Monday, July 8, 2013

ကြေးနီစီမံကိန်းအတွက် စာချုပ်သစ် ချုပ်ဆိုကြမယ်

ABC

စစ်ကိုင်းတိုင်း ​မုံရွာခရိုင် ​အတွင်းက ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းနဲ့ ​ပတ်သက်ပြီး ​အစိုးရနဲ့ ​၀မ်ပေါင်ကုမ္ပဏီတို့ ​စာချုပ်သစ် ​ချုပ်ဆိုကြမှာဖြစ်တဲ့အကြောင်းနဲ့ ​အဲဒီစာချုပ်မှာ ​ဘယ်လို ​အချက်တွေ ​ပါမယ်ဆိုတာကို ​အများပြည်သူကို ​ပွင့်လင်းမြင်သာစေဖို့ ​ချပြမှာ ​ဖြစ်တယ်လို့ ​မြန်မာဝမ်ပေါင် ​ကုမ္ပဏီရဲ့ ​ဒါရိုက်တာ ​Gen ​Yi ​က ​ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ​ဇူလိုင်လ ​၅ ​ရက်နေ့က ​ရန်ကုန်မြို့ ​မြန်မာနိုင်ငံဆိုင်ရာ ​တရုတ်စီးပွါးရေး ​သံရုံးမှာ ​ပြုလုပ်ခဲ့တဲ့ ​တရုတ်ကုမ္ပဏီများနဲ့ ​မြန်မာ့ ​မီဒီယာတွေ ​တွေ့ဆုံပွဲမှာ ​မြန်မာဝမ်ပေါင် ​ကုမ္ပဏီ ​ဒါရိုက်တာက ​ပြောလိုက်တာ ​ဖြစ်ပါတယ်။

အဲဒီမီဒီယာ ​တွေ့ဆုံပွဲမှာ ​တရုတ်ကုမ္ပဏီများ ​အသင်းဥက္ကဋ္ဌ၊ ​မြန်မာနိုင်ငံဆိုင်ရာ ​တရုတ်စီးပွားရေးနှင့် ​ကူးသန်းရောင်းဝယ်ရေး ​သံမှူး ​Mr.Jin ​Hongen ​ပြီးတော့ ​မြစ်ဆုံစီမံကိန်းအတွက် ​တာဝန်ယူ ​လုပ်ကိုင်ခဲ့တဲ့ ​CPI ​ကုမ္ပဏီ၊ ​လက်ပံတောင်းကြေးနီစီမံကိန်း ​လုပ်နေတဲ့ ​မြန်မာဝမ်ပေါင် ​၊ ​လက်ပံတောင်းတောင် ​နီကယ်စီမံကိန်း ​မြန်မာနီကယ် ​ကုမ္ပဏီ ​ဖြစ်တဲ့ ​CNICO ​က ​ကိုယ်စားလှယ်တို့ ​တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ​ရင်းနှီးမြှပ်နှံတဲ့ ​တရုတ်ကုမ္ပဏီ ​စုစုပေါင်း ​၁၃၅ ​ခုကျော် ​ရှိပြီး ​ကမ္ဘာ့အဆင့်မီလုပ်ငန်း၊ ​တစ်ဦးတည်း ​လုပ်ငန်းတွေလည်း ​ပါဝင်ပြီး ​အဓိကအားဖြင့်

ရေနံလုပ်ငန်း၊ ​သတ္တုလုပ်ငန်း၊ ​လျှပ်စစ်လုပ်ငန်း ​၊ ​ဆက်သွယ်ရေးလုပ်ငန်း၊ ​ဆောက်လုပ်ရေး ​လုပ်ငန်း၊ ​စိုက်ပျိုးရေးလုပ်ငန်း၊ ​ရေလုပ်ငန်းနဲ့ ​ကုန်သွယ်ရေး ​လုပ်ငန်း ​အစရှိတဲ့ ​လုပ်ငန်းတွေကို ​ရင်းနှီး ​မြှပ်နှံကြတဲ့ ​အကြောင်း ​မြန်မာနိုင်ငံရှိ ​ရပ်ကွက်တွေမှာလည်း ​ရံပုံငွေတွေ ​ထည့်ဝင်တာ ​သန်းပေါင်းများစွာရှိတဲ့ ​အကြောင်း ​တရုတ် ​ကုမ္ပဏီများ ​အသင်းဥက္ကဋ္ဌက ​စကားပြန် ​ကနေ ​တဆင့် ​ပြောသွား ​ခဲ့ပါတယ်။

'မြန်မာ-တရုတ် ​နှစ်နိုင်ငံ ​ရင်းနှီးမြုပ်နှံမှု ​စုစုပေါင်း ​ပမာဏကတော့ ​ဒေါ်လာ ​၂၀.၇ ​ဘီလီယံရှိပြီး ​မြန်မာဝန်ထမ်းအနေနဲ့ကတော့ ​ဝန်ထမ်းပေါင်း ​နှစ်သောင်းခွဲကျော်နဲ့ ​လုပ်ငန်းဆောင်ရွက်လျက် ​ရှိပါတယ်။ ​လူမှုရေး ​ဝန်ဆောင်မှုတွေအနေနှင့် ​ရပ်ကွက်များတွင် ​ရံပုံငွေ ​စုစုပေါင်း ​ဒေါ်လာ ​၂၀ ​မီလီယံ ​ထည့်လျူထားပြီး ​ဖြစ်ပါတယ်။ ​ဒီငွေတွေနှင့် ​အဓိကလုပ်ထားသော ​လုပ်ငန်းများနှင့် ​စပ်လျဉ်းပြီး ​ကြွရောက်လာကြသော ​ဧည့်သည်တော်များ၊ ​မီဒီယာများ၊ ​သတင်းထောက်များ ​အကျဉ်းချုပ် ​လေ့လာရန် ​ခင်းကျင်းပြသထားပါတယ်။"

တရုတ်နိုင်ငံအနေနဲ့ ​ရင်းနှီးမြှုပ်နှံမှု ​လုပ်ငန်းတွေ ​လုပ်တဲ့အခါ ​မြန်မာနိုင်ငံနဲ့ ​ချုပ်ဆိုထားတဲ့စာချုပ်၊ ​သဘောတူညီချက်၊ ​ခံဝန်စာချုပ်ပါ ​သတ်မှတ်ချက်အတိုင်း ​လိုက်နာဆောင်ရွက် ​သွားမှာဖြစ်တဲ့အကြောင်း ​အဆိုပါ ​သတင်းမီဒီယာများနဲ့ ​တွေ့ဆုံပွဲမှာ ​မြန်မာနိုင်ငံဆိုင်ရာ ​တရုတ်စီးပွားရေးနှင့် ​ကူးသန်းရောင်းဝယ်ရေး ​သံမှူး ​Mr.Jin ​Hongen ​က ​ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ​ပါဝင်တဲ့ ​CPI ​ကုမ္ပဏီရဲ့ ​တာဝန်ရှိသူကတော့ ​အစိုးရသစ် ​လက်ထက်မှာ ​ရပ်ဆိုင်းထားရတဲ့ ​မြစ်ဆုံစီမံကိန်းကို ​ပြန်လည်စတင်ဖို့ဆိုတာ ​မြန်မာ ​အစိုးရ ​အပေါ်မှာသာ ​မူတည်တဲ့အကြောင်း ​ပြောကြားခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မေငယ်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: