ABC
အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းမှု ပိုမိုလုပ်ဆောင်ဖို့ရှိနေပြီး အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအတွက် ကမ်းစပ် စောင့်ကြည့်ရေး သဘောင်္တွေ ဆောက်လုပ်ရာမှာ ကူညီပေးမှာဖြစ်သလို မြန်မာ့ကာကွယ်ရေးတပ်ကိုလည်း သင်တန်းတွေ ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ရေတပ်က ဒုတိယအကြီးအကဲ သူရသက်ဆွေနဲ့ အိန္ဒိယနိုင်ငံ ရေတပ်က အကြီးအကဲတွေ၊ စစ်တပ် အကြီး အကဲတွေ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်း လုပ်ဆောင်ဖို့ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာရေတပ် အတွက် သဘောင်္တွေ ဆောက်ပေးရုံသာမက မြန်မာ ကြဉ်း၊ ရေ၊ လေတပ်သားတွေကိုလည်း စစ်သင်တန်းတွေ ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို စစ်တပ်သုံးကွန်ပြုတာဆိုင်ရာ စက်ပစ္စည်းတွေဖြစ်တဲ့ ကင်းစောင့်လေယာဉ်ငယ်တွေ၊ စစ်သဘောင်္သုံးသေနတ်တွေ၊ မော်တာတွေ၊ ဗုံးပစ်နိုက်ဖို့ စက်ပစ္စည်းတွေ၊ ရိုင်ဖယ်သေနတ်တွေ ထောက်ပံ့ပြီးသားဖြစ်ပေမယ့် မြန်မာနိုင်ငံက ရေဒါအစရှိတဲ့ စက်ပစ္စည်းတွေ ထပ်မံထောက်ပံ့ဖို့ တောင်းဆိုနေတယ်လို့လည်း အိန္ဒိယထိုင်းမ်စ်သတင်းမှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံဟာ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံတဲ့အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေး လျော့ချခဲ့ပေမယ့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်တိုးမြှင့်ခဲ့ပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား လည်ပတ်မှု များပြားလာပြီး အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ၂၅ နှစ်တာ ကာလအတွင်း အိန္ဒိယထိပ်တန်းအရာရှိအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။
အဲဒီနောက် နှစ်နိုင်ငံကြား သဘောတူညီမှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အပြင် စီးပွားရေးပူးပေါင်းမှု ပိုရှိလာပြီး မြန်မာနိုင်ငံအကူအညီနဲ့ အိန္ဒိယ-မြန်မာ နယ်စပ်တလျောက်ရှိ အိန္ဒိယသူပုန်တွေကိုလည်း အနိုင်ပိုင်းနိုင်တဲ့အခြေအနေ ရှိလာကြောင်း ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနဲ့ ရင်းနှီးမှုရယူလာတာဟာ အာရှတိုက်အတွင်း တရုတ်တွေ ခြေဆန့်လာတာကို အင်အားမျှတအောင် လုပ်ဆောင်တဲ့သဘောဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
No comments:
Post a Comment