Thursday, February 14, 2013

မြန်မာစစ်သင်္ဘော၂စင်း ထိုင်းနိုင်ငံကိုလည်ပတ်မယ်

ABC

မြန်မာနိုင်ငံက ​စစ်သင်္ဘောနှစ်စင်းဟာ ​ရှေ့လာမယ့်အပတ်ကြရင် ​ထိုင်းနိုင်ငံ ​ဖူးကက်မြို့ကို ​ထိုင်းနဲ့မြန်မာ ​၂နှစ်နိုင်ငံ ​၆၄နှစ်ပြည့် ​သံတမန် ဆက် ဆံရေး ​အထိမ်းအမှတ် ​အ နေနဲ့ ​သမိုင်းဝင်သွားရောက် ​လည်ပတ် မှာဖြစ် တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံက ​သတင်းမီဒီယာတွေရဲ့ ​အဆိုအရ ​လာမယ့်အပတ် ​ဗုဒ္ဓဟူးနေ့ကနေ ​စနေနေ့အထိ ​မြန်မာနိုင်ငံက ​စစ်သင်္ဘော ​UMS ​561 ​နဲ့ ​UMS ​562 ​နှစ်စင်းဟာ ​ထိုင်းနိုင်ငံ ​ဖူးကက်ဆိပ်ကမ်းမှာ ​လာရောက် ​လှည့်လည်ကြည့်ရှုမှာ ​ဖြစ်ပါတယ်။ ​ထိုင်းနိုင်ငံဖက်က ​ရေတပ်နယ်မြေ ​အမှတ်သုံး ​ကတာဝန်ရှိသူတွေက ​ကြိုဆိုမှာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ဒါဟာမြန်မာနိုင်ငံက ​စစ်သင်္ဘောအနေနဲ့ ​ထိုင်းနိုင်ငံကိုသွားရောက် ​လည်ပတ်မယ့် ​ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ ​အခုလို ​သွားရောက် ​လည် ပတ်ခြင်းဟာ ​ထိုင်းနဲ့မြန်မာ ​၂နှစ်နိုင်ငံကြား ​ရေတပ်ဆက်ဆံရေး ကိုပိုမိုခိုင်မာစေပြီး ​မြန်မာနိုင်ငံအနေနဲ့ပိုမိုပွင့်လင်းလာတာကိုလည်း ​ပြသစေ ပါတယ်ဆိုပါတယ်။ ​စစ်တပ်ပူးပေါင်းဆောင်ရွက်နဲ့ ​ပူးတွဲကင်းလှည့်တာတွေကိုလည်း ​ပထမဦးဆုံးအ ​ကြိမ်အနေနဲ့ပြောဆိုဆွေးနွေး သွားဖို့ရှိ မယ်လို့လည်းသိရပါတယ်။

တချိန်တည်းမှာပဲ ​မြန်မာနိုင်ငံဖက်ကရေတပ်ဦးစီးချုပ် ​ဦးဉာဏ်ထွန်းကလည်းထိုင်းနိုင်ငံက ​ရေတပ်ဦးစီးချုပ် ​Surasak ​Runroengrom ​နဲ့တွေ့ဆုံဖို့အတွက် ​ဘန်ကောက်မြို့ကိုသွားရောက် ​မှာဖြစ်ပါတယ်။ ​အရင်တုန်းက ​ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံရေတပ်တို့ဟာ ​တခါမှပူးတွဲကင်းလှည့်တာ တွေမလုပ်ခဲ့ဘူးလို့သိရပါတယ်။

No comments: