ABC
မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ကို ပထမဦးဆုံးအကြိမ်အဖြစ် လက်နက်ကိုင် တိုင်းရင်းသားလူမျိုးစု အားလုံးပါဝင်ကျင်းပ သွားမှာဖြစ်တယ်လို့ သိ ရ ပါတယ်။
အဲဒီ အထဲမှာ အပစ်အခတ်ရပ်စဲ ဖို့ သဘောတူညီခြင်းမရှိ သေးတဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့အစည်းလဲ ပါဝင်တယ်လို့ သိရပါတယ်။
ခြောက်ဆယ့်ခြောက် (၆၆) ခု နှစ် မြောက် ပြည် ထောင် စု နေ့ နှစ်ပတ်လည်ကို ဖေဖော်ဝါရီ လ ၁၂ နေ့ မှာ နေပြည်တော်မှာ တည်ခင်း ဧည့်ခံ ပွဲနဲ့ ကျင်းပသွားမှာဖြစ်ပြီး၊ လက်နက်ကိုင်တိုင်းရင်သားတွေ အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်တွေကို သမ္မတ ဦးသိန်းစိန်က ဖိတ်ကြား ထားတယ်လို့ သိရပါတယ်။
မကြာသေးခင်က တရုတ် နိုင်ငံ ရွှေလီမြို့မှာကျင်းပခဲ့တဲ့ ဆွေးနွှေးပွဲမှာ၊ အစိုး ရ နဲ့ ကချင် အဖွဲ့ ၂ ဘက်လုံးက ဒီလ မကုန်ခင်၊ စစ်တပ်ပိုင်းဆိုင် ရာတွေ ပါ ပါဝင်ပြီး ဆွေးနွှေး ဖို့ သဘောတူခဲ့ ကြတယ်လို့ သိရပါတယ်။
အရင်က အစိုး ရ ကနေ ဆွေးနွှေး မှု ပြု လုပ်ဖို့ ငြင်းပယ်ခဲ့ တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖယ်ဒရယ်ကောင်စီ UNFC ကောင်စီ နဲ့ လဲ ပဏာမ တွေ့ ဆုံ ဆွေး နွှေး ဖို့ ရှိ တယ်လို့ သိ ရ ပါတယ်။
UNFC အဖွဲ့ဟာ လက်နက်ကိုင် တိုင်းရင်းသားလူမျိုးစု အဖွဲ့ဝင် ၁၁ ဖွဲ့ ပါ ဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

No comments:
Post a Comment