Wednesday, February 13, 2013

ချင်းအမျိုးသားနေ့ကို ကျင်းပခွင့်ရပြီ

ABC

မြန်မာနိုင်ငံမှာ ​နှစ်ပေါင်း ​၃၀ ​ကျော်ကြာ ​ကျင်းပခွင့်မရရှိခဲ့တဲ့ ​ချင်းအမျိုးသားနေ့ကို ​အခုနှစ်ကစပြီး ​တရားဝင်ပြန်လည်ကျင်းပနိုင်တော့မယ်လို့ ​သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး ​CNF ​နဲ့ ​ချင်းပြည်နယ်အစိုးရတို့က ​ဦးဆောင်ပြီး ​လာမည့် ​ဖေဖော်ဝါရီလ ​၂၀ ​ရက်နေ့မှာ ​ကျရောက်မယ့် ​၆၅ ​နှစ်မြောက် ​ချင်းအမျိုးသားနေ့ကို ​“ပြည်နယ်နေ့” ​အနေနဲ့ ​မဟုတ်တော့ဘဲ ​“ ​အမျိုးသားနေ့”အဖြစ် ​ချင်းပြည်နယ်ရဲ့ ​မြို့တော် ​ဟားခါးမြို့က ​၀မ်းသူမောင် အားကစားကွင်းမှာ ​ကျင်းပကြမှာဖြစ်တယ်လို့ ​သိရပါတယ်။

ချင်းအမျိုးသားနေ့ ​အဖြစ် ​ပြန်လည် ​ကျင်းပခွင့်ရတာဟာ ​ချင်းအမျိုးသားတပ်ဦး ​နဲ့ ​ပြည်ထောင်စုအစိုးရအကြား ​ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ ရ လဒ်တခုဖြစ်တယ်လို့လည်း ​ချင်းအမျိုးသားတပ်ဦးCNF ​အထွေထွေ ​အတွင်းရေးမှူး ​၁ ​ပူးပေါလ်စီထားက ​ပြောပါတယ်။

ပြည်ထောင်စုအဆင့် ​ကျနော်တို့ဆွေးနွေးတဲ့ ​အချက်ထဲမှာ ​ပါပါတယ်၊ ​ချင်းပြည်နယ်နေ့ ​နဲ့ ​မကျင်းပဖို့ ​ချင်းအမျိုးသားနေ့နဲ့ကျင်းပဖို့ ​ကျနော်တို့သဘောတူထားတာရှိတယ် ​အဲဒါရဲ့ ​ရလဒ်ပေါ့ဗျာ ​အခုတော့ ​ချင်းအမျိုးသား ​နေ့အနေနဲ့ဘဲ ​အားလုံးကျင်းပကြမှာဖြစ်ပါတယ်’

၁၉၇၄ ​ခုနှစ်မှာ ​ချင်းဝိသေသတိုင်းကနေ ​ချင်းပြည်နယ်အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး ​တဲ့နောက်ပိုင်းက ​စပြီး ​ဦးနေဝင်း ​အစိုးရလက်ထက် ​-- ​ဖေဖော်ဝါ ​ရီ ​၂၀ ​ရက်နေ့ကို ​ချင်း ​အမျိုး ​သားနေ့အဖြစ် ​ကျင်းပခွင့်မပြုတော့ဘဲ ​ချင်းပြည်နယ်နေ့အဖြစ်နဲ့သာ ​ကျင်းပခိုင်းခဲ့ဖြစ်ပါတယ်။

၁၉၄၈ ​ခု ​ဖေဖော်ဝါရီ ​၂၀ ​ရက်နေ့က ​ဖလမ်းမြိုမှာ ​ကျင်းပတဲ့ ​လူထုညီလာခံမှာ ​တက်ရောက်လာတဲ့ ​လူထု ​၅ ​ထောင်ကျော် ​က ​မြေရှင်ပဒေ သ ရာဇ်အုပ်ချူပ်မှုစနစ်ကို ​ဖျက်သိမ်းပြီး ​ဒီမိုကရေစီအုပ်ချူပ်မှုစနစ်ကို ​စတင်ကျင့်သုံးဖို့ ​သဘောတူညီ ​ခဲ့ကြတဲ့နေ့ကို ​အစွဲပြုပြီး ​ဖေဖော်ဝါရီ ​၂၀ ​ရက်နေ့ကို ​ချင်းအမျိုးသားနေ့အဖြစ် ​သတ်မှတ်ခဲ့ကြတာဖြစ်တယ်လို့ ​ရေဒီယို ​သြစတေးလျသတင်းထောက် ​သန်းကျော်စိုး ​က ​သတင်း ပေးပို့ထားပါတယ်။

No comments: