Friday, February 8, 2013

ရခိုင်ပဋိပက္ခဒုက္ခသည်ဆေးဝါး လုံလောက်စွာမရဟုဆရာဝန်အဖွဲ့ပြော

ABC

မြန်မာနိုင်ငံအနောက်ပိုင်းပဋိပက္ခဖြစ်ခဲ့တဲ့နေရာရခိုင်ပြည်နယ်ကို ​ပေးနေတဲ့ ​အရေးပေါ် ​လူသားခြင်း ​စာနာထောက်ထားမှု ​အကူအညီတွေဟာ ​သောင်းနဲ့ချီတဲ့လူတွေက ​အရေးပေါ်လိုအပ်နေတဲ့ဆေးဝါးကုသမှု ​မရရှိတဲ့အကြောင်း ​နယ်စည်းမခြား ​ဆရာဝန်များ ​အဖွဲ့က ​ပြောလိုက်ပါတယ်။

ဒေသထဲမှာ ​အလုပ်လုပ်နေရတဲ့ ​သူတို့အဖွဲ့တွေ ​ဟာလည်း ​ခြိမ်းခြောက် ​ခံရတာတွေ၊ ​ရန်တွေ့တာတွေနဲ့ ​ရိုဟင်ဂျာ ​လူမျိုးတွေကို ​ပိုပြီး ​မျက်နှာ လိုက်တယ်လို့ ​စွပ်စွဲခံရတာတွေ ​ရှိကြောင်း ​ပြင်သစ်အခြေစိုက် ​နယ်စည်းမခြား ​ဆရာဝန်အများ ​အဖွဲ့က ​ဆိုပါတယ်။

လယ်ကွင်းထဲက ​ယာယီတဲတွေထဲမှာ ​နေနေရတဲ့သူတွေ ​တခြားကြပ်ကြပ် ​တည်းတည်း ​နေထိုင်နေရတဲ့ ​သူတွေဟာ ​ဆေးဝါးကုသမှု ​အကူအ ညီ ​ပိုမိုလိုအပ်တယ်လို့ ​ဆရာဝန်အဖွဲ့ရဲ့ ​အထွေထွေ ​အလုပ်အမှု ဆောင် ​ဒါရိုက်တာက ​အဖွဲ့ရဲ့ကြေညာချက်ထဲမှာ ​ပြောထားပါတယ်။ ​တချို့ကိုယ်ဝန်ဆောင် ​အမျိုးသမီးတွေ ​ဆိုရင်လည်း ​ဗွက်တောထဲက ​စခန်းတွေမှာ ​ဆရာဝန်မပါပဲ ​ကလေးတွေ ​မွေးနေရတယ်လို့ ​ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ​ယာယီဖျဉ်တဲတွေနဲ့ ​နေနေရတဲ့ ​ရွေ့ပြောင်းနေထိုင် ​သူဒုက္ခသည်တွေဟာ ​ကျန်းမာရေး ​စောင့်ရှောက်မှု၊ ​ရေသန့်ရရှိမှုနဲ့အခြေ ခံ ​စားနပ်ရိက္ခာရရှိမှုတွေ ​ဖြတ်တောက်ခံနေရတယ်လို့ ​ဆိုပါတယ်။

၂ဝ၁၂ခုနှစ်တုန်းက ​ရခိုင်တိုင်းရင်းသားတွေနဲ့ ​ရိုဟင်ဂျာလူမျိုးတွေကြား ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​လူပေါင်း ​တစ်သိန်းကျော် ​ရွေ့ပြောင်း နေထိုင်သူ ​ဒုက္ခသည်တွေအဖြစ်နဲ့ ​နေကြရတယ်လို့ ​သိရပါတယ်။

No comments: