Thursday, September 12, 2013

ဒေါ်စု ပိုလန်ပါလီမန်ကို လမ်းလျှောက်သွားခဲ့ရ

ABC

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ၊ ​ပြည်သူ့ ​လွှတ်တော် ​အမတ် ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဥရောပသုံးနိုင်ငံခရီးစဉ် ​အဖြစ် ​ပိုလန်နိုင်ငံကို ​ဗုဒ္ဓဟူးနေ့ ​မနက်ပိုင်းက ​ရောက်ရှိသွားခဲ့ပါတယ်။

ပိုလန် ​လွှတ်တော် ​နှစ်ရပ်က ​အမတ်တွေနဲ့ ​တွေ့ဆုံဖို့ပါလီမန် ​အသွားလမ်းမှာ ​ပိုလန် ​အစိုးရကို ​ဆန့်ကျင် ​ဆန္ဒပြနေတဲ့ ​လူအုပ်ကြီးကြောင့် ​သူမ ​စီးနင်းလိုက်ပါလာတဲ့ ​ကားကို ​ရပ်ပြီး ​မိုးတွေ ​သည်းသည်း ​မည်းမည်း ​ရွာနေတဲ့ ​ကြားက ​ပိုလန် ​ပါလီမန်ကို ​ခြေလျင် ​လမ်းလျှောက်သွားခဲ့ရပါတယ်။

အခုလို ​ဆန္ဒပြမှုကြောင့် ​လမ်းပိတ်ဆို့လို့လမ်းလျှောက်ခဲ့ ​ရတာနဲ့ ​ပတ်သက်ပြီး ​ဒီလိုလုပ်ဆောင်မှုဟာ ​ဒီမိုကရေစီ ​စနစ်ကို ​လက်တွေ့ ​ကျင့်သုံး ​နေတာကို ​မြင်ရတဲ့ ​အတွက် ​စိတ်ဝင်စားဖို့ ​ကောင်းတဲ့ ​အကြောင်း ​နဲ့ ​အခု ​ဖြစ်ပျက်ခဲ့တဲ့ ​အခြေအနေကြောင့် ​စိတ်မပျက် ​ပါဘူးလို့ ​ဒေါ်အောင်ဆန်းစုကြည် ​သတင်း ​သမားတွေကို ​ပြောကြားခဲ့ပါတယ်။

ပိုလန်နိုင်ငံ ​အနေနဲ့ ​မြန်မာ့ ​ဒီမို ​ကရေစီရေးကို ​ထောက်ခံ ​အားပေးကြောင်းနဲ့ ​ပိုလန် ​နိုင်ငံရဲ့ ​ဒီမိုကရေစီ ​အသွင် ​ကူးပြောင်းမှု ​ဆိုင်ရာ ​လွှတ်တော် ​အတွေ့ ​အကြုံတွေနဲ့ ​ပတ်သက်ပြီး ​လွှတ်တော် ​ဥက္ကဌတွေက ​ဒေါ်အောင်ဆန်းစုကြည်ကို ​ရှင်းလင်း ​ပြောဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ပိုလန်နိုင်ငံ ​သုံးရက်ကြာ ​ခရီးစဉ် ​အတွင်း ​ကြာသပတေး ​နေ့မှာတော့ ​ပိုလန် ​နိုင်ငံရေး ​ခေါင်းဆောင် ​တွေနဲ့ ​တွေ့ဆုံဖို့ ​ရှိသလို ​ဝါဆော ​တက္ကသိုလ် ​မှာလည်း ​မိန့်ခွန်း ​ပြောဖို့ ​ရှိပါတယ်။

No comments: