Friday, September 13, 2013

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင် ၁၀ ဦး အမှု စီရင်ချက် မချဘဲ ရက်ရွေ့ဆိုင်း

မောင်အေး

ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရုတ် CNPC ကုမ္ပဏီကို ကန့်ကွက် ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ၁၀ ဦးကို ယ နေ့တရုံးမှ စီရင်ချက်ချမည်ဟု စီစဉ်ထားသော်လည်း ဆုံးဖြတ်ချက်မချဘဲ ရက်ရွေ့ပြောင်း လိုက်ကြောင်း သိရ သည်။

ယခုကဲ့သို့ စီရင်ချက်မချဘဲ ရက်ရွေ့လိုက်သည့် အကြောင်းကို တရားစွဲခံထားရသူ တစ်ဦးဖြစ်သူ ကိုထွန်းကြည် က ယခုကဲ့သို့ပြောသည်။ “ ဟုတ်ကဲ့ ကျွန်တော်တို့ ဒီနေ့ တရားရုံးကိုရောက်သွားပါတယ်။ တရားသူကြီးက ကျွန်တော်တို့ ၁၀ ဦးနာမည်ကိုခေါ်ပြီးတော့ ဒီနေ့ ဆုံးဖြတ်ချက်မချဖြစ်ဘူး။

စက်တင်္ဘာ ၁၉ ရက်နေ့ ရုံးချိန်းဆိုပြီး ပြောပါတယ်။ ဘာကြောင့် ကျွန် တော်တို့ကို ဆုံးဖြတ်ချက်တာလည်းလို့ ကျွန်တော်မေးတဲ့အခါ တရားသူကြီးက စီရင်ချက်ရေးလို့ မပြီးသေးတဲ့ အတွက် ဖြစ်တယ်လို့ပြောပါတယ်။”
ယခုကဲ့သို့ အပြီးသတ်စီရင်ချက်ချရန် စီစဉ်ထားပြီးမှ နောက်ထပ်ရုံးချိန်းပြောင်း ရွေ့လိုက်သည့်အပေါ် သူ့ အမြင်ကို ကိုထွန်းကြည်က ယခုကဲ့သို့ပြောသည်။ “ ကျွန်တော်မြင်တာက ဒီအမှုကို တရားသူကြီးကိုယ်တိုင် သူ့အာဘော်နဲ့ ဆုံးဖြတ်လို့ မရဘူးလို့ မြင်တယ်။

တရားသူကြီးရဲ့ အထက်မှာ ချုပ်ကိုင်ထားတဲ့သူရှိနေတယ်။ ဥပမာ ဒီအမှုကို ဘယ်လောက် ချလိုက်။ လွတ်လိုက် ဆိုတဲ့ အပေါ်က ချုပ်ကိုင်ထားတာရှိနေတယ်လို့ ကျွန်တော်တို့မြင်နေရတယ်။”
တရားသူကြီးတစ်ဦးအနေဖြင့် အမှုတခုကို စီရင်ချက်ရေးရန် ၂ ပတ်နီးပါး အချိန် ယူထားပြီဖြစ်သော်လည်း အမှု စီရင်ချက်ရေးသားမှု မပြီးသေးဟုဆိုခြင်း လုံလောက်သည့် အကြောင်းပြချက်မဟုတ်ကြောင်းလည်း ကို ထွန်း ကြည်က ပြောသည်။

ယနေ့တွင် သူတို့ ၁၀ ဦးကို အပြီးသတ်စီရင်ချက် ချမည်ဖြစ်သည့်အတွက် တရားရုံးတွင် လုံးခြုံရေး တင်းကျပ် ထားပြီး တရားစွဲခံထားရသူ ၁၀ ဦးမှအပ အခြားမိသားစုဝင် တစ်ဦး တစ်ယောက်ကိုမှ ခရိုင်ရဲမှူးက တရားရုံးသို့ ၀င်ခွင့်မပြုခဲ့ဟု သိရသည်။ တရားစွဲခံထားရသူ ၁၀ ဦးမှာ ကိုထွန်းကြည်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်မောင်စိုး၊ ဦတင်ဦးကျော်၊ ဦးမောင်မောင်မြင့်၊ ဦးမောင်ယဉ်လှ၊ ဦးမောင်မြင့်နိုင်၊ ဦးမောင်သန်းအေး၊ ဦးထွန်းရွှေနု၊ ဦးမောင်ဖြူသီး တို့ ဖြစ်ကြသည်။

No comments: