Thursday, December 6, 2012

မိုင်းရှူးတွင် ဥပဒေမဲ့ ဝါးတားဂိတ်များ ရှိနေဆဲ

ကော့လီ

မိုင်းရှူးမြို့နယ် အတွင်းတွင် ဥပဒေမဲ့ ငွေကောက်ခံနေသော ဝါးတားဂိတ်များရှိ နေသေးကာ တပ် မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကပါ ကောက်ခံနေတယ် လို့ ဒေသခံများရဲ့ အဆိုအရ သိရပါတယ်။

မိုင်းရှူးမြို့ကနေ တောင်ကြီး-လားရှိုးဘက်ကိုထွက်တဲ့လမ်းပေါ်မှာဝါးတားဂိတ် (ဝါးလုံးဖြင့်တားကာ ငွေကောက်ခံသော ဂိတ်) သုံးခုရှိ တယ်လို့ သိရပါ တယ်။ အဲဒီသုံးဂိတ်ထဲမှာ စည်ပင်က ဘီးလှိမ့်ခွန် ကောက်တဲ့ ဂိတ်ကလွဲရင် တခြား တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင် များက ကောက်ခံနေတဲ့ ဂိတ်များကဘယ လို ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ကောက်ခံနေတယ် ဆိုတာကို မသိရ ပါ ဘူး။

ပထမဂိတ်မှာ ရဲစောင့်တယ်။ ကားတစ်စီး အဝင်အထွက်ကို ၅၀၀ ပေးရတယ်။ နမ့်ကတ်တံတား စောင့် စစ်တပ်ကို တစ်စီး နေ့ဆို ၅၀၀၊ ညဆို ၁၀၀၀ ပေးရ တယ်။ ခလရ (၁၄၉) က စစ်သားတွေ စောင့်တာ။ နောက်ဆုံးကတော့ စည် ပင်က ကန်ထရိုက်ပေးထားတဲ့ ဘီးလှိမ့် ခွန်ဂိတ်ပဲ – လို့ မိုင်းရှူးမြို့နေ အမျိုးသမီး တစ်ဦးက ကော့လီ ကိုပြောပြပါတယ်။

ဘီးလှိမ့်ခွန် ကောက်ခံရန်အတွက် မိုင်းရှူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုင်းရှူးမြို့ ရပ်ကွက်(၄) နေဒေါ်နန်းညွန့်ကိုကန်ထရိုက်ပေး ထား ကြောင်း၊ ဒေါ်နန်းညွန့်က သားမက်ဖြစ်သူ ကိုငပိ ခေါ် ကိုကျော်မြင့် ကို လုပ်ခိုင်းသော်လည်း ကိုငပိ က ကိုယ်တိုင်မလုပ်ဘဲ ရပ်ကွက်(၄) မိုး ကုတ်ဝိုင်းမှာ နေထိုင်သူ ကိုမင်းခိုင် ဆိုသူကို တဆင့် ကန်ထရိုက်ပေးကာ ကောက်ယူစေကြောင်း သိရပါတယ်။

ဘီးလှိမ့်ခွန်က အဆင့်ဆင့် ကန်ထရိုက်ပေးကြတော့ မတန်မဆ ပေးနေရတယ်။ သတ်မှတ်ထားတာ က ဆိုင်ကယ် ၁၀၀၊ ကားလေး ၂၀၀ ပဲ။ တကယ်ကောက်တော့ ဆိုင်ကယ် ၂၀၀၊ ထော်လာဂျီ ၅၀၀၊ ကားလေး ၁၀၀၀၊ ကားကြီး ၂၀၀၀ ပေးရတယ် – လို့ အဆိုပါ အမျိုးသမီးကပြော ပါတယ်။

မြို့ထဲမှာ နေထိုင်ပြီး နေ့စဉ် မြို့ပြင်ရှိ လယ်ယာမြေများသို့ နေ့စဉ် အလုပ်သွားလုပ်နေရသူများပင် နေ့စဉ် အဝင်အထွက် ဂိတ်ကြေးများ ပေးနေ ရတယ်လို့လည်း စုံစမ်း သိရှိရပါတယ်။

No comments: