Wednesday, July 10, 2013

သမ္မတဦးသိန်းစိန် မကြာခင် ဗြိတိန်နဲ့ ပြင်သစ်ကိုသွားမယ်

ABC

မြန်မာနိုင်ငံ ​သမ္မတ ​ဦးသိန်းစိန်က ​လာမယ့် ​ရက်အနည်းငယ်အတွင်း ​ပြင်သစ်နဲ့ ​ဗြိတိန်နိုင်ငံတွေကို ​လေးရက်တာ ​သွားရောက် ​လည်ပတ်ပို့ရှိတယ်လို့ ​သိရပါတယ်။

သမ္မတဦးသိန်းစိန်အနေနဲ့ ​လာမယ့် ​ဇူလိုင်လ ​၁၄ ​ရက်နေ့ကနေ ​၁၈ရက်နေ့ ​အထိ ​ဗြိတိန်နဲ့ ​ပြင်သစ်ကို ​သွားရောက် ​လည်ပတ်မှာ ​ဖြစ်တယ်လို့ ​အမည်မဖော်လိုတဲ့ ​သမ္မတရုံးက ​တာဝန်ရှိသူတဦးက ​အေအက်ပီ ​သတင်းဌာနကို ​မနေ့က ​ပြောပြခဲ့ပါတယ်။ ​ခရီးစဉ်ရဲ့ ​အသေးစိတ်ကိုတော့ ​ပြောပြခဲ့ခြင်းမရှိဘူးလို့ ​သိရပါတယ်။ ​အခုခရီးစဉ်ဟာ ​သမ္မတဦးသိန်းစိန်ရဲ့ ​ဒုတိယအကြိမ် ​ဥရောပခရီး ​စဉ်လည်းဖြစ်ပါတယ်။

သမ္မတ ​ပြောခွင့်ရ ​ပုဂ္ဂိုလ် ​ဦးရဲထွဋ်က ​အခုခရီးစဉ်ရဲ့ ​ရက်အထိအကျကို ​အတည်ပြု ​ပြောဆိုခြင်းမရှိဘူးလို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်လာတဲ့ ​နိုင်ငံရေး ​ပြုပြင်ပြောင်းလဲမှုတွေကို ​နိုင်ငံတကာအသိုင်းအ၀ိုင်းက ​အသိအမှတ်ပြု ​ကြိုဆိုကြပါတယ်။

No comments: