Wednesday, February 6, 2013

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သတင်းစာ ထုတ်ဝေတော့မယ်

ABC

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ​ဖွံ့ဖြိုးရေး ​ပါတီက ​ထုတ်ဝေမယ့် ​သတင်းစာကို ​ပြည်သူလက်ခံနိုင်မယ့် ​သတင်းစာ ​ဖြစ်အောင် ​ထုတ်မယ်လို့ ​အယ် ဒီတာချုပ် ​တာဝန်ယူထားတဲ့ ​ဦးဝင်းတင်က ​ပြောပါတယ်။

"ဒီသတင်းစာဟာပါတီက ​ထုတ်ဝေမယ့် ​သတင်းစာဖြစ် ​ပေမယ့်လည်း ​ပါတီဆိုတာက ​ပြည်သူလူထုအကျိုး၊ ​နိုင်ငံ့အကျိုးကိုသာ သူ့ရဲ့မူဝါဒတစ် ရပ် ​ချမှတ်ပြီးတော့ ​ဆောင် ရွက်နေတယ် ​ဆိုတာ ​အားလုံးအသိပါပဲ။ ​နိုင်ငံရေးပါတီဆိုတာ ​သူ့ရဲ့ ​နိုင်ငံရေးမူဝါဒနဲ့ ​တိုင်ကျိုးးပြည်ကျိုး ​ပြည်သူ လူထု ​အကျိုးကို ​ဆောင်ဖို့ ​ဖွဲ့စည်းထားတာ ​ဖြစ်ပါတယ်။ ​အဲဒီတော့ ​ဒီပါတီက ​ထုတ်တယ် ​ဆိုတာ ကလည်း ​ပြည်သူလူထုအကျိုးကို ​သယ်ပိုး နိုင်ဖို့ ​အတွက် ​ထုတ်မှာပါ။ ​ဒီပါတီရဲ့ ​၀ါဒဖြန့်ချိရေး ​ပုံစံမျိုးနဲ့တော့ ​ဖြန့်ချိမှာ ​မဟုတ်ပါဘူး။ ​အများလက်ခံနိုင်မယ့် ​သတင်းစာ ​တစ်စောင် အဖြစ် ​ကြိုးပမ်းသွားမှာ ပါ။"

အခြား ​ပုဂ္ဂလိက ​တွေသတင်းစာထုပ်ဝေမယ့် ​အခြေအနေတွေ ​ပေါ်ပေါက်နေသလိုပဲ ​ပါတီက ​ကျောထောက်နောက်ခံ ​လုပ်ပြီး ​သတင်းစာတစ် စောင်ထုတ်ဝေဖို့ ​လုပ်နေပြီး ​အခုဆိုရင်တောင်ဥက္ကလာ ပ ​မြို့နယ် ​အတွင်းမှာရုံးဖွင့်ပြီး ​၀န်ထမ်း ​တစ်ရာ ​၀န်းကျင်နဲ့ ​ဆောင်ရွက်နေပြီလို့ ​ဆိုပါ တယ်။

"နိုင်ငံတော်အစိုးရကနေပြီးတော့ ​ပုဂ္ဂလိက ​သတင်းစာတွေ ​ဧပြီ ​၁ ​ရက်နေ့က ​စပြီးတော့ ​ထုတ်ဝေခွင့်ပြုလိုက်တဲ့ ​အတွက်အခြားပုဂ္ဂလိကတွေ လို ​ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ​ဖွံ့ဖြိုးရေးပါတီကနေပြီး တော့ ​လည်း ​သတင်းစာ ​တစ်စောင် ​ထုတ်ဖို့ ​ရှိပါတယ်။"

ဦးဝင်းတင်က ​ဆက်လက်ပြီး ​သတင်းမှန်ဖြစ်ရပ်မှန်တွေကို ​ပြည်သူလူထုသိအောင် ​နဲ့ပြည်သူလိုလားတောင့်တချက်တွေကို ​အစိုးရသိအောင် ​မီဒီယာအနေနဲ့အသွင်ကူးပြောင်းရေးပုံစံ ​ထုတ်ဝေမယ်လို့ ​ဆိုပါတယ်။

"အပတ်စဉ် ​ထုတ် ​သတင်းစာတွေခေတ်ကနေ ​နေ့စဉ် ​ထုတ်သတင်းစာအဖြစ် ​ထုတ်ဖို့ ​ဖြစ်တယ် ​တိုင်းပြည်အပေါ်မှာ ​စေတနာနဲ့ ​လူငယ်တွေရဲ့ ​စိတ်ဓါတ်အားတွေနဲ့ ​စုစည်း ပြီးအောင်မြင်အောင်ဦးတည် ​ဆောင် ရွက်မှာ ​ဖြစ်တယ်"

ဦးဝင်းတင်ဟာ ​ဗိုလ်မှုးဟောင်းတစ်ယောက်ဖြစ်ပြီး ​မြန်မာ့အလင်း ​သတင်းစာအယ်ဒီတာချုပ်၊ ​သတင်းစဉ် ​အယ်ဒီတာချုပ်ရာထူးတွေနဲ့ ​ဆောင် ရွက်ခဲ့တဲ့ ​သူတစ်ယောက်ဖြစ်ပြီး ​မဂ္ဂဇင်း၊ဂျာနယ်တွေမှာလည်း ​ဆောင် ရွက်ခဲ့သူတစ်ယောက် ​ဖြစ်ပါတယ်။ ​အခု ​လက်ရှိမှာ ​Nothern ​Star ​ဂျာနယ်ကိုထုတ်ဝေနေတဲ့ ​ပိုင်ရှင်တစ်ယောက်လည်း ​ဖြစ်ပါတယ်။

No comments: