Friday, July 12, 2013

မြန်မာကိုပိုမိုဖိအားပေးဖို့ OICအဖွဲ့တွေ ကုလကိုတိုက်တွန်း

ABC

မြန်မာနိုင်ငံအတွင်းမှာ ​နေထိုင်နေကြတဲ့ ​မွတ်စလင်လူမျိုးဟာ ​အခက်အခဲတွေကို ​ရင်ဆိုင်နေရတာ ​ကာလတခုအထိ ​ကြာနေပြီဖြစ်တဲ့အတွက် ​အာဏာရှင်ဆန်တဲ့ ​လုပ်ရပ်တွေကို ​ရပ်တန့်ဖို့အတွက် ​ဖိအားပေးဖို့ ​အစ္စလာမ် ​ဘာသာကိုးကွယ်တဲ့နိုင်ငံတွေက ​မနေ့က ​ကုလသမဂ္ဂကို ​တောင်းဆိုလိုက် ​ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ ​ဘာသာရေး၊ ​လူမျိုးရေး ​ပဋိပက္ခတွေဟာ ​လွန်ခဲ့တဲ့နှစ်နှစ်က ​စတင် ​ပြောင်းလဲလာနေတဲ့ ​မြန်မာ့နိုင်ငံရေးကို ​အရိပ်ဆိုး ​တခုလို ​ကျရောက်နေတယ်လို့ ​ဆိုပါတယ်။

Organization ​of ​Islamic ​Cooperation ​(OIC) ​အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ​ကုလသမဂ္ဂဆိုင်ရာ ​ဆော်ဒီအာရေးဗီးယား ​နိုင်ငံကိုယ်စားလှယ် ​Abdullah ​al-Mouallemi-အဒူလာအယ်မိုလ်လီမီ ​က ​မြန်မာနိုင်ငံအတွင်းမှာ ​ဖြစ်နေတဲ့ ​ပြဿနာတွေနဲ့ပတ်သက်ပြီး ​ကုလသမဂ္ဂအနေနဲ့ ​ဖိအားပေးသင့်တယ်လို့ ​ကုလသမဂ္ဂကို ​ပြောပါတယ်။

မြန်မာနိုင်ငံဟာ ​အခုချိန်မှာ ​ကမ္ဘာတ၀ှမ်းနဲ့ ​ပဏာသင့်နေတဲ့အချိန်ဖြစ်ကြောင်း၊ ​တစ်ခုတည်းသော ​ပြဿနာကတော့ ​အဲဒီပဏာသင့်မှုဟာ ​မွတ်စလင်တွေရဲ့ ​ခန္ဓာကိုယ်တွေနဲ့ ​တည်ဆောက်နေတယ်ဆိုတဲ့အကြောင်း ​ဆော်ဒီအာရေးဘီးယားနိုင်ငံ ​ကိုယ်စားလှယ် ​အဒူလာအယ်မိုလ်လီမီ ​ကပြောလိုက်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ​အထူးသဖြင့် ​ရိုဟင်ဂျာမွတ်စလင်တွေနဲ့ပတ်သက်တဲ့ ​အရေးယူ ​လုပ်ဆောင်ချက် ​တွေ ​ပိုမိုပြုလုပ်ဆောင်ဖို့အတွက် ​အိုအိုင်စီအဖွဲ့ဝင်နိုင်ငံ ​ကိုယ်စားလှယ်တွေ ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူး ​Ban-Ki-Moon ​နဲ့ ​ဗုဒ္ဓဟူးနေ့မှာတွေဆုံစဉ်အတွင်း ​ပြောခဲ့ကြတာ ​ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ​မြန်မာနိုင်ငံမှာ ​လူပေါင်း ​၄၄ဦးသေဆုံးခဲ့တဲ့ ​မိထ္တီလာမြို့ ​ပဋိပက္ခနဲ့ ​ပတ်သက်ပြီး ​ဖမ်းဆီးခံနေရတဲ့လူတွေကို ​တရားရုံးကရုံးတင်စစ်ဆေး ​ပစ်ဒဏ်ချမှတ်မှုတွေလုပ် ​ဆောင်နေပါတယ်။

မိထ္တီလာ ​ပဋိပက္ခအတွင်း ​လူသတ်မှုနဲ့ ​တရားရုံးက ​နောက်ထပ်လူ ​၂၃ဦးကိုလည်း ​ထောင်ဒဏ် ​နှစ်နှစ်ကနေ ​၁၅နှစ်အထိ ​ချမှတ်လိုက်တယ်လို့သိရပါတယ်။ ​ပြီးခဲ့ ​အင်္ဂါနေ့တုန်းကလည်း ​ပဋိပက္ခကြောင့် ​ဖမ်းဆီးခံထား ​ရတဲ့ ​မွတ်စလင်လူမျိုး ​လေးဦးကို ​ထောင်ဒဏ် ​ခုနှစ်နှစ်ကနေ ​တစ်သက်တစ်ကျွန်းအထိချမှတ်လိုက်ပါတယ်။

မကြာသေးခင်ကပဲ ​ပထမဦးဆုံးအကြိမ်အဖြစ် ​ဗုဒ္ဓဘာသာဝင် ​အမျိုးသား ​နှစ်ဦးကို ​မိထ္တီလာ ​ပဋိပက္ခ ​အတွင်း ​လူသတ်မှုနဲ့ ​ထောင်ဒဏ် ​၇နှစ် ​နှစ်ဆီချမှတ်ခဲ့တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​မေလအတွင်းမှာလည်း ​မိထ္တီလာပဋိပက္ခနဲ့ ​ဗုဒ္ဓဘာသာ ​သံဃာတော်တစ်ပါးကို ​သတ်ခဲ့တဲ့အမှုနဲ့ ​မွတ်စလင် ​လူမျိုး ​၇နှစ်ဦးကို ​ထောင်ဒဏ် ​၂နှစ်ကနေ ​၂၈နှစ်အထိ ​ချမှတ်ခဲ့ပြီးတော့ ​ဧပြီလ ​တုန်းကလည်း ​မွတ်စလင် ​လူမျိုး ​သုံးဦးကို ​ထောင်ဒဏ် ​၁၄နှစ် ​ချမှတ်ခဲ့တယ်လို့သိရပါတယ်။

No comments: