Thursday, February 7, 2013

မြန်မာမှာ ဆူဇူကီးကားတွေ ပြန်လည် ထုတ်လုပ်မယ်

ABC

မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ ​စက်ရုံတွေကနေ ​ဆူဇူကီးမော်တော်ကားတွေ ​ထုတ်လုပ်မှု ​ရပ်ဆိုင်းထားရာက ​ပြန်လည်ထုတ်လုပ်တော့မှာ ဖြစ် တယ်လို့ ​သိရပါတယ်။

ဂျပန်ကားကုမဏီ ​ဆူဇူကီးဟာ ​ကသေးစားမော်တော်ကားတွေ ​ထုတ်လုပ်တဲ့ ​ကုမဏီဖြစ်ပြီး ​အိန္ဒိယနိုင်ငံမှာ ​မာရူတီ ​ကားအမျိုးအစား ​ထုတ် ​လုပ် ​ရောင်းချမှုနဲ့ ​အောင်မြင်မှုတွေ ​ရခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ​၁၉၉၉ ​ခုနှစ်ကတဲက ​စတင်ပြီး ​ကား ​နဲ့ ​မော်တော်ဆိုင်ကယ် ​တပ်ဆင်ထုတ်လုပ်မှုတွေ ​လုပ်နေခဲ့ရာက ​ထုတ်လုပ်မှုတွေကို ​လွန် ခဲ့တဲ့ ​၃ ​နှစ်ကတည်းက ​ရပ်ဆိုင်းထားခဲ့ရာက ​အခုအခါမှာ ​ထုတ် ​လုပ် ​ရေး ​ပြန်လည်စတင်နိုင်ဖို့ ​ဒေါ်လာ ​၇ ​သန်း ​ရင်းနှီးမြုပ်နှံသွားမှာ ​ဖြစ် တယ်လို့ ​ဆူဇူကီးကုမဏက ​ကြေငြာလိုက်ပါတယ်။

လာမယ့် ​မေလကစပြီး ​မော်တော်ကား ​ထုတ်လုပ်မှုတွေကို ​စတင်သွားမှာဖြစ်တယ်လို့လည်း ​သိရပါတယ်။တချိန်ထဲမှာပဲ ​မြန်မာနိုင်ငံမှာ ​ရောက် ရှိခဲ့တဲ့ ​ဂျပန်စီးပွားရေးအုပ်စုနဲ့ ​မြန်မာအစိုးရအကြား ​ဖွံ့ဖြိုးရေး ဆိုင်ရာ ​ဆွေးနွေးမှုတွေ ​လုပ်ခဲ့ကြောင်း ​သိရပါတယ်။ဂျပန်နိုင်ငံက ​စီးပွားရေး ဆိုင်ရာ ​အဖွဲ့အစည်းတွေထဲမှာ ​အင်အားအကြီးဆုံးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ​Keidanren ​အဖွဲ့နဲ့ ​မြန်မာအစိုးရအရာရှိတွေအကြား ​သီလဝါ စီးပွားရေး အထူးဇုံမှာ ​ဂျပန်နိုင်ငံက ​ရင်းနှီးမြုပ်နှံမှု ​အကူအညီတွေပေးဖို့ ​သဘောတူညီချက်ရခဲ့တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံက ​လျှုပ်စစ်စွမ်းအင်လုပ်ငန်းတွေမှာဂျပန်နိုင်ငံက ​ကူညီဖို့နဲ့ ​ပို့ဆောင်ရေးလုပ်ငန်းနဲ့ ​ပတ်သက်တဲ့ ​နည်းပညာတွေ ​အကူအညီ ​ပေး ဖို့လည်း ​မြန်မာအစိုးရ ​အရာရှိတွေက ​တောင်းဆိုခဲ့ကြတယ်လို့ ​ဆိုပါတယ်။

လတ်တလောမှာတော့ ​ဂျပန်စီးပွားရေးလုပ်ငန်းတွေက ​မြန်မာနိုင်ငံရဲ့ ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ​စည်းမျဉ်းတွေဟာ ​တိကျကွဲပြားမှု ​မရှိလှကြောင်း ​ဝေဖန်ထားကြပါတယ်။မြန်မာနိုင်ငံမှာ ​ဂျပန်လုပ်ငန်းကြီးတွေက ​ရင်း နှီးမြုပ်နှံမှုတွေတိုးနေသလိုပဲ ​ဂျပန်အစိုးရကလည်း ​မြန်မာနိုင်ငံက ​ဂျပန် နိုင်ငံအပေါ်မှာ ​ပြန်ဆပ်ဖို့ ​တင်ရှိနေတဲ့ ​ဂျပန်ယန်းငွေ ​စုစုပေါင်း ​သန်း ​၅ ​သိန်း ​ထဲက ​ယန်းငွေ ​သန်းပေါင်း ​၃ ​သိန်း ​၂ ​သောင်းကို ​လျော်ပစ် မယ်လို့ ​ကြေငြာခဲ့ပါတယ်။

အခုလို ​လျော်ပစ်မယ်လို့ ​ကြေငြာခဲ့တဲ့ ​ယန်းငွေတွေဟာ ​အမေရိကန်ဒေါ်လာ ​သန်းပေါင်း ​၃ ​ထောင့် ​၂ ​ရာနဲ့ ​ညီမျှပါတယ်။အဲဒါအပြင် ​ဂျပန်အ စိုးရက ​မြန်မာနိုင်ငံကို ​နောက်ထပ် ​ချေးငွေအနေနဲ့ ​ယန်းငွေသန်း ပေါင်း ​၅ ​သောင်း ​ထပ်ပြီး ​ချေးထုတ်ပေးမှာဖြစ်တယ်လို့ ​ကြေငြာထားတဲ့ အ တွက် ​ဂျပန်အစိုးရရဲ့ ​ထောက်ပံ့မှုတွေ ​တိုးလာသလိုပဲ ​ဂျပန်စီးပွားရေုးလုပ်ငန်းတွေကလည်း ​မြန်မာနိုင်ငံမှာ ​တရှိန်ထိုး ​တိုးပြီး ​ရင်းနှီး မြုပ်နှံမှု တွေလုပ်လာဖို့ ​အလားအလာရှိတယ်ဆိုတဲ့ ​သုံးသပ်ချက်တွေလည်း ​ထွက်ပေါ်နေပါတယ်။

No comments: