Tuesday, July 30, 2013

ပထမကြိမ်ညီလာခံ မတက်ခဲ့တဲ့ အဖွဲ့တွေလည်း UNFC ညီလာခံတက်ရောက်နေ

ABC

ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​ကျင်းပနေတဲ့ ​ညီညွတ်သော ​တိုင်းရင်းသားဖက်ဒရယ်ကောင်စီ ​UNFC ​ဒုတိယ ​ညီလာခံအတွင်း ​ပထမအကြိမ် ​ညီလာခံ ​မတက်ရောက်ခဲ့တဲ့ ​လက်နက်ကိုင် ​တိုင်းရင်းသား ​အဖွဲ့တွေလည်း ​ပါဝင်တက်ရောက်နေကြတယ်လို့ ​သိရပါတယ်။ 

UWSA ​၀ပြည်သွေးစည်းညီညွတ်ရေး ​တပ်မတော်၊ ​အမျိုးသား ​ဒီမိုကရက်တစ် ​မဟာမိတ် ​တပ်မတော် ​(NSAA-ESS) ​မိုင်းလားတပ်ဖွဲ့ ​၊ ​ရှမ်းပြည်မြောက်ပိုင်း ​အထူးဒေသ ​၁ ​က ​ကိုးကန့်တိုင်းရင်းသားအဖွဲ့ ​MNDAA ​နဲ့ ​DKBA ​ဒီမိုကရေစီ ​အကျိုးပြု ​ကရင် ​တပ်မတော်က ​ခေါင်းဆောင် ​တွေဟာ ​အခု ​တစ်ကြိမ် ​ကျင်းပနေတဲ့ ​ညီလာခံမှာ ​ပါဝင် ​တက်ရောက် ​နေကြတာ ​ဖြစ်ပါတယ်။

ညီလာခံဖွင့်ပွဲနေ့ ​ဇူလိုင်လ ​၂၉ ​ရက်နေ့မှာ ​အစိုးရနဲ့ ​ငြိမ်းချမ်းရေးရယူထားကြတဲ့ ​တိုင်းရင်းသားအဖွဲ့တွေကနေပြီး ​အကောင်အထည်ဖော်ခဲ့ကြတဲ့ ​အမျိုးသား ​ပြန်လည်သင့်မြတ်ရေး ​လုပ်ငန်းစဉ်တွေကို ​အစီရင်ခံစာ ​တင်ပြပြီး ​အပြန်အလှန် ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

ညီလာခံကို ​၄ရက်ကြာကျင်းပမှာဖြစ်ပြီး ​နောက်ဆုံးနေ့မှာတော့ ​တိုင်းရင်းသား ​လူမျိုးများ ​ညီလာခံ ​(Ethnic ​Conference) ​ငြိမ်းချမ်းရေးနဲ့ ​အမျိုးသားပြန်လည်သင့်မြတ်ရေး ​ခေါင်းစဉ်တပ်ထားတဲ့ ​ဒီညီလာခံကို ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​က ​ဦးဆောင်ကျင်းပနေ ​တာဖြစ်ပါတယ်။

တိုင်းရင်းသားတွေအားလုံးပါဝင်တဲ့ညီလာခံကို ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ​ပြည်တွင်းပြည်ပ ​တိုင်း ​ရင်းသားနိုင်ငံရေး ​ပါတီတွေတက်ရောက်နေတာနဲ့ ​ပတ်သက်လို့ ​UNFC ​ပြောရေးဆိုခွင့်ရှိသူ ​ဗိုလ်မှူးကြီး ​ခွန်ဥက္ကာက ​အခုလိုပြောပါတယ်။

ကျနော်တို့ ​တိုင်းရင်းသားတွေအတွက် ​အသက်တမျှအရေးကြီးနေတဲ့ ​အချိန်ရောက်နေတာပေါ့ ​၊ ​ဒါကြောင့် ​ဒီအချိန်မှာ ​တိုင်းရင်းသားတွေ ​အတွင်းအပြင် ​တောင်ရော၊ ​မြောက်ရော ​လက်နက်ကိုင်ရော၊ ​လက်နက်မကိုင်ရော ​အားလုံးစုံစုံညီညီ ​တွေ့ဆုံဖို့ ​လိုပြီဆိုတဲ့အချက်ကတော့ ​ဒါ ​အဓိကအကြောင်းရင်းခံပေါ့ဗျာ။ 

အခုကျင်းပနေတဲ့ညီလာခံမှ ​၄ရက်တာ ​ဆွေးနွေးပွဲကနေ ​အားလုံးအတွက်ရလာဒ်ကောင်းတွေ ​ပေါ်ထွက်လာ ​မယ်လို့ ​မျှော်လင့်ထားပြီး ​ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ ​ထွက်ပေါ်လာတဲ့ရလာဒ်တွေကို ​တရားဝင်ထုတ်ပြန် ​သွားမယ်လို့ ​ပြောပါတယ်။

ညီလာခံကို ​ညီညွတ်သောတိုင်းရင်းသားမဟာမိတ်များအဖွဲ့ ​(UNA)၊ ​၀ပြည်သွေးစည်းညီညွတ်ရေးတပ်မ ​တော်(UWSA)၊ ​အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု ​(NDAA ​-မိုင်းလား)၊ ​ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့တွေ ​တက်ရောက်လာသလို၊ ​ အစိုးရနဲ့ ​ငြိမ်းချမ်းရေးရယူထားတဲ့ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ​၊ ​အစိုးရနဲ့ ​အပစ်အခတ်ရပ်စဲရေး ​ရယူထားခြင်းမရှိသေးတဲ့ ​လက်နက်ကိုင်အဖွဲ့တွေ၊ ​တိုင်းရင်းသား ​နိုင်ငံရေးပါတီတွေ ​၊ ​ပြည်ပအခြေစိုက်တိုင်းရင်းသားလူငယ်အဖွဲ့အစည်းတွေနဲ့ ​အမျိုးသမီးအဖွဲ့အစည်းတွေ ​တက် ​ရောက်နေတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: