Tuesday, February 12, 2013

ချစ်သူများနေ့ မတိုင်ခင် လိင်စိတ်ကြွဆေး ရောင်းသူကို ရဲကဖမ်းဆီး

Yangon Press

မြန်မာလူငယ်တွေကြားမှာ တဖြေးဖြေးခေတ်စားလာနေတဲ့အနောက်တိုင်း ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ချစ်သူများနေ့မတိုင်မီမှာ လိင်စိတ်ကြွဆေးရောင်း သူတွေကို သက်ဆိုင်ရာက ၀င်ရောက်ဖမ်းဆီးလိုက်ပါတယ်။

ထားဝယ်နဲ့ မြိတ်မြို့တွေမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာ ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က ယခုလ ၉ ရက်မှာ လိင်စိတ် ကြွဆေးရောင်းသူတွေကို ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ မြန် မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ `ရဲဇာနည်´ ဖေ့စ်ဘွတ်စာမျက်နှာကဆိုပါတယ်။

ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်မှာရှိတဲ့ ဆေးဆိုင်တစ်ဆိုင်ကိုဝင်ရောက်ရှာ ဖွေရာမှာ `အမျိုးသမီးတွေကိုတိုက်ကျွေးပါက ကာမရာဂစိတ်ကိုထကြွ စေသည့် တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့်အထုပ်(၂၆၈)ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့´ လို့ ဖော်ပြထားပါတယ်။

စစ်ဆေးဖော်ထုတ်ချက်တွေအရ ထပ်မံရှာဖွေခဲ့ရာမှာ ၎င်းဆေးတွေအပြင် တရုတ်နိုင်ငံထုတ် ကျားဟိုမုန်းတိုးဆေးတွေနဲ့အတူ ကျပ်နှစ်သိန်းခန့်တန်ဖိုးရှိတဲ့ လိင်ဆက်ဆံရာမှာအသုံးပြုတဲ့ဆေးမျိုးစုံ ကိုလည်း တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

မြိတ်မြို့က ကွမ်းယာဆိုင်သုံးဆိုင်ကို ၀င်ရောက်ရှာဖွေရာမှာလည်း Red Spider စာတမ်းပါကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ် ထုပ်၊ လိင်ပိုင်းဆိုင်ရာ နိုးကြွစေသည့် တရုတ်နိုင်ငံထုတ်ဆေးဝါးမျိုးစုံ၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၆၇၀၀၀)ခန့်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကော်ဖီမစ်ထုပ်တွေကတော့ လိင်ပိုင်းဆိုင်ရာအတွက် ဘယ်လိုအသုံးပြုရသလဲဆိုတာတော့ ဖော်ပြမထားပါဘူး။

ဖမ်းဆီးထားသူတွေကို အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၅(က)၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၈ များဖြင့် အသီးသီးအမှုဖွင့် အရေး ယူထားတယ်လို့ `ရဲဇာနည်´ ကဆိုပါတယ်။

မကြာသေးမီကပဲ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်မှာ အချိုရည်ထဲကိုဆေးခတ်ပြီး အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်မှုတစ်ခုဖြစ် ပွားခဲ့ပါ သေး တယ်။

No comments: