Saturday, February 9, 2013

ဥရောပမြန်မာအပေါ်ဒဏ်ခတ်မှု လုံးဝဖယ်ရှားသင့်ဟုBob Carrပြော

ABC

မြန်မာနိုင်ငံမှာ ​နိုင်ငံတကာကနေ ​ရင်းနှီးမြုပ်နှံမှု ​ပြုလုပ်နိုင်အောင် ​ဥရောပ ​သမဂ္ဂက ​ချထားတဲ့ ​ဆန်ရှင် ​ဒဏ်ခတ်မှု ​အားလုံးကို ​ဖယ်ရှားသင့် တယ်လို့ ​သြစတြေးလျ ​နိုင်ငံခြား ရေး ​ဝန်ကြီး ​Bob ​Carr ​က ​ပြော လိုက် ပါတယ်။

ဥရောပ ​သမဂ္ဂက ​မြန်မာနိုင်ငံအပေါ် ​ချခဲ့တဲ့ ​ဆန်ရှင်တွေကို ​လုံးဝလျော့ချ ​ဖယ်ရှားတယ်လို့ ​မပြောပဲ ​ဆန်ရှင်တွေကို ​ဆိုင်းငံ့ထား ​တယ်ဆိုတဲ့ ​အသုံးအနှုန်းကို ​သုံးခဲ့ပါတယ်။

ဒီလို ​ဆန်ရှင်တွေကို ​ဆိုင်းငံ့ထား ​တယ်ဆိုတဲ့ ​အဖြစ်ကြောင့် ​နိုင်ငံခြားကကုမ္ပဏီတွေက ​မြန်မာ ​နိုင်ငံမှာ ​ဝင်ရောက် ​အခြေချဖို့ ​အဟန့် ​အတား တွေ ​ဖြစ်နေတယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီး ​Bob ​Carr ​က ​မြန်မာ ​နိုင်ငံမှာ ​ရင်းနှီး ​မြုပ်နှံမှုတွေကို ​မြင်လိုတဲ့ ​အကြောင်း၊ ​မြုပ်နှံတဲ့ ​ရင်းနှီးမှုတွေဟာလဲ ​ကိုယ်ကျင့်တရား ​အဝဝ ​ရှိ ​တဲ့ ​ရင်းနှီး ​မြုပ်နှံမှု ​မျိုးဖြစ်ပြီး ​မြန်မာနိုင် ငံမှာ ​အဟာရချို့တဲ့မှု ​ဒဏ်ကြောင့် ​ကိုယ်ခန္ဓာ ​ကြီးထွားမှု ​ချွတ်ယွင်းတာ တွေ၊ ​အဟာရ ​မလုံ ​လောက်မှုတွေ၊ ​အလုပ်အကိုင်မရှိ ​တာတွေ၊ ​ဝင်ငွေ ​နည်းပါးတာတွေ ​ပပျောက်ပြီး၊ ​တခြား ​အရှေ့တောင်အာရှ ​နိုင်ငံ တွေ မှာ ​ခံစားနေကြရတဲ့ ​စီးပွားရေး ​တိုးတက်မှုရှိတဲ့ ​နိုင်ငံအခြေအနေမျိုးကို ​ရောက်စေချင်တယ်လို့ ​ပြောသွားပါတယ်။

No comments: