Sunday, February 10, 2013

စပါးခွံကို ထင်းချောင်း အဖြစ် ပြောင်းလဲနိုင်သည့် နည်းပညာ စမ်းသပ်အောင်မြင်

မောင်ရမ္မာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စပါးခွံကို ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ် နိုင်သည့် နည်းပညာ တရပ်ကို စမ်းသပ် အောင်မြင်သွားပြီဖြစ်ကြောင်း သိရ သည်။

စပါးခွံကို ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာကို စမ်း သပ်အောင်မြင်သူမှာ စစ်တွေမြို့မှ ဆားလုပ် ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းဝင်း ဖြစ်သည်။

“ ကျွန်တော်တို့ ရခိုင်ပြည်မှာ သစ်တောတွေ ပြုန်းတီတဲ့ အတွက် ထင်း အခက် အခဲ ရှိတယ်။ ဒီအခက်အခဲပြဿနာကို ဘယ် လို ဖြေရှင်းရင်ကောင်းမလဲဆိုပြီး တော့ ဘင်္ဂလာ ဒေ့ခ်ျ နည်းပညာကို အတုယူပြီးတော့ဆားလုပ်ငန်းက၀န်ထမ်း တွေ၊ သစ်တောဝန်ကြီး ဦးအောင်သန်းတင်တို့နဲ့ ပူးပေါင်းပြီး စမ်းသပ် ထုတ် လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။” ဟု ဦးသန်းဝင်းက နိရဉ္စရာသို့ ပြောသည်။

စပါးခွံမှ ထင်းချောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် နည်းပညာကို ဖေဖေါ် ဝါရီလ ၆ ရက်နေ့က စစ်တွေမြို့ စက်မှု ရပ် ကွက်တွင်စတင်စမ်းသပ်ရာမှအောင် မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

ယခု စမ်းသပ် အောင်မြင်ခဲ့သော စပါးခွံမှ ထင်းချောင်းအဖြစ် ပြောင်းလဲထုတ် လုပ်နိုင်သည့် နည်းပညာသည် ရခိုင်ပြည်သူ များအတွက် တစုံတရာ အကျိုးပြု နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးသန်းဝင်းက ပြော သည်။

“ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ထင်းမရှိလို့ အခက်အခဲရှိနေတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အခုလို စမ်းသပ် အောင်မြင်လိုက်တာ ဟာလဲ ကျွန်တော်တစ် ယောက် တည်း ကောင်းစားဖို့ မဟုတ်ဘူး၊ ရခိုင်ပြည်မှာ ထင်းရှားပြီး စပါးခွံက ပေါများတဲ့အတွက် အခုလို စပါးခွံတွေ ကို ထင်းချောင်းလုပ်ပြီး အသုံးပြုနိုင်ခဲ့ရင် အဆင်ပြေနိုင်ပါတယ်။ တခြားနေရာတွေမှာ တည်ထောင် မယ်ဆိုရင်လဲ ကျွန်တော်တို့လိုက်တည် ပေးဖို့ အဆင်သင့် ရှိပါတယ်။”

စပါးခွံဖြင့် ထင်းချောင်းအဖြစ် ထုတ်လုပ်သည့် နည်းပညာကို လွန်ခဲ့သော ၃ နှစ်ခန့်ကပင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှတဆင့် ယူ ကာ စပါးခွံကို လျှပ် စစ်ကွိုင်ဖြင့် အပူပေးပြီး ထုတ်လုပ်သည့် နည်းကို စတင်စမ်းသပ်ခဲ့ သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း တင်းနှင့် မီးသွေး ရှားပါးလာမှုကြောင့် ယခုကဲ့သို့ စပါးခွံမှ ထင်းချောင်းအဖြစ် အသုံးပြုနိုင်သော နည်းပညာကို တီထွင် လုပ်ကိုင် လာနိုင်ခြင်းကြောင့် စပါးခွံထင်း တစ်ပိဿာကို မြန်မာကျပ်ငွေ ၁၀၀ ကျော်ဖြင့် မကြာမှီ ဈေးကွက်အတွင်းရောင်းချနိုင်မည်ဖြစ်သည် ဟု ဦးသန်းဝင်းက ပြောသည်။

ယခုအခါ စစ်တွေမြို့တွင် တစ်ပေခန့်ရှည်သော ထင်းချောင်း ၈ ချောင်းပါ ထင်းတစည်းကို ကျပ်ငွေ ၂၀၀၊ မီးသွေး တစ် ပိဿာကို ကျပ်ငွေ ၄၀၀ ရှိပြီး အဆိုပါ ထင်းနှင့် မီးသွေးများကို တောင်ကုတ်မြို့နယ်၊ မြေ ပုံမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်များမှ ၀ယ်ယူ သုံးစွဲနေကြရသည်ဟု သိရ သည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် စပါးခွံမှ ထင်းချောင်းအဖြစ် ထုတ်လုပ်သော နည်းပညာကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရာမူ (ခေါ်) ပန်းဝါ ဒေသမှစတင်လုပ် ကိုင် ခြင်းဖြစ်ကြောင်း ပန်းဝါ ဒေသခံတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ ၁၉၈၈ ခုနောက်ပိုင်းမှာ နိုင်ငံခြား NGO တွေက ဘင်္ဂလာဒေ့ခ်ျကို ရောက်လာကြတဲ့ ဘင်္ဂလီ ဒုက္ခသည်တွေကိုလုပ် ကိုင်စားသောက်ဖို့အတွက် အဲဒီပ ညာကို စပြီး လုပ်ကိုင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ် NGO ဆိုတာကို တော့ မမှတ်မိတော့ဘူး။ အဲဒီက တဆင့် ပန်းဝါဒေသမှာ စပြီးလုပ်ကိုင်လာကြတာဖြစ်ပါတယ်။ စပါးခွံတွေကို ဘယ်လို ဆေးပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်တာလဲဆို တာကိုတော့ ကျွန်တော်တို့လဲ မသိပါဘူး။ ဒါပေမယ့် အခုတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်” ဟု ဆိုသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တော် အပါအ၀င် မြို့ကြီးများတွင် မီးဖိုချောင်တွင် ချက်ပြုတ်ရာ၍ ဂတ်စ်ကို အသုံးပြုပြီး ကျေးလက်ဒေသမျာတွင် စပါးခွံမှ ထင်းချောင်းများကို အသုံးပြုနေကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဂတ်စ်ကို ဒေသခံများ တစ်စုံတစ်ရာ အသုံးပြုခွင့် မရသေးသဖြင့် ထင်းနှင့် မီးသွေးကို ချက်ပြုတ်ရာတွင် လောင်စာ အဖြစ် အသုံးပြုနေကြရာ သစ်တောများ ပြုန်းတီးလျှက် ရှိကြောင်း သိရ သည်။

No comments: