Friday, July 12, 2013

အစိုးရနဲ့ ၀ တပ်ဖွဲ့ ထပ်မံတွေ့ဆုံမယ်

ABC

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ ​(UWSA) ​နဲ့ ​အစိုးရကိုယ်စားလှယ်အဖွဲ့တို့ကြားမှာ ​ဖြစ်ပွားနေတဲ့ ​စစ်ရေးတင်းမာမှုအခြေအနေတွေနဲ့ ​ပတ်သက်ပြီး ​ဖြေရှင်းနိုင်ဖို့အတွက် ​ဇူလိုင်လ ​၁၂ရက်နေ့မှာ ​ကျိုင်းတုံမြို့မှာ ​တွေ့ဆုံဆွေး ​နွေးဖို့ရှိတယ်လို့ ​သိရပါတယ်။

ဒီဆွေးနွေးပွဲကို ​အစိုးရဘက်က ​ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ​ဒု-ဥက္ကဌ ​ဦးသိန်းဇော် ​ဦးဆောင်တဲ့အဖွဲ့က ​တက်ရောက်မှာဖြစ်ပြီး ​၀တပ်ဖွဲ့ဘက်က ​စီးပွားရေးဌာနကြီးမှူး ​ဦးပေါက်ယိုလျှံ ​ဦးဆောင်တဲ့ ​ပြည်ပဆက်သွယ်ရေးဌာနကြီးမှူး ​ဦးကျောက်ကော်အန်း၊ ​တောင်ပိုင်းစစ်ဒေသမှူး ​ဝေရှော်ယင်၊ ​ဒု-စစ်ဦးစီးမှူး ​စိုင်းဆမ်ပလာနဲ့ ​ပြောရေးဆိုခွင်ရှိသူ ​ဦးအောင်မြင့်တို့ ​တက်ရောက်မှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

UWSAက ​မနက်ဖြန်မှာဆွေးနွေးပွဲတက်ရောက်မဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ ​ပန်ဆန်းမြို့က ​ထွက်ခွာခဲ့ ​ပြီလို့လည်း ​တရုတ်မြန်မာနယ်စပ်က ​စစ်ရေးလေ့လာသူဦးအောင်ကျော်ဇောက ​အခုလို ​ပြောပါတယ်။

“၀အဖွဲ့က ​ပန်ဆန်းကထွက် ​ဒီနေ့မှမိုင်းလားကိုရောက်ပါတယ်၊ ​မနက်ဖြန်မနက်မှ ​ကျိုင်းတုံကိုရောက်မှာပါ၊ ​မနက်ဖြန်လုပ်မဲ့ဆွေးနွေးပွဲက ​အဓိက ​ငြိမ်းချမ်ရေး ​ဆိုင်ရာ ​ဆွေးနွေးပွဲကြီး ​နိုင်ငံရေးအရ ​ညှိနှိုင်းတဲ့ဆွေးနွေးပွဲကြီး ​တော့ ​မဟုတ်ပါဘူး၊ ​တောင်ပိုင်းမှာဖြစ်တဲ့ ​နှစ်ဘက်တပ် ​တင်းမာမှုဖြစ်တဲ့ကိစ္စကို ​တစုံတရာ ​ဖြေရှင်းနိုင်အောင်ကြိုး ​စားတဲ့ ​တွေ့ဆုံပွဲပဲဖြစ်ပါတယ်။” 

တောင်ပိုင်းUWSA အဖွဲ့နဲ့ ​အစိုးရအဖွဲ့တွေကြား ​စစ်ရေးတင်းမာမှုတွေဖြစ်ပွားလာပြီးနောက် ​ဇူလိုင်လ ​၆ရက် ​နေ့မှာ ​တွေ့ဆုံဆွေးနွေးနိုင်ဖို့ ​စီစဉ်ခဲ့ပေမဲ့ ​ဆွေးနွေးဖို့ ​အဆင်သင့်မဖြစ်သေးတဲ့အတွက် ​ဇူလိုင်လ ​၁၂ရက်နေ့မှာ ​တွေ့ဆုံဖို့ ​သဘောတူခဲ့ကြတာလို့ ​ပြောပါတယ်။

UWSA ​နဲ့ ​အစိုးရတပ်ဖွဲ့တွေကြား ​ဖြစ်ပွားနေတဲ့ ​စစ်ရေးတင်းမာမှုတွေဟာ ​ပြီးခဲ့တဲ့လတွေအတွင်းက ​UWSA ​တပ်ဖွဲ့တွေရဲ့ ​ရာဘာစိုက်ခင်းတွေဆီကို ​အစိုးရတပ်တွေ ​၀င်ရောက်နေရာယူထားတဲ့ကိစ္စနဲ့ ​ဒေသခံပြည်သူ့ ​စစ်တွေနဲ့ ​၀တပ်ဖွဲ့ပိုင် ​ဟုတ်ပန်းကုမ္ပဏီ ​ကြားပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ​ရှမ်းပြည်နယ် ​အခြေစိုက်စစ်ဗျူ ​ဟာမှူးစိုးသက်ဝင်းက ​တောင်ပိုင်းဝတပ်ဖွဲ့တည်နေရာနဲ့ ​စစ်အခြေစိုက် ​စခန်းတွေရဲ့စာရင်းတောင်းဆိုခဲ့ပြီးနောက် ​အခုလို ​စစ်ရေးတင်းမာမှုတွေ ​ဖြစ်ပွားလာတာလို့ ​ပြောတဲ့ ​အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: