Tuesday, July 9, 2013

ကလေးစစ်သား ၄၂ ယောက် မိသားစုလက်ထဲ ပြန်ရောက်

ABC

မြန်မာနိုင်ငံအစိုးရက ​စစ်တပ်တွင်းက ​ကလေးငယ်နဲ့ ​လူငယ် ​၄၂ ​ယောက်ကို ​မိသားစုတွေရဲ့ ​လက်ထဲ ​ပြန်လည်အပ်နှံလိုက်ပြီလို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။

ကလေးငယ်နဲ့ ​လူငယ် ​၄၂ ​ယောက်ကို ​မြန်မာ့တပ်မတော်က ​သူတို့ ​မိဘရဲ့ ​လက်ထဲ ​ပြန်လည် ​အပ်နှံခဲ့တဲ့အပေါ် ​ဝမ်းသာမိကြောင်း ​ဒါပေမယ့် ​ကျန်ရှိနေသေးတဲ့ ​ကလေးငယ်တွေကို ​အမြန်ဆုံး ​မိဘတွေရဲ့ ​လက်ထဲ ​ပြန်လည် ​လွဲအပ်ပေးဖို့လည်း ​ကုလသမဂ္ဂက ​တောင်းဆိုလိုက်ပါတယ်။

အခု ​မိဘလက်ထဲ ​ပြန်လည် ​ပို့ဆောင်ပေးခဲ့သူတွေထဲက ​၃၄ ​ယောက်ဟာ ​အသက် ​၁၈ ​နှစ်အောက် ​ကလေးတွေ ​ဖြစ်ကြပြီး ​ကျန် ​၈ ​ယောက်ကတော့ ​ငယ်ငယ်ကတည်းက ​စစ်တပ်ထဲ ​ထည့်သွင်း ​ခံရသူတွေ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ ​ထားရှိတဲ့ ​သဘောတူညီချက်အရ ​မြန်မာစစ်တပ်က ​၂၀၁၂ ​ခုနှစ် ​စက်တင်ဘာလတုန်းကလည်း ​ကလေးစစ်သား ​၄၂ ​ယောက်ကို ​မိဘတွေဆီ ​ပြန်လည်အပ်နှံပြီး ​ဖေဖော်ဝါရီလမှာလည်း ​၂၄ ​ကို ​အပ်နှံခဲ့ပါတယ်။

မြန်မာ့တပ်မတော်အတွင်း ​ကလေးစစ်သား ​ဘယ်နှစ်ယောက်ရှိသလဲဆိုတာ ​အတိအကျ ​မသိရပေမယ့် ​ကုလသမဂ္ဂရဲ့အဆိုအရ ​၂၀၀၆ ​ခုနှစ်ကစပြီး ​ခုချိန်ထိ ​မြန်မာ့တပ်မတော်က ​ကလေးစစ်သား ​အယောက်ပေါင်း ​၅၂၀ ​ကို ​မိဘတွေရဲ့ ​လက်ထဲ ​ပြန်လည်လွဲအပ်လိုက်ပြီလို့ ​ပြောပါတယ်။

No comments: