Thursday, February 7, 2013

သဘာဝပတ်ဝန်းကျင် ထိခိုက်စေမည့်လုပ်ငန်း ခွင့်မပြုကြောင်း အစိုးရပြော

ကယားထဲ ၊ ဖဲဘူး

ကယား(ကရင်နီ)ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းအတွက် ကုမ္ပဏီတွေ လာရောက်ရင်းနှီးမြုပ်နှံသည့် မည်သည့်အဖွဲ့အစည်းမဆိုပြည်နယ် ၏ အရင်းအမြစ်တွေ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မည်ဆို ပါက ၎င်းကုမ္ပဏီကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြည်နယ်အစိုးရမှ လျှပ်စစ်ဝန် ကြီး ဦးစောဟူးဟူးက ပြောပါတယ်။

“ရင်းနှီးမြုပ်နှံမှုလုပ်မည့်သူ ရှိလို့ရှိရင်လည်း ကျနော်တို့ကတော့ ဖိတ်ခေါ်ပါတယ် ဒါပေမဲ့ ကျနော်တို့ကတော့ လောလောဆယ် ရှိတဲ့အရင်းအ မြစ်ကို လေ့လာဖို့လိုတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ အနေအထား ဆိုလည်း ခွင့်ပြုလို့မရဘူးလေး ပြည်နယ်အကျိုး ပြည်သူ့အ ကျိုးကြည့်မယ် စဉ်းစားထားတယ်” လို့ ပြောပါတယ်။

ဝန်ကြီးက ကယားပြည်နယ်အတွင်း သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရွာသစ်စီမံကိန်းကိစ္စရပ်တွေနှင့် ယခုလို နိုင်ငံရေး အပြောင်းအလဲ အ တောအတွင်းမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ဆိုပြီး စီးပွားရေး လုပ်ငန်းရှင်တွေက ကုမ္ပဏီတွေ ၊စက်ရုံတွေနဲ့တည်ဆောက်ဖို့လာရောက် ရင်းနှီးမြုပ်နှံမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောသွားတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စုအတွင်းမှာ တည်ဆောက်နေတဲ့ ခနောက်စိမ်း သန့်စင်စက်ရုံနဲ့ ပတ်သက်လို့ ဒေသခံတွေက ရေအရင်းအ မြစ်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။

ဖရူဆိုမြို့နယ်မှ ဒေသခံလူငယ်တဦးဖြစ်တဲ့ ခူးခိုလျေက “ ခနောက်စိမ်း သန့်စင်စက်ရုံ ထောင်လိုက်ပြီ ဆိုလို့ရှိရင် ဂူထဲကရေထုတ်မယ် ဟို ဘက်က ဂူထဲမှာပြန်ထည့်မယ် ဆိုလို့ ရှိရင် အဲဒီဂူလိုင်းက ဖရူဆိုရေထွက်ပေါက်အားလုံးနဲ့ ဆက်စပ်မှုရှိတာပေါ့နော်။ ဆက်စပ်မှုရှိတော့ နန်းစံ ဖူးရေထွက်ပေါက်အထိ ဆက်စပ်နေတော့ ဒီနားတကြောရှိတဲ့ ရေထွက်ပေါက်တွေအားလုံး ညစ် ညမ်းနိုင်တယ်။ အဲတော့ ဖရူဆိုမြို့နယ်ဒီးမော့ ဆိုမြို့နယ် ငွေတောင်ဆည်အထိ စီးနေတဲ့ရေတွေအားလုံး အဆိပ်သင့်နိုင်တာပေါ့။ ဒါကလူကို ထိခိုက်နိုင်တဲ့တခုပါပဲ” လို့ ပြောပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲ ရေးတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး တဲ့နောက်ပိုင်းမှာ ပြည်နယ်အတွင်း ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ဖို့ ဝင်ရောက်လာတဲ့ ကုမ္ပဏီတွေ နိုင်ငံတကာအဖွဲ့အစည်းတွေ များပြားလာတာနှင့်အမျှ ပြည်သူ့အကျိုးပြုစေမည့် ကုမ္ပဏီတွေကိုသာ ခွင့်ပြုမှာဖြစ်တယ်လို့ ဝန်ကြီးက ယခုလို ပြောပါတယ်။

ဝန်ကြီး ဦးစောဟူးဟူးက “ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကျနော်တို့ ကယားပြည်နယ်အတွက် ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် စဉ်းစားပေးမယ်။ ဒါပေမဲ့ သူတို့လာပြီးတော့မှ ဆောင်ရွက်မည့် ကုမ္ပဏီက သူတို့ရဲ့ ကိုယ်ကျိုး စီးပွားရေးပဲ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့က ခွင့်ပြုစရာအကြောင်းမရှိဘူး။ ဘာလို့လဲဆို ကျနော်တို့ဆီက ထုတ်သွားမှာလေး ကျနော်တို့ ပြည်သူအတွက် မလုပ်ပေးဘူးဆိုရင်တော့ ကျနော်တို့ ခွင့်ပြုနိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စုအတွင်းမှာ ခနောက်စိမ်းသန့်စင်စက်ရုံ၊ ဒီးမော့ဆိုမြို့ ရွှေတောင် ၊ ငွေတောင် ၊ ပတ္တမြားတောင်တွင် သတ္တု တူးဖော်ရေးစက်ရုံ၊ ဝါသောခူကျေးရွာအုပ်တွင် ဘိလပ်မြေစက်ရုံ နှင့် လွိုင်ကော်မြို့နယ် အတွင်းတွင်လည်း ဘိလပ်မြေစက်ရုံဆိုပြီး ၎င်းစီမံ ကိန်းတွေက သဘာဝ ပတ်ဝန်းကျင် တောတောင်ရေမြေကို ထိခိုက်မှာကို မလိုလားတဲ့အတွက်ကြောင့် ဒေသခံတွေက ကန့်ကွက်နေကြ တာ ဖြစ်ပါတယ်။

ခူးခိုလျေက “ ဒီလိုဒေသဖွံ့ဖြိုးရေးကိုလုပ်မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေးကို အခြေခံပြီးတော့မှ တကယ်ထိခိုက်မှုနည်းပါးဆုံးဖြစ်တဲ့စီမံကိန်း မျိုးလုပ်ရင်တော့ ပိုကောင်း တာပေါ့။ ဒီလူ့အခွင့်အရေးကို အခြေမ ခံပဲနဲ့ လုပ်သွားလို့ရှိရင်တော့ စက်ရုံမှာကလည်း လူ့အခွင့်အရေးတွေကို အာမခံထားတဲ့ အချက်ယူထားတဲ့ အချက်တွေလည်းရှိတယ်လေး ဒါပေမဲ့ အဲဒါတွေကို လစ်လျူရှု့ပြီးတော့ ဒေသခံတွေကလူ့အခွင့်အရေးတွေ နားမလည်ဘူးဆိုပြီးတော့ လုပ်သွားမယ်ဆိုရင်တော့ မဖြစ်သင့်ဘူး။ ဒေသဖွံ့ဖြိုးရေး လုပ်မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေးကို အခြေခံတဲ့စီမံ ကိန်းလုပ်ဖို့လို တယ်။” လို့ဆက်ပြောပါတယ်။

No comments: