Monday, February 11, 2013

ခရစ်ယာန် ဓမ္မဆရာ နေအိမ်ဆောက်လုပ်မှု ခြိမ်းခြောက်ခံ

khonumthung

ယခုလ ပထမပတ်အတွင်း ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တွီဒိန်အုပ်စု (၅၆) မိုင်ရွာတွင် ခရစ်ယာန်ဓမ္မဆရာ အိမ်ဆောက် လုပ်နေမှု အား ခရစ်ယာန်ဘာသာဝင်မဟုတ် သူတွေဒေသခံတွေ က နည်းအ မျိုးမျိုးဖြင့် ခြိမ်းခြောက်မှုပြု လုပ်နေ ကြောင်း သိရ သည်။

၅၆ မိုင်ကျေးရွာတွင် အိမ်ခြေပေါင်း ၂၇၊ နှစ်ခြင်း ခရစ်ယာန်အိမ်ခြေ ၁၄ အိမ်၊ ကာသိုလိပ် ခရစ်ယာန် အိမ်ခြေ ၄၊ ဗုဒ္ဒ ဘာ သာအိမ်ခြေ ၉ ရှိ သည်။

ခရစ်ယာန်တွေကြောင့်ဗုဒ္ဒနဲ့မူဆလင်တွေ ပြသာနာတက်တာ ခရစ် ယာန်တွေကြောင့် ဖြစ်တယ် ဆိုပြီး စွပ်စွဲမှုတွေ ရှိနေ ကြောင်းလည်း ပြော ကြသည်။

“ ဘာမှ မဆိုင်တဲ့ဟာတွေကို အကြောင်းပြပြီး ဓမ္မဆရာအိမ် မဆောက်နိုင်အောင်တားဖြစ်ကြတာက မဖြစ်သင့်ဘူး၊ ကျတော်တို့ ကျေးလက်ဒေ သ မှာ မူဆလင်တွေလည်း မရှိဘူး၊” ဟု ဒေသခံ ခရစ်ယာန် အသင်းတော်လူကြီး က ပြောသည်။

ဖြစ်စဉ်မှာ သက်ဆိုင်ရာ ခွင့်ပြုချက်အရ မင်းတပ်မြို့နယ်နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့မှ တွီဒိန်အုပ်စု ( ၅၆) မိုင်ရွာရှိ နှစ်ခြင်း ခရစ်ယာန်အသင်း ဓမ္မဆရာနေအိမ်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောက်လုပ်နေအား တားမြစ်ခြိမ်း ခြောက် နေကြခြင်းဖြစ်သည်။

ဦးငိုင်းလော က ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဓမ္မဆရာအိမ်ဆောက်လုပ်နေသူ လက်သမားများအား ဓါးဖြင့် ထိုးရန် ကြံရွယ် ခြင်း၊ အဆောက် အ ဦးတွင် တားမြစ်စာ ကပ်ထား ခြင်း၊ ပြီးခဲ့တဲ့ ဇန္န၀ါရီ ၈ ရက်နေ့က ဦးရှိန်းလိန်းမှ နှစ်ခြင်း ဓမ္မဆရာ ဦး ယောကီးအား ဆဲဆို ကြိမ်းမောင်းခြင်း၊ ဇန္န၀ါရီ ၉ ရက်နေ့က လက်သမား များအား ဆဲဆိုခြိမ်းခြောက် ခြင်း၊ ယခုလ ၆ ရက်နေ့က ဒေသ ခံ ၅ ဦးက လက်သမားများအား ဓါး ၊ လှံ ပြပြီး ခြိမ်း ခြောက်ခြင်း များ ပြုလုပ်နေကြောင်းသိရသည်။

ယင်းကိစ္စနှင့် ပါတ်သက်ပြီး မင်းတပ်မြို့နယ် နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ မှ တာဝန်ရှိသူတွေက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တရားမျှတစွာ စီ ရင်ပေးရေး တင်ပြခဲ့သည်။

အဆိုပါ ကျေးရွာတွင် ၂၀၀၅ ခုနှစ်ဝန်းကျင်တွင် ဗုဒ္ဒ ဘုန်းကြီးကျောင်းကို၎င်း၊ ၂၀၀၈ – ၂၀၀၉ ခုနှစ် ၀န်းကျင်တွင် ကာသို လိပ် ကျောင်းကို၎င်း၊ ၂၀၀၉ – ၂၀၁၂ ခုနှစ်အတွင်း ဘုန်းကြီးကျောင်း ပရ၀ိုဏ်တွင် အဆောက်အဦး နှစ်လုံးဆောက် လုပ် ခြင်းတို့သည် မြေဂရမ် ရှိမရှိနှင့် ဒေ သအာဏာ ပိုင်များ၏ ခွင့်ပြုချက်ရှိမရှိ စီစစ်စီရင်ပေးရန် ဟု တင်ပြ တောင်းဆို ထားကြ သည်။

“ ကျေးလက်ဒေသတွေမှာ မြေဂရမ်တွေဘာတွေ မလုပ်ကြပါဘူး၊ အခု ပြသနာပေါ်သွားလို့ ခုလို ဥပဒေ နည်းလမ်း အား ဖြင့် နှစ်ဖက်အတွက် စီရင်ဆောင်ရွက်ဖို့ တင်ပြ ကြတာဖြစ်တယ်” ဟု ဒေသခံ တဦးက ပြောသည်။

၅၆ မိုင်ကျေးရွာတွင် အိမ်ခြေပေါင်း ၂၇၊ နှစ်ခြင်း ခရစ်ယာန်အိမ်ခြေ ၁၄ အိမ်၊ ကာသိုလိပ် ခရစ်ယာန် အိမ်ခြေ ၄၊ ဗုဒ္ဒ ဘာသာအိမ်ခြေ ၉ ရှိ သည်။

No comments: