Wednesday, February 13, 2013

ရန်ကုန်စီးပွားရေး ဘန်ကောက်ထက် နှစ် ၃၀ နောက်ကျ

ABC

မြန်မာနိုင်ငံရဲ့ ​အကြီးဆုံးမြို့ကြီးဖြစ်သလို ​နိုင်ငံရဲ့ ​စီးပွားရေးအချက်အချာလည်းဖြစ်တဲ့ ​ရန်ကုန်မြို့ဟာ ​အိမ်နီးခြင်းနိုင်ငံတချို့ထက် ​နှစ်ပေါင်း များစွာ ​နောက်ကျကျန်နေဆဲ ဖြစ် တယ်လို့ ​ဂျပန်နိုင်ငံသား ​စီးပွားရေး ဆိုင်ရာ ​ထိပ်တန်းအရာရှိတစ်ယောက်က ​ပြောလိုက်ပါတယ်။

စီးပွားရေး ​ဖွံ့ဖြိုးမှုဆိုင်ရာ ​အရ ​နှိုင်းယှဉ်ကြည့်ရင် ​ရန်ကုန်မြို့ဟာ ​ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့ထက် ​နှစ်ပေါင်း ​၃၀ ​နောက်ကျနေပြီး၊ ​ဗီယက်နမ် နိုင်ငံ ​ဟနွိုင်းမြို့ထက် ​၅ ​နှစ်နောက်ကျနေတယ်လို့ ​ဂျပန်နိုင်ငံ ​ကုန်သွယ်ရေးနဲ့ ​စက်မှုလုပ်ငန်းအသင်းရဲ့ ​ရန်ကုန်မြို့အခြေစိုက် ​ဥက္ကဌ ​Shiro ​Asahina ​က ​ပြောလိုက်တာဖြစ်ပါတယ်။

မကြာသေးခင်က ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်ခဲ့တဲ့ ​ဂျပန်နိုင်ငံက ​စီးပွားရေးလုပ်ငန်းဆိုင်ရာ ​ထိပ်တန်းကိုယ်စားလှယ်တွေ​ပြီးခဲ့တဲ့စနေ နေ့က ​ဂျပန်နိုင်ငံကို ​ပြန်လည်ရောက်ရှိသွားခဲ့ပြီးနောက်ပိုင်း ​ဂျပန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​ကြီးကြီးမားမားဝင် ရောက် မြုပ်နှံလုပ်ကိုင်ဖို့ ​လက်တွန့်နေကြတယ်ဆိုတဲ့ ​မှတ်ချက်တွေလည်း ​ထွက်ပေါ်နေကြောင်း ​သိရပါတယ်။

မြန်မာနိုင်ငံလူထုရဲ့ ​ပျမ်းမျှလုပ်ခလစာဟာ ​နိမ့်ကျလွန်းတဲ့အတွက် ​မြန်မာနိုင်ငံမှာ ​ကုန်ထုတ်လုပ်ငန်းတွေ ​တည်ဆောက်လည်ပတ်ဖို့ ​တွက်ချေ ကိုက်နိုင်ပါ့မလားဆိုတဲ့ ​သံသယတွေအပြင် ​လုပ်ငန်းလည်ပတ်ရာ မှာ ​အဆင်ပြေချောမွေ့ဖို့အတွက် ​မရှိမဖြစ်လိုအပ်တဲ့ ​လျှပ်စစ်ဓါတ်အား ပုံ မှန်ရရှိမှု ​မသေချာတဲ့အချက်ကလည်း ​ဂျပန်လုပ်ငန်းရှင်တွေအတွက် ​မနှစ်မြို့စရာဖြစ်နေတယ်လို့ ​ဂျပန်လုပ်ငန်းရှင်တွေက ​ဝေဖန်ထား ကြ ကြောင်းလည်း ​သိရပါတယ်။

ဂျပန်နိုင်ငံရဲ့ ​စီးပွားရေးလုပ်ငန်းဆိုင်ရာ ​အင်အားအကြီးမားဆုံးအဖွဲ့ကြီးဖြစ်တဲ့ ​Keidanren ​ရဲ့ ​ဥက္ကဌ ​Hiromasa ​Yonekura ​ကတော့ ​မြန်မာ နိုင်ငံရဲ့ ​တိုးတက်လာနိုင်တဲ့ ​အလားအလာအပေါ်မှာ ​မိမိအနေနဲ့ ​အကောင်းမြင်တယ်လို့ ​မှတ်ချက်ပေးထားပြီး ​တောင်တစ်တောင်ကို တက်ရာ မှာ ​တောင်ခြေကသာ ​အမြဲစတင်ရတာဖြစ်တဲ့အကြောင်း ​မြန်မာနိုင်ငံဟာ ​တောင်ထိပ်ကိုရောက်ဖို့အတွက် ​တောင်တက်ခရီးစဖို့ ​ပြင်ကာစသာ ဖြစ်တယ်လို့ ​ပြောထားကြောင်း ​သိရ ပါတယ်။

No comments: