Friday, February 1, 2013

လမ်းခရီးမှာရိုဟင်ဂျာ တချို့ကလေးမွေး

ABC

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေကြောင့် ​ရိုဟင်ဂျာလူမျိုးတွေဟာ ​အိမ်နီးချင်းနိုင်ငံကိုလှေတွေနဲ့ ​ထွက်ပြေးနေကြပြီး ​တချို့ဆိုရင်ပြေး ရင်း လွှားရင် ​ခရီးရောက်မဆိုက် ​ကလေးမွှေးခဲ့ရတယ်လို့လည်း ​သိရ ပါတယ်။

ရိုဟင်ဂျာ ​အယောက်ပေါင်း ​၁၁၀ ​တင်ဆောင်လာတဲ့လှေဟာ ​ထိုင်းနိုင်ငံကို ​ရောက်လာတဲ့အခါမှာ ​နစ်မြုပ်စဖြစ်နေပြီး ​လှေပေါ်မှာ ​တပတ်သား ​ဒါမှမဟုတ် ​၁၀ ​ရက်သား ​ကလေးငယ်တစ်ဦး ​ပါလာတယ်လို့ ​ထိုင်းအာဏာပိုင်တွေက ​မနေ့က ​ပြောပါတယ်။

ကလေးဟာ ​လှေပေါ်မှာပဲ ​မွှေးခဲ့တာဖြစ်တဲ့အတွက် ​ထိုင်းအာဏာပိုင်တွေက ​ကျန်းမာရေးစစ်ဆေးမှုတွေ ​ပြုလုပ်ပေးခဲ့ပါတယ်။

ပေါင်ချိန် ​၆.၆ ​ရှိတဲ့ ​ကလေးငယ်နဲ့ ​မိခင်ကို ​ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနလက်ထဲ ​လွဲပြောင်းပေးထားပြီလို့လည်း ​ဆိုပါတယ်။

အရင်တုန်းက ​ယောင်္ကျားနဲ့ ​လူငယ်တွေကသာ ​အိမ်နီးချင်းနိုင်ငံကို ​ထွက်ခွာခဲ့ကြပေမယ့် ​ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ​ကလေးငယ်တွေ ​အမျိုးသ မီးတွေပါ ​မြန်မာနိုင်ငံကနေ ​ထွက်ခွာနေကြတာ ​ဖြစ်ပါတယ်။

ဒီတစ်လအတွင်း ​ထိုင်းနိုင်ငံကို ​ရောက်လာတဲ့ ​ရိုဟင်ဂျာလှေ ​၉ ​စီးရှိခဲ့ပြီး ​လူအယောက် ​၈၀၀ ​ပါဝင်ကြောင်း ​သိရပါတယ်။

No comments: