Sunday, December 16, 2012

ဒုတိုင်းမှူး၏ ၀င်ရောက်စွက်ဖက်မူကြောင့် အကြမ်းဖက်သူများကို ဖမ်းဆီးတရားစွဲဆို ရန် အခက်ကြုံ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း ဖမ်းဆီး ခံထားရ သူများကိုအ နောက်ပိုင်းတိုင်းဒုတိုင်း မှူးက အပြစ်မရှိဟု ဆိုကာ ထောက်ခံချက်များ ပေးပြီး လွှတ်ပေးရန် ဖိအား ပေးနေ သဖြင့် ရဲတပ်ဖွဲ့ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အ ခဲ ဖြစ်ပေါ် နေသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ မောင်တောမြို့မှ ရဲအရာရှိ တစ်ဦးက ယခုကဲ့သို့ ဒုတိုင်း မှူးက စာရေး ထောက်ခံချက်ပေးပြီး တရားခံများကို လွှတ် ခိုင်း နေသဖြင့် မောင်းတောမြို့နယ်တွင် ဖမ်းဆီးခံထားသူများ အားလုံးကို လွှတ်ပေးရမည့် အခြေအနေ ဖြစ်နေသည်ဟု ပြောသည်။

“ ကျွန်တော်တို့က အခု စိုးရိမ်လာတယ်။ နောက်ဆိုရင် ပြဿနာဟာ ရဲအ ရာရှိတွေရဲ့ ခေါင်းတွေပေါ် ပုံကျလာနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ကို ဖိအားပေးလာတာတွေများလာတယ်။ ဒါကြောင့် အမူတွေကို မစစ်ဆေး ဘဲ အားလုံးကို လွှတ်ပေးရမလို ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

မောင်တောမြို့နယ် အတွင်း ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ပါဝင်သူဟု သင်္ကာမကင်းသူ ဘင်္ဂလီ လူမျိုး ၆၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း သူက ပြောသည်။

အနောက်ပိုင်း တိုင်းမှူး၏ ထောက်ခံချက်ထဲတွင် မည်သူသည် အပြစ်မရှိကြောင်း၊ မည်သူကအရေးအခင်းတွင်ဘာမှပတ်သက်မူမရှိ ကြောင်း ပြောဆိုပြီး ထောက်ခံချက်ပေးကာ လွှတ်ပေးရန် ရဲအဖွဲ့အား ဖိအားပေး တောင်းဆိုနေသည်ဟု ဆိုသည်။

“ ဖမ်းဆီးခံထားရတဲ့ မိသားစု ဆွေမျိုးတွေက စစ်တပ်ကို ချဉ်းကပ်တော့ သူတို့က အခုလို ထောက်ခံ ချက် ပေးပြီး လွှတ်ခိုင်းနေတာ။ နောက် ကွယ်က ဘယ်အကြောင်းအရာတွေ ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဆိုသည်။

ယခုကဲ့သို့ အနောက်ပိုင်းတိုင်း ဒုတိုင်းမှူး အပေါ် စွပ်စွဲ ပြောကြားချက်နှင့် ပတ်သက်ပြီး နိရဉ္စရာက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိ ပါ။

သို့သော်လည်း ချမ်းသာသော မွတ်ဆလင် မိသားစု တချို့သည် သူတို့၏ ဆွေမျိုးတော်စပ်သူများ ဖမ်းဆီးခံနေရရာမှ လွှတ်မြောက်ရန် အ တွက် စစ်တပ် အရာရှိများကို နည်းမျိုးစုံဖြင့် ချဉ်းကပ် ကြိုးစား နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်အရ သိရသည်။

ထိုသို့ လွှတ်မြောက်ရေး အတွက် ကြိုးပမ်းနေရာတွင် ကျပ်ငွေ သိန်း ရာဂဏန်းထိ ပေးကမ်း အသုံးပြုနေသူများလည်း ရှိသည်ဟု အဆိုပါ သ တင်း ရပ်ကွက်က ပြောသည်။

No comments: