကိုပဲ အဓိက ပို့နိုင်သေးတယ်။ ကျန်တာတွေ မပို့ရသေးဘူး။ ကျမတို့က မြန်မာ တနိုင်ငံလုံး အကုန် ဖြန့်ဖို့ လုပ်နေတာ။ ဒါပေမယ့် နယ် တွေဆီကို မရောက်နိုင်ဘူး။ မြို့ကြီးတွေမှာတင် ပြတ် ပြတ်သွားတာ” လို့ Home က မန်နေဂျာ မမီးသီးက ဧရာဝတီကိုပြော ပါ တယ်။

ဒီ စာအုပ်ဟာ ၈၈ အရေးတော်ပုံကြီးက စလို့ ထောင်အကြိမ်ကြိမ် ချခံခဲ့ရတဲ့ လူရွှင်တော် ဇာဂနာက သူ့ရဲ့ ထောင်တွင်း ပထမဆုံး အတွေ့အ ကြုံတွေကို “ပထမ” ဆိုတဲ့ အမည်နဲ့ စတင် ထုတ်ဝေလာခဲ့တာပါ။

မစပ်စု သိရသလောက် လက်ရှိ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ သူတို့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ၀တ္ထုစာပေ၊ စာအုပ်စာပေအဖြစ် ပြန်လည် မျှဝေလာခဲ့သလို ဒီစာပေတွေဟာ ပြည်သူအကြားမှာ အ လွန် ရေ ပန်းစား ၀ယ်ယူ ဖတ်ရှုသူ များနေတာပါ။

တလောက ဖြန့်ချိလာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့် မှန်” ဆိုတဲ့ လုံးချင်း ၀တ္ထု ဟာလည်း မြန် မာပြည် စာပေလောကမှာ အုပ်ရေပေါင်း ၃ သောင်းနီးပါး စံချိန်တင် ရောင်းချနိုင်ခဲ့ တာပါ။

“မြန်မာပြည် ၀တ္ထုစာအုပ် လောကမှာတော့ ရောင်းအားအကောင်းဆုံး စံချိန်တင်သွားတာပါ။ အုပ် ပေါင်း ၃ သောင်းနီးပါး ရောင်းရပါတယ်။ ဘာကြောင့်လဲဆိုရင် လုံးချင်း ၀တ္ထုတွေဟာ ရောင်းအားက အုပ် ၁၀၀၀၊ ၁၅၀၀ ထက် မပိုပါ ဘူး။”

နိုင်ငံရေးသမား ဆိုတာထက် အထူးသဖြင့် ၈၈ အုပ်စုပေါ့လေ။ ကျောင်းသားခေါင်းဆောင် အုပ်စုတွေရဲ့ စာအုပ်တွေက အရောင်း အသွက် ဆုံး လို့ ပြောလို့ရတာပေါ့လေ။ ကျန်တဲ့ နာမည်ကြီး စာရေးဆရာတွေ တော့ရှိတယ်။ ဒါပေမယ့် သူတို့တွေက ၁၀၀၀၊ ၁၅၀၀ အများဆုံး ၃၀၀၀ ပေါ့ဗျာ။ အဲဒီလောက်ပါပဲ” လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” စာအုပ်ကို ဖြန့်ချိခဲ့တဲ့ အရှေ့ကြယ် စာပေတိုက်က တာဝန်ရှိသူ တဦးက ဆိုပါတယ်။

ဒီစာအုပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်က စတင် ဖြန့်ချိခဲ့တာဖြစ်ပြီး ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူ၊ အမေရိကား၊ လန်ဒန် စ တဲ့ မြို့တွေကို အုပ်ရေ ၄၀၀ ကျော် ၅၀၀ နီးပါလောက် ဖြန့်ချိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီ “နောက်ကြည့်မှန်” ၀တ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းဖို့ကိုလည်း ရုပ်ရှင် လောကသားတွေ ကြိုးပမ်းနေကြပါသေးတယ်။

ထိုနည်းလည်းကောင်းပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုကိုကြီးရဲ့ ပြောချင်လို့ ပြောခဲ့တာတွေ အင်တာဗျူးများ (၁) စာ အုပ်ဆိုရင် အုပ်ပါင်း ၇ ထောင်နီးပါး၊ ကိုမြအေးရဲ့ “မိုးကောင်းကင်၌ တိမ်တိုက်များ” လုံးချင်း ၀တ္ထု ဟာလည်း အုပ်ရေ ၈ ထောင်နီးပါး ရောင်း ချခဲ့ရတာပါ။ ဒါ့အပြင် ကိုဂျင်မီရဲ့ “လမင်း စန္ဒာ အင်းလေးကန်သာ” ၀တ္ထုစာအုပ်လည်း ၉ ထောင်နီးပါး ရောင်းချခဲ့ရတာပါ။

၈၈ မျိုးဆက်တွေရဲ့ ၀တ္ထုစာအုပ်တွေကို အသီးသီးသော အနုပညာရှင်တွေ၊ ထုတ်လုပ်ရေးတွေက ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးကြဖို့ဝယ် ယူ ခဲ့ကြပြန်ပါသေးတယ်။

No comments: