ABC
မြန်မာအစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် တို့လက်ရှိဖြစ်နေတဲ့တိုက်ပွဲကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပြီး ပစ်ခတ်မှု တွေကိုလည်းချက်ချင်းရပ်စိုင်းပေးဖို့ တောင်းဆိုလိုက် ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ဖက်က ပစ်ခတ်မှုတွေကြောင့် တရုတ်ပိုင်နက် နယ်စပ်ဖက်ကို ကျဉ်ဆံတွေ နှစ်ကြိမ်ကျ ရောက်ခဲ့အပြီး မှာ အခုလို ရှုံ့ချ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မကြာသေး ခင်က မြန်မာအစိုးရ တပ်တွေဟာ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုတွေသုံးပြီး တိုး မြင့် တိုခိုက်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဟောင်လီ ရဲ့အဆိုအရ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မြန်မာ ဖက်ခြမ်းက ပစ်လိုက်တဲ့ လက် နက် ကျဉ်တွေဟာ တရုတ်နိုင်ငံပိုင်နက် မီတာငါးရာထဲ ကျရောက်ခဲ့ပါတယ်။
အဲဒီအတွက်ကြောင့် တရုတ်အစိုးရအနေနဲ့ တော်တော်လေးစိုးရိမ်ပြီး မကြေမနပ်ဖြစ်ခဲ့ရတဲ့အကြောင်း၊ အခုလိုဖြစ်ရပ်ကိုလည်း ရှုံ့ချတဲ့အ ကြောင်း နဲ့ မြန်မာအစိုးရအနေနဲ့အခုဖြစ်ခဲ့တာကို စုံစမ်းပေးဖို့နဲ့ နောက်နှောင်ဒီလိုမဖြစ်ရအောင် သတိထားထိန်းသိမ်းကာကွယ်ဖို့ ပြော ကြား လိုက်ပါတယ်။

No comments:
Post a Comment