Friday, February 15, 2013

လက်ပံတောင်းတောင်ဆန္ဒပြမှုမှာ အစိုးရက ကန့်ဓါတ်လက်နက်သုံး

ABC

မြန်မာနိုင်ငံမှာ ​လက်ပံတောင်းတောင်စီမံကိန်း ​ဆန္ဒပြမှုတွေမှာ ​အစိုးရအာဏာပိုင်တွေက ​လူတွေအပေါ်မှာ ​အန္တရာယ်ကြီးကြီးမားမားဖြစ်စေ နိုင်တဲ့ ​ဓါတုပစ္စည်းတွေပါဝင်တဲ့ ​လက်နက်တွေသုံးပြီး ​ဖြိုခွဲခဲ့တဲ့အတွက် ​အစိုးရတာဝန်ရှိသူတွေကို ​အရေးယူဖို့ ​တောင်းဆိုမှုတွေရှိနေကြောင်း ​သိရပါတယ်။

ဆန္ဒပြသူတွေကို ​ဖြိုခွဲရာမှာ ​မျက်ရည်ယိုဗုံးတွေသုံးပြီး ​အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အကြောင်း ​တာဝန်ရှိသူတွေဖက်က ​ဝန်ခံထားခဲ့ပေမယ့် ​တခြားဓါ တုပစ္စည်းပါဝင်တဲ့ ​လက်နက်တွေ ​သုံးပြီး ​ဖြိုခွဲမှုတွေ ​ရှိခဲ့တဲ့အကြောင်း ​ထုတ်ဖေါ်မှုတွေ ​မရှိခဲ့ကြောင်းလည်း ​သိရပါတယ်။

အကြမ်းဖက် ​ဖြိုခွဲခဲ့ရာမှာ ​phosphorus ​ကန့်ဓါတ်ပါဝင်တဲ့ ​လက်နက်တွေ ​သုံးခဲ့တယ်လို့ ​စွပ်စွဲမှုတွေ ​ရှိနေပါတယ်။ ​ကမ္ဘာ့နိုင်ငံတွေမှာ ​အဖြူ ရောင် ​ကန့်ဓါတ်ကို ​စစ်ဖက်တိုက်ပွဲတွေမှာ ​သုံးဖို့သာ ​ခွင့်ပြုထားပြီး ​အရပ်ဖက်ဖြိုခွဲမှုတွေမှာ ​အသုံးမပြုဖို့ ​သတ်မှတ်ထားတယ်လို့ ​ဆိုပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​မြန်မာနိုင်ငံ ​ရှေ့နေများကွန်ယက်နဲ့ ​အပြည်ပြည်ဆိုင်ရာ ​ဥပဒေနဲ့ ​လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ​Justice ​Trust ​တို့ပူးပေါင်းပြီး ​အစီရင်ခံစာထုတ်ခဲ့တယ်လို့ ​သိရပါတယ်။

ဆန္ဒပြမှုတွေမှာ ​အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွေအတွက် ​တာဝန်ရှိသူတွေကို ​အရေးယူဖို့သာမက ​သမ္မတဦးသိန်းစိန်အနေနဲ့ပါ ​တာဝန်ယူသင့် ကြောင်း ​ရှေ့နေအဖွဲ့က ​တောင်းဆိုထားတဲ့အကြောင်းလည်း ​သိရပါတယ်။

No comments: