Wednesday, December 19, 2012

လုပ်အားပေးရန် အတွက် အရပ်သားများကို ကျေးရွာ အုပ်ချုပ် ရေးမှူးက ကေအိုင် အေ လက်ထဲအပ်

ကော့လီ

ကချင်ပြည် နယ် ဖားကန့်မြို့နယ်မှာ အရပ်သား ၄၀ ခန့်ကို ကျေးရွာ အုပ်ချုပ် ရေးမှူးက ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင် အေ) ထံလုပ်အား ပေးရန် လွှဲပြောင်း ပေးအပ်လိုက်တာ တစ်ပတ်ရှိသွားပြီ ဖြစ်ပေမယ့် အဆို ပါ အရပ်သားများ အခုထိ အိမ်သို့ ပြန်လည် ရောက်ရှိခြင်းမရှိသေးဘူးလို့သတင်း ရရှိပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ကုလားမှော် မှာရှိတဲ့ “ဝေ ကုမ္ပဏီ” ပိုင် ဆီဂိုဒေါင်ကို ကေ အိုင်အေက ဝင် ဖောက်တယ်။ ပြီးတော့ အရပ်သားတွေကို ကိုယ်ကြိုက်သ လောက် လာသယ်ဖို့ ကေအိုင်အေ ကခွင့်ပေးတယ်။ ဆီသွားသယ်တဲ့လူတွေမှ ကြိတ်ကြိတ်တိုးပဲ။ အဲဒီမှာ ရှရော်ခ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး နဲ့ အရန်မီးသတ်တွေက ဆီသွားသယ်တဲ့ အရပ်သားတွေကို ရိုက်နှက်ပြီး ဖမ်း တယ်။ ကလေး၊ လူကြီး လေးဆယ်လောက်ကို မိသွားတယ်။ ဦးမောင်ကြီး က အဲဒီလူတွေကို ကေအိုင်အေ လက်ထဲ လွှဲပေးလိုက်တာ – လို့ ဖားကန့်က ကျောက်ကုန်သည် တစ်ဦးက ကော့လီကို ပြောပါတယ်။

ရှရော်ခ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီးနဲ့ အဖွဲ့ဟာ သူတို့သိမ်းဆည်းရမိတဲ့ လောင်စာဆီတွေကို တဆင့်ပြန်လည် ရောင်းစားခဲ့ပြီး ရပ်ကွက် အုပ် ချုပ် ရေးရုံး ရန်ပုံငွေအဖြစ် အသုံးချခဲ့ကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ အခြေစိုက်တဲ့ ကေအိုင်အေတပ်က ရှရော်ခ အုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ဆီကို စခန်း တည်ဆောက်ဖို့ လုပ်အားပေးအ ယောက် ၅၀ လောက်တောင်းထားပြီး ဦးမောင်ကြီး က သူဖမ်းထားတဲ့ လူလေးဆယ်လောက်ကို လုပ် အားပေးချင်တဲ့ လူတွေဖြစ်တယ်ဆိုပြီး ကေအိုင်အေ လက်ထဲကို အပ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလူတွေကို ကေအိုင်အေက ထမင်းကျွေးပြီး လုပ်ခ တစ်ရက် ငါးထောင်ပေးတယ်။ ကတုတ်ကျင်းတွေ တူးခိုင်းတယ်လို့ ပြောတယ်။ ဒါ ပေ မယ့် အခုထိ သူတို့တွေ အိမ်ပြန်မရောက်သေးလို့ မိသားစုတွေက အရမ်းစိတ်ပူနေကြတယ် – လို့ အဆိုပါ ကျောက်ကုန်သည်ကပဲ ပြောပါ တယ်။


တရုတ်နယ်စပ်မှာရှိတဲ့ ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်နေပြီးတော့ ဒီနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ မနေ့မှာပဲ ဖားကန့်မြို့နယ် ကာမိုင်းမြို့ ရဲစခန်းကို ကေအိုင်အေ အင်အား ၇၀ ခန့်က မနက် ၄ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက် သိမ်းပိုက်လို့ ရဲတပ်ဖွဲ့ဝင်များနဲ့ မိသားစုဝင်များ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး ရဲစခန်းအနီးက အရပ်သားများလည်း ထိခိုက်ခဲ့ တယ်လို့ သိ ရပါတယ်။

No comments: