Thursday, July 11, 2013

ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပြင်ဆင်ဖို့ အမျိုးသမီးတွေ လိုလား

ABC

၁၉၄၉ ​ခုနှစ် ​ပြည့်တန်ဆာ ​နှိပ်ကွပ်ရေးအက်ဥပဒေကို ​ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ ​မရှိဘူးလို့ ​ပြည်ထဲရေး ​ဒုဝန်ကြီးက ​ပြောခဲ့ပေမယ့် ​ပြည်သူ့ ​လွှတ်တော်က ​အမျိုးသမီး ​လွှတ်တော်ကိုယ်စားလှယ် ​အများစုက ​ဒီဥပဒေကို ​ပြင်ဆင်ဖို့လိုလားနေကြပါတယ်။

ပြည်သူ့ ​လွှတ် ​တော် ​ကိုယ် ​စား ​လှယ် ​ဒေါ်စန္ဒာမင်း ​ကတော့ ​ပြည်တွင်းက ​ပြည့်တန်ဆာ ​လုပ်ငန်းလုပ်ကိုင်နေတဲ့ ​အမျိုးသမီးတွေကို ​ကာကွယ်ပေးဖို့ ​လိုတယ်လို့ ​ပြောလိုက်တဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​ ဝေစန္ဒာကျော်က ​သတင်းပေးပို့ ​ထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ​ဒုတိယဝန်ကြီး ​ရဲချုပ်ကျော်ကျော်ထွန်းက ​ ၁၉၄၉ ​ခုနှစ် ​ပြည့် ​တန်ဆာ ​နှိပ် ​ကွပ်ရေး ​အက် ​ဥပဒေကိုပြင် ​ဆင် ​ရန် ​မလို ​အပ်ဘူး ​လို့ ​လွှတ်တော်မှာ ​ပြန်လည် ​ဖြေကြား ​အပြီးမှ ​အဆို ​ရှင် ​ဒေါ် ​စန္ဒာ ​မင်းကတော့ ​ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေရတဲ့ ​အမျိုးသမီးတွေ ​ကို ​အကာအကွယ်ပေးပို့ ​ဥပဒေတစ်ရပ် ​ပြဌာန်းဖို့ ​လွှတ်တော် ​က ​ပြဌာန်းနိုင်အောင် ​ကြိုးစားသွားမယ်လို့ ​ပြောပါတယ်။

ဒိတော့ ​တကယ် ​တမ်း ​ပြောချင်တာက ​ရဲ ​ချုပ်က ​ပြင်သည် ​ဖြစ်စေ ​မပြင် ​သည်ဖြစ်စေ ​လွှတ်တော် ​ကိုယ်စား ​လှယ် ​ဆိုတာက ​ဥပေး ​ပြုနိုင်တဲ့ ​အာဏာ ​ရှိပါတယ်။သူက ​မပြင် ​ဘူးဆိုပေမဲ့ ​ကျွန်မ ​တို့ ​က ​လွှတ်တော် ​ထဲ ​မှာ ​ဒီ ​ဥပဒေကို ​ပြင် ​နိုင်အောင် ​ကျွန်မ ​တို့ ​အနေနဲ့ ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ်တွေ ​အနေနဲ့ ​ဥပဒေ ​အသစ် ​ရေးဆွဲ ​နိုင်အောင် ​ကြိုးစားသွားမှာပါ။ 

မြန်မာနိုင်ငံမှာ ​ပြည့် ​တန်ဆာဆိုတာ ​တရားဝင် ​လုပ်ကိုင် ​ရတာ ​မဟုတ်တဲ့ ​အတွက် ​သူတို့ ​ရဲ့ ​ကျန်းမာရေးစောင့်ရှောက်မှုကို ​လည်း ​လုပ်မပေးနိုင်သလို ​သူတို့ ​မှာ ​အိပ်အိုင် ​ဗီ ​ရောဂါ ​ကူးစက် ​သူဟာ ​ဘယ်လောက်ရှိနေတယ် ​ဆိုတဲ့ ​အရေ ​အတွက်ကိုလည်း ​အတိအကျ ​မသိရပါဘူး။ ​လက်ရှိ ​၇ှိနေတဲ့ ​ဥပဒေဟာဆိုရင် ​ပြည့်တန်ဆာ ​တိုးပွားလာတာကို ​မဟန့်တားနိုင်သလို ​ကျန်းမာရေး ​ရှု ​ထောင့်အရလည်း ​ထိရောက်လုပ်ဆောင်ချက်မျိုး ​မရှိတဲ့ ​အတွက် ​ဒီဥပဒေကို ​ပြင်ဖို့ ​လိုတယ်လို့ ​အခိုင်အမာ ​ယုံကြည်တဲ့ ​အကြောင်း ​ဒေါ်စန္ဒာမင်းကပြောပါတယ်။ ​အဆိုးရွားဆုံးကတော့ ​၁၃၊ ​၁၄ ​နှစ်ကလေးငယ်တွေ ​ပြည့် ​တန်ဆာ ​ဖြစ်နေကြ ​ရ ​တာတွေ ​ကို ​အမြန်ဆုံ ​ကာကွယ် ​ထိန်းသိမ်း ​ဖို့ ​လို ​တဲ့ ​အတွက် ​ပြည်တန် ​ဆာ ​ဥပဒေ ​အသစ် ​တစ် ​ခု ​တကယ် ​လို ​အပ် ​နေပါပြီ ​လို့ ​GENERATION ​WAVE ​အဖွဲ့မှ ​ကို ​မိုးသွေး ​ကပြောပါတယ်။

၁၃၊ ​၁၄ ​နှစ်ကလေးငယ်တွေအများကြီးတွေ့ရတယ်။ဒါတွေက ​ဥပဒေတစ်ရပ်နဲ့ ​သေသေချာချာ ​ထိန်းသိမ်းဖို့လိုအပ်နေပြီ။ ​မှတ်ပုံတင် ​ဥပဒေ ​လုပ်မယ် ​ဆိုရင် ​ဒါတွေကို ​အများကြီး ​လျှော့ချနိုင်လိမ့်မယ် ​လို့မြင်ပါတယ်။ ​ကျန်းမာရေး ​ရှုထောင့် ​အရရော ​အကျင့် ​စာရိတ္တ ​ရှုထောင့် ​အရရော ​ဒီ ​ဥပဒေ ​လိုအပ် ​တယ် ​လို့ ​မြင်ပါတယ်။

ပြည့်တန်ဆာ ​တွေ ​အပေါ်မှာ ​ခေါင်းပုံဖြတ်မှု ​တွေ၊ ​အတင်အဓမ္မ ​ခိုင်းစေတာတွေ ​ကို ​အလိုမတူပဲ ​ခိုင်းစေလာတာတွေ ​ရှိရင် ​ထိထိရောက်ရောက် ​အရေးယူနိုင်ဖို့ ​နဲ့ ​ပြည်တန့်ဆာတွေ ​အခွင့်အရေး ​ကို ​ကာကွယ်နိုင်ဖို့ ​အတွက် ​ခိုင်မာတဲ့ ​ဥပဒေ ​တစ်ရပ် ​ပြဌာန်း ​ဖို့ ​လိုတယ်ဆိုတာ ​ထောက်ခံကြောင်း ​လူ့အခွင့်အရေးလှုပ်ရှားသူ ​မဇင်မာအောင်ကပြောပါတယ်။

ဒီ ​ပြည့် ​တန်ဆာ ​ဥပဒေ ​ကို ​ပြင် ​ဆင် ​ပေး ​ဖို့ ​အဆိုကိုဆဌမအကြိမ် ​ပြည်သူ့ ​လွှတ်တော် ​အစည်းဝေးမှာလည်း ​တင်ပြ ​ခဲ့တာ ​ကိုလည်း ​ရဲချုပ် ​ကျော်ကျော်ထွန်းက ​အခု ​လိုပဲ ​ပြင်ဆင်ဖို့ ​မလိုအပ်ဖူးလို့ ​ငြင်းဆိုခဲ့ဘူးပါတယ်။

No comments: