Sunday, July 7, 2013

ဦးသိန်းစိန်အစိုးရ မရိုးမသားနှင့်ငြိမ်းချမ်းရေးကိုပြောဟု ရက္ခိုင့်တပ်မတော်မှ တပ်မှူးချုပ်ပြော

အာရ်ကန်တိုင်းမ်စ်

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ကျင်းပသော တပ်မှူးများအစည်းအဝေး၌ ရက္ခိုင့်တပ်မတော် တပ်မှူးချုပ်၏ မိန့်ခွန်းမှ ကောက်နူတ်ချက်တစ်ချို့ကို ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန ၏ ဖေ့စ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြထားသည်။

ရက္ခိုင့်တပ်မတော်တပ်မှူးများ အစည်းအဝေးအတွင်း မြန်မာ့နိုင်ငံရေးအလှည့်အပြောင်း၊ မြန်မာပြည်တွင်း လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ဒေသတွင်း နိုင်ငံကြီးများ၏ ပြိုင်ဆိုင်မှုနှင့် ပေါ်လစီအရွေ့အပြောင်း၊ ရက္ခိုင့်တပ်မတော်အတွင်း ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ၊ ရခိုင်အမျိုးသားညီညွတ်ရေးနှင့် အမျိုးသားရေး ဘုံလမ်းစဉ်ချမှတ်ရေးတို့အား တပ်မှူးချုပ်မှ တပ်မှူးများအား အောက်ပါကောက်နူတ်ချက်တချို့အား ပြောကြားသွားခဲ့သည်။

" ဦးသိန်းစိန်အစိုးရဟာ မရိုးမသားနဲ့ ငြိမ်းချမ်းရေး ဆိုပြီးတော့ တိုင်းရင်းသားတွေကို တောင်ပြော မြောက်ပြော အပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့စကားတွေ ရှေ့နောက်မညီဘူး။ ဟော့ ဟိုမှာ ဦးအောင်မင်း ငြိမ်းချမ်းရေးကတိတွေ နင်းကန်ပေးနေတာမဆုံးသေးဘူး၊ သေနတ်သံတွေက မြည်နေပြန်ရော။ တိုင်းရင်းသားရွာတွေက မီးလောင်ဖျက်ဆီးခံနေရတုန်းပဲ။ အခုပဲ "ဝ" တိုင်းရင်းသားတွေကိုတိုက်ဖို့ ပြင်ဆင် နေကြတယ်။ ဗမာစစ်တပ်ဦးစီးချုပ်မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေး မယ်လို့ပဲပြောတယ်။ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့ တော်တော်ပရိယာယ်များပြီး သတိထားရမယ်။ တရုတ်က ဘယ်လိုလေသံ ပစ်လိုက်သလဲ မသိဘူး "


" အခြေခံသဘောထားက မမှန်ကန်၊ မရိုးသားဘူး ဆိုတော့ ယုံကြည်မှုတည်ဆောက်လို့ မရနိုင်ဘူးလေ။ သူတို့ရဲ့ မှန်ကန်ရိုးသားမှုကို ဘာကိုကြည့်ပြီး ယုံပေးရမှာလဲ "

" ငြိမ်းချမ်းရေးဟန်ဆောင်လုပ်ပြရင်သူတို့ကို နိုင်ငံတကာက ပိုက်ဆံပေးတယ်လို့ကြားတယ်။ ဒါဆို "မျောက်ပြဆန်တောင်းပေါ့"။ နိုင်ငံတကာ(အနောက်အုပ်စု)ကိုပဲ သူတို့ အိတ်ကိုထည့်တာလား၊ သူတို့ကပဲ နိုင်ငံ တကာ အိတ်ထဲကို ရောက်သွားတာလား တစ်ခုခုပဲ "

" ဘာပဲဖြစ်ဖြစ် အရေးကြီးတာက ဒါတွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်ပြီး နိုင်ငံရေးသတိ၊ တော်လှန်ရေးသတိ၊ အမျိုးသားရေးသစ္စာအပြည့်နဲ့ လုပ်စရာရှိတာကို ဆက်လက်ဆောင်ရွက်သွားရမှာပဲ "


" ငါတို့မှာက ရန်သူတွေများတယ်။ နယ်မြေလုချင်နေတဲ့ ကုလားကတစ်မျိုး၊ တိုင်းပြည်ကို ကျွန်ပြုထားပြီး အမြတ်ထုတ်နေတဲ့ သွေးစုပ်ခြယ်လှယ်နေတဲ့ မြန်မာအစိုးရနဲ့ ခရိုနီတွေက တစ်ဖုံ၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ ဆိုတာကလည်းကျင့်ဝတ်တွေဘာတွေ သိပ်လိုက်နာ စောင့်စည်းနေတာ မဟုတ်ဘူး။ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကိုစိတ်လည်းမဝင်စားဘူး။ နိုင်တဲ့လူနဲ့ပေါင်းပြီး လုပ်စားသွားမှာပဲ "

" ဒါတွေအားလုံးက ငါတို့ရခိုင်လူမျိုးတွေ (ရခိုင်မျိုးနွယ်စုများအပါအဝင်)ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေတယ်။ ငါတို့ဟာ အမျိုးသားတပ်မတော် တစ်ရပ်ကိုကြိုးစားတည်ထောင်နေကြတဲ့ရဲဘော်တွေ ဖြစ်ကြတယ်။ ရခိုင်လက်နက်ကိုင်အင်အားစုတွေထဲမှာ "နံပါတ်(တစ်)" ဖြစ်တယ်။ ဒါပေမဲ့ ဝါးလုံးခေါင်းထဲမှာ လသာနေလို့မရဘူး။ အများကြီး ကြိုးစားရအုံးမယ်။ ငါတို့အမျိုးသားအကျိုးစီးပွား ကာကွယ်ဖို့ရာအတွက် ရှေ့ဆုံးကနေတိုက်ပွဲဝင်နိုင်အောင် ဒီထက်မက ကြိုးစားရမယ် "

" တိုက်ပွဲဝင်တယ်ဆိုတာ အောင်ပွဲရည်မှန်းချက်ပန်းတိုင်ထိ ရောက်အောင် မရပ်မနားချီတက်တိုက်ခိုက်ရမယ့် အောင်ရမယ့်တိုက်ပွဲကို ဆိုလိုတာပဲ "


" ရက္ခိုင့်တပ်မတော်အနေနဲ့ တစ်ချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးလုပ်ငန်းတွေကိုလည်း တက်ကြွစွာနဲ့ ကြိုးစားကျားကန်ဆောင်ရွက်နေတယ်။ Isalimazation နဲ့ Burmanization ကြားမှာ ပိတ်မိနေတဲ့ ရခိုင်လူမျိုးတွေဟာ အမျိုးသားရေး ညီညွတ်မှုကို အရင်တည်ဆောက်ရမှာ

ဖြစ်တယ်။ ဒါမှမဟုတ်ရင် ပြည်တွင်းမှာရော ပြည်ပမှာပါ အဖွဲ့ငယ်တွေ(ဆရာကြီးတွေ)၊လက်နက်ကိုင်အဖွဲ့ သေးသေးသောသော တွေရော ဟိုတစ်ခု ဒီတစ်ခုနဲ့ ဗျူဟာတွေနဲ့ လွဲချော် တိုက်ပွဲတွေပြန့်ကျဲပြီး အမျိုးသားအကျိုးစီးပွားအတွက် တန်ပြန်ဆိုးကျိုးတွေ ကျရောက်လာမှာပဲ "

" ရန်သူလိုချင်တဲ့အကွက်ကလည်း ဒါပဲ။ ရခိုင်လူမျိုးတွေက သမိုင်းအစဉ်အလာကြီးတယ်၊ မျိုးချစ် စိတ်ဓာတ်ပြင်းထန်တယ်။ မြန်မာနိုင်ငံအထဲမှာဆိုရင် လူဦးရေအရလည်း အုပ်စုကြီးတစ်ခုဖြစ်တယ်။ အိမ်နီးချင်း နိုင်ငံနယ်မြေတွေမှာလည်း ရခိုင်မျိုးနွယ်စုတွေ အများကြီးရှိနေတုန်းပဲ။ ဒါကြောင့် မဟာဗမာဝါဒီ နိုင်ငံရေး ခေါင်းဆောင်တွေက လွတ်လပ်ရေးရခါစကပင် မူဂျာဟစ်ဒင် ဘင်္ဂလီကုလားတွေကို တပည့်မွေးပြီး ရခိုင်တွေကို ထိန်းချုပ်နိုင်ဖို့ ရေရှည်စီမံကိန်းချ ကြိုးကိုင်ဆောင်ရွက်ခဲ့တာပဲ။ ရခိုင့်မြေပေါ်မှာ မတန်တဆ လူဦးရေပေါက်ကွဲ မွေးဖွားနေတဲ့ ဘင်္ဂလီကုလားတွေနဲ့ ခိုးဝင်လာတဲ့ ဘင်္ဂလီကုလားတွေဟာ အခုဆိုရင် ရခိုင်တွေရဲ့ အမျိုးသား လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက် လာပြီဖြစ်တယ်။(သူတို့ဆီကိုတောင် တော်တော်များများ ရောက်သွား ကြပြီပဲ။) "

" ရခိုင်လူမျိုးတွေက ရရာကိုကိုင်စွဲပြီး ကိုယ့်တိုင်းပြည် အိုးအိမ်အသက်အန္တရာယ်ကို ကိုယ့်အား ကိုယ်ကိုး ရုန်းကန် ကာကွယ်နေရတယ်။ ရခိုင့်နယ်မြေပေါ်မှာ အင်အား အလုံးအရင်းနဲ့ တပ်စွဲထားတဲ့ မြန်မာစစ်တပ်တွေက တာဝန်မဲ့စွာနဲ့ ဘာမှ ဝင်မလုပ်ပေးဘူး၊ မကာကွယ်ပေးဘူး။ ကုလားတွေကို ရိက္ခာဝယ်ပေး၊ ပိုက်ဆံယူကာ ကာကွယ်ပေးပြီး စီးပွားတောင်ရှာလိုက်သေးတယ်။ ဘယ်လောက်ထိ ခံပြင်းစရာကောင်းသလဲ။ ဒီဘင်္ဂလီပြဿနာအားလုံးရဲ့ လက်သည်တရားခံဟာ အုပ်ချုပ်သူ ဗမာအစိုးရ သာဖြစ်တယ် "

" ငါတို့ဟာ အမျိုးသားနိုင်ငံရေးအပေါ်မှာ အခြေခံတည်ဆောက်ထားတဲ့ ရက္ခိုင့်တပ်မတော်ဖြစ်တယ်။ ရန်သူ့ ပရိယာယ်လှည့်ကွက်၊ရန်သူ့ဗျူဟာကို ကောင်းကောင်း နားလည်ရမယ်။ ရှေ့တမြင် မျက်တမြင် လောက်နဲ့ အရာရာကို မဆုံးဖြတ်နိုင်ဘူး။ မဟာဗျူဟာကျကျ စဉ်းစားတွေးခေါ် လုပ်ကိုင်ရလိမ့်မယ်။ ရန်သူ့ ပရိယာယ်လှည့်ကွက်ကို ထိုးထွင်းမြင်နိုင်စွမ်းရှိရမယ် "

" ကဲ ငါတို့ရခိုင်တွေက ခုအချိန်မှာ ကုလားတစ်ခုတည်း ကိုသာ မဲပြီးမှ မိုးမမြင်လေမမြင်ဖြစ်နေရင် ဘယ်သူတွေ အမြတ်ထွက်မလဲ။ ဦးနှောက်ရှိသူတိုင်း စဉ်းစားတတ်တယ်။ ငါတို့ရဲ့ ရက္ခိုင့်တပ်မတော်ဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် စစ်သားကောင်းတွေ၊အရည်အချင်းရှိတဲ့တပ်မှူးကောင်းတွေကို လေ့ကျင့်ပြုစုပျိုးထောင်ပြီး စနစ်တကျအလုပ်လုပ်နေတဲ့ လူအဖွဲ့အစည်းဖြစ်တယ်၊ မျိုးချစ်တပ်မတော်၊ အမျိုးသားတပ်မတော်ဖြစ်တယ်။ လူနုံ လူအတွေ မဟုတ်ဘူး။ အမျိုးသားအကျိုးစီးပွားကို ထိပါးလာရင်တော့ ဘယ်သူ့ကိုမဆို ချရမှာပဲ။ ဘယ် ကောင်ပဲဖြစ်ဖြစ်ပေါ့ ဒါ ငါတို့တာဝန်ပဲလေ "

" ဒါပေမဲ့ အရေးကြီးတာက အမျိုးသားညီညွတ်ရေးနဲ့ ခိုင်မာတဲ့အမျိုးသားတပ်မတော် ပိုင်ဆိုင်ထားနိုင်ဖို့ ဖြစ်တယ်။ ရခိုင်တစ်မျိုးသားလုံးက တညီတညွတ်တည်းနဲ့ စနစ်တကျ အမျိုးသားရေးလမ်းစဉ်ချမှတ်ပြီး မိမိတို့ အမျိုးသားအကျိုးစီးပွားအတွက် စုစုစည်းစည်း ကြိုးစားလုပ်ကိုင်နိုင်ကြဖို့ဖြစ်တယ် "

" အခုအချိန်မှာရက္ခိုင့်တပ်မတော်အနေနဲ့ လေ့ကျင့် တည်ဆောက်ရေးနဲ့ အမျိုးသားညီညွတ်ရေးကို အလေးပေးဆောင်ရွက်နေတယ်။ ဒါနဲ့ အခုတလော အမျိုးသားညီညွတ်ရေးလုပ်ငန်းတွေကို အမျိုးသားရေး အမြင်နဲ့မကြည့်ပဲ ပုဂ္ဂိုလ်စွဲအမြင်တွေနဲ့ အပြစ်ရှာဆန့်ကျင် နေတဲ့ ညီညွတ်ရေးရဲ့ ရန်သူတွေ ပေါ်ပေါက်လာ နေတယ် "


" အမျိုးသားရေးလုပ်ငန်း(နိုင်ငံရေးလုပ်ငန်း)ဆိုတာက လူအများနဲ့ စုပေါင်း ညှိနှိုင်း လုပ်ကိုင်ရတဲ့ သဘောသဘာဝဖြစ်တယ်။ နိုင်ငံရေး၊ တော်လှန်ရေးလုပ်ငန်းတွေကို အပြောနဲ့လုပ်တဲ့လူတွေများတာတော့ မှန်တယ်။ ဒါပေမဲ့ လက်တွေ့သဘောမှာ အသက်နဲ့ ဘဝကိုပေးပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်တဲ့လူက များများစားစား မရှိပါဘူး။ ရှိနေတဲ့၊ လုပ်ကိုင်နေကြတဲ့ လူတွေက တစ်ယောက်တစ်ပေါက်နဲ့ မညီညွတ်ဘူးဆိုတော့ ခက်မနေဘူးလား။ တစ်ယောက်တစ်ပေါက်ဖြစ်မနေဖို့ ညီညွတ်ရေးကို လိုအပ်နေလို့ စုပေါင်းလုပ်ကိုင်နိုင်ဖို့ရာ အတွက် အမျိုးသားရေး ရှုထောင့်ကနေပြီးတော့မှ လုပ်ကိုင်နေရခြင်းဖြစ်တယ်။ ပုဂ္ဂိုလ်ရေးအားဖြင့် နည်းနည်းမှ လက်မခံချင်တဲ့လူတွေလည်း ပါတာပဲ "

" ငါတို့အနေနဲ့တော့ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ရမှာပဲ။ ဘယ်သူ/ဘယ်ဝါ ကြိုက်၏/ မကြိုက်၏ ဆိုတာထက် မိမိတို့အမျိုးသားရေးညီညွတ်ရေးနဲ့ အမျိုးသားရေးဘုံလမ်းစဉ်(ရက္ခိတပန်းတိုင်ကိုချီတက်နိုင်မယ့်) ရက္ခိတလမ်းစဉ်ကိုချမှတ်ပြီး စုပေါင်းအားထုတ် ကြိုးစားကြရမယ် "

" ညီညွတ်ရေးကို မတည်ဆောက်နိုင်ရင်တော့ ရခိုင်အမျိုးသားလှုပ်ရှားမှုကြီးကိုစနစ်တကျအကောင်အထည် ဖော်နိုင်မှာမဟုတ်ဘူး "

" ဒီအချိန်မှာ အမျိုးသားစည်းလုံးညီညွတ်ဖို့ အရမ်းအရေးကြီးနေတယ်။ "


တပ်မှူးချုပ်
ရက္ခိုင့်တပ်မတော်
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၅) ရက်။

No comments: