Friday, July 12, 2013

မျိုးဆက်သစ်လူငယ်များအဖွဲ့ အတွင်းရေးမှူး အဖမ်းခံရ

ABC

မျိုးဆက်သစ်လူငယ်များ ​Generation ​Wave ​အဖွဲ့ရဲ့ ​အတွင်းရေးမှူး ​ကိုဝေဖြိုးကို ​ပြီးခဲ့တဲ့ ​ဇူလိုင်လ ​၁၀ရက်နေ့က ​ပဲခူးတိုင်းပြည်မြို့ရဲတွေက ​ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။

သူ့ကို ​ပြီးခဲ့တဲ့ ​၂၀၁၁ ​ခုနှစ်က ​ရန်ကုန်မြို့မှာ ​နိုင်ငံရေးအကျဉ်းသား ​လွတ်မြောက်ရေး ​လှုပ်ရှားမှုမှာ ​ဦးဆောင်ခဲ့ ​တာကြောင့်ဆိုပြီးတော့ ​ဇူလိုင်လ ​၁၀ ​ရက်နေ့က ​ပြည်မြို့မှာ ​သင်တန်းတစ်ခုပို့ချဖို့ ​ရောက်ရှိနေချိန်မှာပဲ ​ရဲအာဏာပိုင်တွေက ​ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ ​သူ့ကိုဖမ်းဆီးခဲ့မှုနဲ့ ​ပတ်သက်ပြီး ​မျိုးဆက်သစ်လူငယ်များအဖွဲ့က ​ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ​ကိုမိုးသွေး ​က ​အခုလို ​ပြောပြပါတယ်။

“အဲ့သင်တန်းအပြီးမှာ ​သူတည်းနေတဲ့ ​ဟော်တယ်မှာ ​ရဲတွေက ​လာတယ် ​လာပြီးတော့ ​သူ့ကို ​အအေးသောက်ရအောင် ​ဆိုပြီးတော့ ​ခေါ်သွားတယ် ​ခေါ်သွားပြီးတော့ ​ဟိုရဲစခန်းရောက်တဲ့အခါ ​ကြတာ့ ​သူ့ကို ​ဖမ်းလိုက်တယ်ဆိုပြီးပြောတယ်။ ​ပြောတော့ ​ဘာအမှုလည်းဆိုတော့ ​ပြီးခဲ့တဲ့ ​၂၀၁၁ ​ခုနှစ် ​ဇူလိုင်လမှာတုန်းက ​ကျနော်တို့ ​နိုင်ငံရေး ​အကျဉ်းသား ​လွတ်မြောက်ရေးဆိုပြီးတော့ ​GW ​ကနေပြီးတော့ ​ကျနော်တို့ ​ပိုစတာ ​ကမ်ပိန်း ​တစ်ခု ​လုပ်ထားတာ ​ရှိတယ် ​အဲ့ဒီမှာတုန်းက ​သူနဲ့အတူပါခဲ့တဲ့ ​လူငယ်နှစ်ယောက်က ​အဖမ်းခံလိုက်ရပြီး ​သူကတော့ ​လွတ်မြောက်ခဲ့တယ်ပေါ့။ ​အဲ့ဒီမှာ ​ကိုဝေဖြိုးကိုတော့ ​သူတို့က ​တရားခံပြေး ​အနေနဲ့ ​ရဲကနေပြီးတော့မှ ​စာရင်းထဲမှာ ​ထည့်ထားတယ်ပေါ့လေ ​ဆိုတော့ ​အဲ့အမှုနဲ့ ​ပြန်ဆွဲတာလို့ ​သိရပါတယ်။” 

ကိုဝေဖြိုးကို ​ဖမ်းဆီးခဲ့ပြီး ​တရက်ထဲမှာပဲ ​တရားရုံးတင် ​စစ်ဆေးမှုပြုလုပ်ဖို့ ​စီစဉ်နေပေမယ့် ​သူ့ရဲ့အမူတွဲဖိုင်ရှာမတွေ့တဲ့အတွက် ​ဇူလိုင်လ ​၂၄ရက်နေ့မှာရက်ချိန်းရွှေ့လိုက်ပါတယ်။ ​အခုလောလောဆယ်မှာတော့ ​သူ့ကို ​ပြည်မြို့အမှတ် ​၁ ​ရဲစခန်းမှာ ​ချူပ်နှောင်ထားတယ်လို့ ​ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ​ကိုဝေဖြိုး ​အပါအ၀င် ​ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​အားလုံးကို ​ခြွင်းချက်မရှိ ​ချက်ချင်းလွတ်ပေးဖို့ ​မျိုးဆက်သစ်လူငယ်များအဖွဲ့က ​အစိုးရကို ​တောင်းဆိုလိုက်တဲ့အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးက ​သတင်းပေးပို့ထားပါတယ်။

No comments: