Saturday, July 20, 2013

အာဇာနည်နေ့အခမ်းအနား လွိုင်ကော်မြို့ လွတ်လပ်ရေးကျောက်တိုင်တွင် ပထမဆုံးအကြိမ် ကျင်းပ

ခူးညားရယ်

(၆၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ကို ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ လွတ်လပ်ရေးကျောက်တိုင်သို့ လူငယ်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အဖွဲ့အစည်းများ ပထမဆုံးအကြိမ် လွမ်းသူ့ပန်းခွေများဖြင့် သွားရောက် ဂါရဝပြုကြပါတယ်။

ကယားပြည်နယ် အမျိုးသားဒီမိုအရေစီအဖွဲ့ချုပ်၊ အလုပ်အမှုဆောင် ပြည်နယ် ဥက္ကဌ ဒေါက်တာဒေါ်ခင်စည်သူက အာဇာနည်နေ့နှင့် ပတ်သက်ပြီး အခုလိုပြောသွားပါတယ်။

“အာဇာနည်နေ့က ရည်ရွယ်ချက်က အထူးပြောဖို့တော့ လိုမယ်အထင်ဘူးလေး ဘာဖြစ်လို့လည်းဆို ကျမ တို့ ရဲ့ကျေးဇူးရှင် လို့ခေါ်ရလောက်အောင် အာဇာနည်တွေ ဖြစ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်နဲ့ အားလုံးကို ရှစ်ဦး၊ အပေါင်းကိုးဦးက ကျမတို့ လွတ်လပ်ရေး ဒီမြန်မာပြည်ကို လွတ်လပ်ရေးရရှိအောင် တိုက်ပေးတဲ့ အသက်စွန့်၊ ကိုယ်ကြိုးမငှဲ့ဘဲနဲ့၊ တိုက်ပေးပြီးတော့ လွတ်လပ်ရေး၊ ရလာတဲ့အတွက်ကြောင့် ဒီနေ့က အထူးအမြတ်ဂုဏ်ပြု ပြီးတော့ အမှတ်ရမဲ့နေ့၊ ဖြစ်တဲ့အတွက် စိတ်ဝင်တစားလုပ်သင့်တယ် ထင်ပြီးတော့ ဂုဏ်ပြုပွဲအနေနဲ့ လုပ်ရတာပါ"


အာဇာနည်နေ့ အခမ်းအနာကို ပြုလုပ်ခြင်းနှင့် ရည်ရွယ်ချက်နဲ့ ပတ်သက်၍ ကယားလူမျိုးစု ဒီမိုကရေစီပါတီရဲ့အတွင်းရေးမှူး ကိုစောနိုင်နိုင်ထွေး (ခ) ကိုသားပုက “အာဇာနုည်နေ့ပြုလုပ်ခြင်းမှာ ကျရှူံးသွားတဲ့ ခေါင်းဆောင်ကြီးများကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခြင်း မဟုတ်ပဲ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတဲ့အနေနဲ့ လုပ်ရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာဇာနည်နေ့အခမ်းအနားမှာ NLD ပါတီအဖွဲ့ဝင်များ၊ ကယားပြည်နယ် ကျောင်းသားများသမဂ္ဂ (KSSU) အဖွဲ့များ၊ ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY)၊ ကယားလူမျိုးစု ဒီမိုဂရေစီပါတီအဖွဲ့များနှင့် အခြားသော မြို့နယ်အသီးသီးမှ ဒေသသခံများ စုစုပေါင်းလူဦးရေ ၈၀၀ ကျော်ခန့် တက်ရောက် ဂါရဝပြုကြတာကို တွေ့ရပါတယ်။

No comments: