Monday, July 29, 2013

မြန်မာက ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံဆီ စတင်ပို့နေပြီ

ABC

တရုတ်နိုင်ငံကနေ ​မြန်မာနိုင်ငံမှာ ​အကြီးဆုံးဖြစ်တဲ့ ​ရင်းနှီး ​မြှုပ်နှံမှု ​စီမံကိန်းဖြစ်တဲ့ ​ရွှေသဘာ ​ဓါတ်ငွေ့ပိုက်လိုင်းကနေ ​တရုတ် ​နိုင်ငံကို ​စတင်ပြီး ​ဓာတ်ငွေ့တွေ ​တင်ပို့ ​နေပြီဖြစ်ပါတယ်။

ဒီရင်းနှီး ​မြှုပ်နှံမှုမှာ ​အဖွဲ့အစည်း ​၆ခုနဲ့ ​၄ ​နိုင်ငံ ​ဖြစ်တဲ့ ​မြန်မာ၊ ​တရုတ်၊ ​တောင်ကိုးရီးယားနဲ့ ​အိန္ဒိယ ​နိုင်ငံတို့ ​ပါဝင် ​ရင်းနှီး ​မြှုပ်နှံမှု ​ဖြစ်ပါတယ်။

ကီလိုမီတာာ ​၈၇၀ ​ရှည်တဲ့ ​ပိုက်လိုင်းဟာ ​ရခိုင်ကမ်းရိုးတန်းကနေ ​တရုတ် ​နိုင်ငံယူနန်ပြည်နယ်ကို ​သဘာဝဓါတ်ငွေ့နဲ့ ​ရေနံတင်ပို့မှာဖြစ်ပါတယ်။

တင်ပို့မှုပမာဏဟာ ​နှစ်စဉ် ​ရေနံ ​တန်ချိန် ​၂၂သန်း ​နဲ့ ​သဘာဝဓါတ်ငွေ့ ​၁၂ ​ဘီလဘီယံ ​ကုဗမီတာ ​ဖြစ်ပါတယ်။

အရှေ့အလည်ပိုင်းက ​ရေနံတွေဟာ ​တရုတ် ​နိုင်ငံကို ​အရင်က ​မလက္ကား ​ရေလက်ကြားကနေ ​တဆင့် ​ကွေ့ပတ်ပြီး ​တင်ပို့ရာကနေ ​အခုအခါမှာ ​ဖြတ်လမ်း ​သဘောမျိုး ​မြန်မာ ​ကုန်းတွင်းကို ​ဖြတ်ပြီး ​တင်ပို့လာ ​နိုင်တဲ့ ​အခြေအနေဖြစ်ပါတယ်။

လောင်စာအင်အား ​အင်မတန်ကို ​ငတ်မွတ် ​လိုလားနေတဲ့ ​တရုတ် ​နိုင်ငံရဲ့ ​နှစ်စဉ် ​လေးပုံတပုံလိုအပ်မှုကို ​ဒီ ​ပိုက်လိုင်းတင်ပို့မှုက ​ဖြည့်ဆည်းသွားမှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​အဖို့လဲ ​နှစ်စဉ်ဝင်ငွေ ​အမေရိကန်ဒေါ်လာ ​၁.၅ ​ဘီလီယံဝင်ငွေ ​ရရှိမှာဖြစ်ပါတယ်။

စီမံကိန်းပြီးဆုံးတဲ့အခါမှာ ​မြန်မာနိုင်ငံအဖို့ ​ရေနံနဲ့ ​ဓါတ်ငွေ့ ​ထွက်ရှိမှု ​ပမာဏရဲ့ ​၂၀% ​ရရှိမှာဖြစ်တဲ့အတွက် ​မြန်မာ ​နိုင်ငံမှာ ​အကြီးအကျယ် ​လိုအပ်နေတဲ့ ​ဖွံ့ဖြိုးမှု ​တွေအတွက် ​အကျိုး ​ပေါ်ထွန်းလာ ​မှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာ ​နိုင်ငံမှာ ​နိုင်ငံရေးအပြောင်းအလဲတွေ ​ဖြစ်ပေးလာပြီးနောက် ​တရုတ် ​နိုင်ငံကနေ ​ရင်းနှီး ​မြှုပ်နှံထားတဲ့ ​စီမံကိန်းကြီးဖြစ်တဲ့ ​မြစ်ဆုံနဲ့ ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းဟာ ​အကြီးအကျယ် ​ပြဿနာတွေနဲ့ ​ရင်ဆိုင်နေရပါတယ်။

ဒီပြဿနာတွေဟာ ​ဒေသခံပိုင် ​မြေယာသိမ်းစည်းမှု ​နဲ့ ​ပတ်ဝန်းကျင် ​ထိခိုက်ပျက်စီးမှုတွေဖြစ်ပြီး၊ ​တရုတ်နိုင်ငံကနေ ​မြန်မာ ​နိုင်ငံမှာ ​နောက်နောင် ​ရင်းနှီး ​မြှုပ်နှံမှု ​ပြုလုပ်တော့ ​မယ်ဆို ​ရင်ဒီ ​အချက်တွေကို ​ထည့်သွင်းစဉ်းစားရမှာ ​ဖြစ်ပါတယ်။

နောက်ထပ်အချက်တချက်သတိပြု ​ရမှာက ​ပြည်တွင်း ​လူမျိုးရေး ​ပြဿနာ ​နဲ့ ​ခရိုနီတွေကို ​ပစားပေးထားတဲ့ ​ပြဿနာတွေ ​ဖြစ်ပါတယ်။

ဒီလိုပြဿနာတွေ ​ရှိနေတဲ့ကြားထဲက ​မကြာသေးခင်က ​ရေနံကုမ္ပဏီပေါင်း ​၆၀ကျော်က ​မြန်မာ ​နိုင်ငံက ​ထွက်နေတဲ့ ​ရေနံနဲ့သဘာဝဓါတ်ငွေ့မှာ ​ရင်းနှီး ​မြုပ်နှံဖို့ ​အလုအယက် ​ဝင်လာနေ ​ပြီဖြစ်ပါတယ်။

ဒီအထဲမှာ ​ကမ္ဘာ့ ​ထိပ်တန်း ​နာမည်ကျော် ​ Shell, ​ExxonMobil, ​ConacoPhilips ​ အစရှိတဲ့ ​ကုမ္ပဏီတွေ ​ကလဲ ​ရင်းနှီး ​မြှုပ်နှံမှုမှာ ​ပါဝင်နေပြီး၊ ​လုပ်ပိုင်ခွင့် ​ရလဒ်တွေကို ​မြန်မာ ​နိုင်ငံက ​ဒီနှစ်နှောင်းပိုင်းမှာ ​ကြေငြာဖို့ရှိနေပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ ​နောက်ပိုင်းနဲ့ ​မြန်မာနိုင်ငံရဲ့ပေါများ ​ကြွယ်ဝလှတဲ့ ​ရေနံနဲ့သဘာဝဓါတ်ငွေ့ ​တွေ ​ကို ​အနောက်တိုင်းနိုင်ငံတွေက ​အနား ​မကပ်နိုင် ​ဖြစ်ခဲ့ပြီး၊ ​စစ်အုပ်ချုပ်ရေးခေတ်ကာလ ​အတွင်း ​ဆန်ရှင် ​ဒါဏ်ခတ်မှု ​တွေကြောင့် ​အနောက်တိုင်း ​နိုင်ငံ ​တွေက ​ဝင်ရောက် ​ရင်းနှီး ​မြှုပ်နှံခွင့် ​မရခဲ့ပါဘူး။

ဒီရေနံထွက်ရှိ ​ရာဒေသ ​ဟာလဲ ​ရခိုင်ပြည်နယ် ​ဘာသာနဲ့လူမျိုးရေးပြဿနာဖြစ်နေတဲ့ ​နယ်မြေတဝိုက်မှာ ​တည်ရှိတဲ့အပြင် ​စီမံကွပ်ကဲမှု ​ညံ့ဖျင်းမှုတွေ၊ ​အဂတိလိုက်စားမှု ​တွေ ​ဖြစ်နေတာကြောင့် ​ပြဿနာ ​ပေါင်းမြောက်များစွာ ​ရင်ဆိုင်နေ ​ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​လက်ရှိ ​ထွက်ရှိတဲ့ ​သဘာဝဓါတ်ငွေ့တွေဟာ ​ကမ္ဘာ့အဆင့် ​၃၆ ​မှာရှိ ​နေပြီး ​ထွက်နေတဲ့ ​ဓါတ်ငွေ့အများစုဟာ ​ထိုင်းနိုင်ငံကိုတင်ပို့ ​ရောင်းချ ​နေတာဖြစ်ပါတယ်။

No comments: