မိုးဇော်
ရခိုင်ပြည်မှ တရုတ်ပြည် ယူနန်အထိ သွယ်တန်းထားသော ရွှေဂတ်စ်ပိုက်လိုင်းတစ်လျှောက်တွင် ဆုံးရှုံးသွားသော လယ်ယာများနှင့် အ ခွင့် အ ရေးများကို နိုင်ငံတော်အစိုးရမှ ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးရန် မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ကော်မတီမှ တောင်း ဆို လိုက်ကြောင်း သိရသည်။
ပိုက်လိုင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များနှင့် ဆိုးကျိုးများကို နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ဆောင်ပေးရမည်ဟု မြန်မာ-တရုတ် ပိုက် လိုင်းစောင့်ကြည့်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကျောက်ဖြူမြို့မှ ကိုထွန်းထွန်းနိုင်က အခုလိုပြောသည်။
" ပိုက်လိုင်းတစ်လျှောက်မှာ လုံခြုံရေးတွေ အဆမတန်တိုးချထားတာတွေ၊ ဆုံးရှုံးသွားတဲ့ လယ်ယာ မြေတွေနဲ့လျော်ကြေးမရသေးတဲ့လယ်ယာ မြေတွေ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နေ တာ တွေကို အဓိကတောင်းဆို ထားပါတယ်။ " ဟု ပြောသည်။
ရန်ကုန်မြို့ ဗဟန်းအားကစားကွင်းနား အာဇာနည်ကုန်းရှေ့ M3 ခန်းမတွင် ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)နေ့ထိ မြန်မာ-တရုတ်ပိုက် လိုင်း စောင့်ကြည့်ကော်မတီမှ ပြုလုပ်သော ရွှေဂတ်စ်ပိုက်လိုင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ဤကော်မတီ ထဲတွင် ပိုက်လိုင်းဖြတ်သန်းသွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားပေါင်းစုံပါဝင်ကြောင်းကိုလည်း သိရသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် ရွှေဂတ်စ်ပိုက်လိုင်းကြောင့် နစ်နာနေကြသော ဒေသခံပြည်သူများအတွက် အဓိကလိုအပ်မည့် အချက်(၁၀)ချက်ပါသော ကြေငြာချက်တစ်စောင်ကိုလည်း အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။
၁။ မြေယာသီးနှံလျှော်ကြေးကိစ္စ ၂။ စိုက်ပျိုးမြေကိစ္စ ၃။ လေယာမြေများ လျှော်ကြေးမရရှိတဲ့ ကိစ္စ ၄။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ၅။ အစုဖွဲ့ပိုင် သစ်တောထိခိုက်ပျက်စီးမှု ၅။ ပင်လယ်ရေပြင်နှင့် ကမ်းရိုးတန်း တစ်လျှောက် ထိခိုက်ပျက် စီးမှု ၇။ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့် အရေးများ ဆုံးရှုံးမှု ၈။ ပိုင်လိုင်းတည်ဆောက်မှု စံချိန်မှီမမှီနှင့် အရည်အသွေးကောင်းမ ကောင်း ဆန်းစစ်ကြည့်မှု ၉။ လူမှုရေးပြဿနာများ ၁၀။ လမ်းပျက်စီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု" စသော အချက် များကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။
ဤ(၁၀)ချက်ပါ ကြေငြာချက်များကို သက်ဆိုင်ရာဌာနအသီးသီးနှင့် နိုင်ငံတော်သမ္မတထံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment