Monday, February 11, 2013

မြန်မာနိုင်ငံမှာလည်း တရုတ်နှစ်သစ်ကူး ကျင်းပကြ

ABC

တရုတ်နှစ်သစ်ကူးပွဲတော်ကို ​ကမ္ဘာတလွှားမှာ ​ကျင်းပကြသလိုပဲ ​မြန်မာနိုင်ငံမှာလည်း ​ကျင်းပနေကြပါ တယ်။

တရုတ်ဘုံကျောင်းတွေမှာတော့ ​ဘုရားဝတ်ပြုသူတွေ ​များပြားပြီး ​ဘုရားပတ်ဝန်းကျင် ​တဝိုက်မှာတော့ ​မီးရှူးမီးပန်းတွေ၊ ​ပူဖောင်းတွေ ​နဲ့ ​ဒီ ​နှစ် ​ဟာ ​မြွှေ ​နှစ် ​ဖြစ်တဲ့ ​အ ​တွက် ​မြွှေ ​ရုပ် ​တွေ ​ကို ​ရောင်းချ ​နေကြ တယ် ​လို့လည်း ​သိရပါတယ်။

အများစုကတော့ ​မိဘနှစ်ပါးနဲ့ ​အဖိုး၊ ​အဖွား ​တွေအပေါ် ​ကောင်းမှု ​ကုသိုလ်ပြုကြပြီး ​လုပ်ငန်းတွေ ​အောင်မြင်ကြဖို့လည်း ဆုတောင်းခဲ့ကြတယ် လို့ ​အေဖက်ဖ်ပီ ​သတင်းဌာနကို ​ပြောပြကြပါတယ်။

၁၉၂၉၊ ​၁၉၄၁၊ ​၁၉၅၃၊ ​၁၉၆၅၊ ​၁၉၇၇၊ ​၁၉၈၉၊ ​၂၀၀၁ ​ခုနှစ်နဲ့ ​၂၀၁၃ ​ခုနှစ်မှာ ​မွေးဖွားသူတွေဟာ ​မြွှေနှစ်မှာ ​မွေးဖွားသူများ ​ဖြစ်ကြပါတယ်။

သြစတြေးလျနိုင်ငံ ​မဲလ်ဘုန်းမြို့မှာလည်း ​တရုတ်နှစ်သစ်ကူးအခါသမယပွဲကို ​အကြီးအကျယ်ကျင်းပကြပါတယ်။

တရုတ်လူမျိုးတွေရဲ့ ​ပြတိုက်ကနေ ​သရုပ်ပြ ​နဂါးကြီး ​ထွက်လာရာလမ်းတလျောက်မှာ ​စောင့်ကြည့်အားပေးသူတွေ ​များပြားခဲ့ပြီး ​အဲဒီလမ်းတ လျောက်ကို ​အာဏာပိုင်တွေက ​ပိတ်ချပေးခဲ့ပါတယ်။

နဂါးကို ​ထိမိသူတိုင်း ​ကံကောင်းတယ်လို့ ​ယုံကြည်ကြတဲ့ ​အတွက်လည်း ​အလုအယက် ​ထိမိအောင် ​ကြိုးစားခဲ့ကြပြီး ​တခြားလူမျိုးတွေကတော့ ​ကမ္ဘာ့အရှည်ဆုံးနဂါးတွေထဲမှာ ​ပါဝင်တဲ့ ​မဲလ်ဘုန်းမြို့က ​နဂါးကပွဲနဲ့ ​ခြင်္သေ့ ​အစရှိတဲ့ ​ကပွဲတွေကို ​အားပေးကြည့်ရှုခဲ့ကြပါတယ်။

No comments: