Thursday, February 14, 2013

ဦးဘတင် အာရုဏ်ကြောစိုးရိမ်ရ၍ ရန်ကုန်ပြည်သူ့ဆေးရုံ၌ ကုသခံယူ

မိုးဇော်

ဖေဖော်ဝါရီလ(၁၀)ရက်နေ့က နစကဟန်ဆောင် ၍ ခိုးဝင်လာသော အ ကြမ်းဖက်ဘင်္ဂလီများ သတ်ပုတ် မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိ ထား သော ဦးဘ တင်ကို အာရုဏ်ကြောစိုးရိမ်ရသည်ဟုဆိုကာ ယနေ့ နံနက်(၆း၃၀)တွင် စစ်တွေမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်လေ ယဉ်ဖြင့် ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

ဦးဘတင်အစ်ကိုဖြစ်သူ ဦးဘသိန်းက " ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ကု သဖို့စီစဉ်ထားပါတယ်။ အဲဒီမှာ ခွဲဖို့စီစဉ်ထားပါတယ်။ လူနာကကတော့ လန်းလန်းဆန်းဆန်းပါပဲ။ ဒါပေမယ့် အာရုံကြောကနည်း နည်း စိုးရိမ်ရ တယ်။ ညာဖက်ခြေထောက်က လှုပ်လို့မရဘူး။ သူ့မှာဒဏ်ရာကတော့ လက်မှာ ဒဏ်ရာနှစ်ခု၊ ခေါင်းမှာ ဒဏ်ရာတစ်ခု၊ တင်သားမှာကျည် ဆံ ကျတာတစ်ခု ဒဏ်ရာ တွေရထားပါတယ်။ အသက်အန္တရာယ်က တော့ စိုးရိမ်ရတဲ့အခြေအနေမျိုးတော့ မရှိပါဘူး။ " ဟု ယခုလက်ရှိ လူနာအခြေအနေကို ပြောပြသွားသည်။

ထို့သို့ သတ်ပုတ်ခံရမှုနှင့်ပတ်သက်၍ မောင်တောမြို့နယ် န.စ.က နယ်မြေ(၅)သို့ အကြမ်းဖက်ဘင်္ဂလီများကို အရေးယူရန် တိုင်ကြားထားပြီး ၄င်းတို့ကလည်း တရားခံဘင်္ဂလီတချို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

" အဓိကဦးဆောင်တဲ့ တရားခံဘင်္ဂလီ(၄)ယောက်ကို ဖမ်းဆီးရထားပါတယ်။ သူတို့က ဘင်္ဂလာကနေလာတာပါ။ ဘင်္ဂလာကနေ ၅ ယောက် လာ ပြီးတော့ ဒီမှာရှိနေကြတဲ့ ဘင်္ဂလီတွေနဲ့ပေါင်းပြီး ကျနော်တို့ မိသား စုကို သတ်ဖို့လာကြတာဖြစ်တယ်။ ဘာပစ္စည်းမှလည်း မယူဘဲ တမင် ကို သတ်ဖို့လာတာဖြစ်ပါတယ်။ အဲဒီ ၅ ယောက်က ဒီမှာနေထိုင်ကြတဲ့ အထက်ကောမ အောက် ကောမ ကျေးရွာနဲ့ ဒိုးတန်းကျေးရွာ တွေ က ဘင်္ဂလီတွေနဲ့ပေါင်းပြီတော့ ကျနော်တို့မိသားစု သေသတ်ဖို့လာကြတာဖြစ်ပါတယ်။ သူတို့(၅)ယောက်က ဘင်္ဂလီတွေနေထိုင်တဲ့ သရက်အုပ် ကျေးရွာကနေ ဝင်လာဖြစ်ပါတယ်။ " ဟု ဦးဘသိန်းက ဆက်လက် ပြောကြားခဲ့သည်။

အကြမ်းဖက်ဘင်္ဂလီများ ရက်စက်စွာသတ်ဖြတ်မှုကြောင့် ပြင်ထန်စွာရရှိထားသော ဦးဘတင်အပြင် အခြားရခိုင်အမျိုးသား နှစ်ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ပြီး စစ်တွေဇာတိ ဦးမောင်အေးဆိုသူတစ်ဦးလည်း သေဆုံးသွားခဲ့ရသည်။

No comments: