Wednesday, December 19, 2012

ကားမိုင်း မြန်မာအစိုးရရဲစခန်းအား KIAတပ်မှ ဝင်ရောက်စီးနှင်း

KNG

ဒီဇင်ဘာ ၁၈၊ မနေ့နံနက် မိုးမလင်းမှီ ၄နာရီနှင့် ၅နာရီ ကြားအချိန်တွင် မြစ်ကြီးနား-ဖားကန့်လမ်း ပေါ်ရှိ ကားမိုင်းမြို့နယ်ခွဲ ရဲစခန်းအား ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း ၆ မှ စီးနှင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရဲသား ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်းနှင့် KIA ဖက်မှလည်းတပ်သား တစ်ဦးသေဆုံးကြောင်း KIA တပ်ရင်း ၆ သတင်းရပ်ကွက် မှ ပြောသည်။

KIA တပ်သားများသည် လက်နက်သိုလှောင်ခန်းအား ဖောက်၍လက်နက်များကို သုံးဘီးကား တစ်စီးဖြင့် သယ်ယူသွားကြောင်း ကားမိုင်း မြို့ခံများပြောသည်။

အချုပ်ခန်းတံခါးအား ရိုက်ဖွင့်၍ အချုပ်သားများကိုလည်းလွတ်ပေးလိုက်ကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ရဲစခန်း၏ စခန်းမှုးမှာ ဗိုလ်ကြီးကျော်မြဝင်းဖြစ်ကြောင်းလည်း သိရသည်။

တဆက်တည်းမှာဘဲ နံနက်၆နာရီကျော်လောက်ကလည်း ဖားကန့် ဗျူဟာကုန်းရှိ မြန်မာအစိုးရတပ်သည် KIA တပ်ရင်း ၆ စခန်း Maw Mau Bumသို့လက်နက်ကြီးဖြင့်အချက်၂၀ခန့်ပစ်ခတ်လိုက်ကြောင်း ဒေသခံတဦး ပြောသည်။

ဒီဇင်ဘာလ ၁၂ရက်နေ့က အစိုးရစစ်ကြောင်းများ သိမ်းယူခဲ့သော KIA တပ်ရင်း ၆ Lai Nawng Hku စခန်းကို အစိုးရတပ်သားများ ဆုတ်ခွာ ပေးသောကြောင့် ယမန်နေ့ နံနက်၁၀နာရီခန့်က KIA တပ်များ ပြန်လည်တပ်ချနေကြောင်း စုံစမ်းသိရှိရသည်။

အစိုးရစစ်ကြောင်းဝင်ရောက်လာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေသော Lai Nawng Hku KIA ရွာသား ၂၀၀ ကျော်သည် မနေ့နံ နက်တွင် အစိုးရထိန်းချုပ်သည့် Chyahkrau ကျေးရွာ ကချင်နှစ်ခြင်းဘုရားကျောင်းသို့ ခြေလျှင်ဖြင့် ရောက်ရှိလာကြောင်း စစ်ပြေးဒုက္ခ သည်များကို ကူ ညီပေးနေသူ ဓမ္မဆရာတဦးကပြောသည်။

မနေ့နံနက်မှစ၍ မြစ်ကြီးနား-ဖားကန့်လမ်းကို ကချင်လွတ်မြောက်ရေးတပ် KIA တပ်ရင်း ၆ မှ ခေတ္တ ပိတ်ထားကြောင်း ဖားကန့်ဒေသခံတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

No comments: