Tuesday, February 12, 2013

နိုင်ငံခြားသတင်းထောက်တွေကို တစ်နှစ်အထိ ဗီဇာပေးတော့မယ်

ABC

မြန်မာနိုင်ငံ ​သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ ​အစိုးရလက်ထက်အတွင်း ​နိုင်ငံရေး၊ ​စီးပွားရေး ​ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ ​ခြေလှမ်းနောက်တစ် ခု အနေနဲ့နိုင်ငံခြားက ​သတင်း ထောက်တွေ ​မြန်မာနိုင်ငံမှာ ​တစ်နှစ်ကြာ တဲ့အထိ ​အလုပ်လုပ်နိုင်ဖို့ ​ပြည်ဝင်ခွင့်ဗီဇာပေးနိုင်အောင် ​လုပ်ဆောင်နေ ပြီလို့ ​သိရပါတယ်။

ပြည်တွင်း၊ ​ပြည်ပက ​သတင်းထောက်တွေကနေ ​အစိုးရအရာရှိတွေကို ​ပိုမိုဆက်သွယ်မှုပြုနိုင်အောင် ​လမ်းဖွင့်ပေးတဲ့အနေနဲ့ ​ခုလို ​ရေရှည်၊ ​ရေ တိုနေထိုင်ခွင့်ဗီဇာတွေ ​ထုတ်ပေးမှာဖြစ်ပြီး ​ဧပြီလလည်ကြရင် ​စ တင်တော့မယ်လို့ ​သမ္မတရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးရဲထွဋ်က ​Guardian ​သတင်း ဌာ နကို ​ပြောလိုက်ပါတယ်။

အရင် ​တုန်း ​က ​နိုင်ငံခြား ​သတင်းထောက်တွေကို ​ပြည်ဝင်ခွင့် ​ဗီဇာပေးပေမယ့် ​သူတို့ရဲ့ ​လှုပ်ရှားမှုကို ​ကန့်သတ်တာတွေ ​လုပ်ခဲ့တဲ့အကြောင်း ​ခုအခါမှာတော့ ​ပြည်ဝင်ခွင့်ဗီဇာတွေပေးပြီး ​အစိုးရအရာရှိတွေကို ​တွေ့လိုတဲ့အခါတွေ့ဆုံမေးမြန်းနိုင်မယ့်အကြောင်းဒါပေမယ့်​သတင်းထောက် ဗီဇာမရှိသူတွေအနေနဲ့ ​အစိုးရအရာရှိတွေကို ​မေးမြန်းခွင့်ရနိုင်ဖို့ ​အလားအလာပိုနည်းမယ်လို့ ​ပြောသွားခဲ့ပါတယ်။

အရင်တုန်းက ​သတင်းထောက်ဗီဇာရဖို့ ​ခက်ခဲတဲ့အတွက် ​အများစုက ​ကမ္ဘာလှည့်ခရီးသည်လို ​ယောင်ဆောင်ပြီး ​သတင်းထောက်ခဲ့ရပါတယ်။

မြန်မာအစိုးရအရာရှိတွေကလည်း ​သတင်းထောက်တွေနဲ့ ​ဆက်ဆံမှုမရှိတဲ့အတွက် ​အပြောအဆိုမှားတဲ့အခါ ​အလုပ်က ​ထုတ်ပစ်ခံနေရတဲ့အ တွက် ​သတင်းထောက်တွေနဲ့ ​တွေ့ဖို့ ​ပြောဆိုဖို့ ​ဝန်လေးနေကြတယ် လို့ ​ဆိုပါတယ်။

ခုအခါမှာ ​အစိုးရအရာရှိတွေကို ​မီဒီယာသင်တန်းတွေ ​ပေးနေပြီး ​ဝန်ကြီးဌာနတိုင်းမှာ ​မီဒီယာတွေနဲ့ ​ဆက်သွယ်စကားပြောရမယ့် ​ပြောခွင့်ရ ပုဂ္ဂိုလ်ကို ​သမ္မတက ​ခန့်အပ်ထားပြီ ​ဖြစ်ပါတယ်။

နိုင်ငံခြားသတင်းထောက်တွေ ​လွှတ်လွှတ်လပ်လပ် ​သတင်းထောက်နိုင်ဖို့ ​ပြည်ဝင်ခွင့်တွေပေးမှာ ​ဖြစ်သလို ​ပြည်တွင်းသတင်းထောက် တွေ အတွက်လည်း ​ဧပြီလကျရင် ​သတင်းထောက်ခွင့်လက်မှတ်တွေ ​ထုတ်ဝေပေးမယ်လို့ ​ဖော်ပြထားပါတယ်။

No comments: