Wednesday, February 13, 2013

ထားဝယ်စီမံကိန်းနှောင့်နှေးနိုင်လို့ ထိုင်းပြော

ABC

မြန်မာနိုင်ငံက ​ထားဝယ်ရေနက်ဆိပ်ကမ်း ​တည်ဆောက်ဖို့အတွက် ​ထိုင်းအစိုးရက ​မြန်မာအစိုးရနဲ့ ​ပူးပေါင်းလုပ်ကိုင်လိုပေမယ့် ​အဲဒီအစီအ စဉ်ဟာ ​နောက်တနှစ် ​ကြန့်ကြာနိုင်တယ်လို့ ​ထိုင်းနိုင်ငံကူးသန်းသွား လာရေးဝန်ကြီးက ​ပြောလိုက်ပါတယ်။

ထိုင်းဝန်ကြီးချာချက်ဆီတီဘွန် ​Chadchat ​Sittipunt ​က ​မသေချာမရေရာတဲ့ ​စီစဉ်မှုတွေနဲ့ ​ရင်းနှီးမြုပ်နှံမှုဆိုင်ရာတွေမှာ ​အခက်အခဲ ​ဖြစ်နေ တဲ့အတွက် ​ထားဝယ်အထူးစီးပွားရေးဇုံ ​စီမံကိန်း ​ကြန့် ​ကြာ ​မယ့် ​အနေ ​အထားမှာ ​ဖြစ်နေတာလို့ ​ပြောပါတယ်။

ဂျပန်နိုင်ငံကို ​စီမံကိန်းမှာ ​အဓိကပါဝင်ဖို့ ​ထိုင်းနိုင်ငံက ​အလိုရှိပေမယ့် ​ဂျပန်က ​လက်မခံသေးတဲ့အတွက်အခက်အခဲဖြစ်နေတာလို့ဘန်ကောက် ပို့စ် ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ​အကောင်အထည်ဖော်ဖို့ ​ထိုင်းနဲ့ ​မြန်မာအစိုးရတို့က ​ပြီးခဲ့တဲ့နှစ်က ​သဘောတူခဲ့ကြပေမယ့် ​အကောင်အ ထည်ဖော်ဖို့လိုအပ်တဲ့ ​ဒေါ်လာ ​သန်းပေါင်း ​၉ ​ထောင်လောက်ကို ​ရှာမရဖြစ်နေတဲ့အတွက် ​အခက်အခဲဖြစ်နေရကြောင်းလည်း ​သိရပါတယ်။

No comments: