Thursday, September 12, 2013

ငါးဖမ်းလုပ်ငန်းလျော့ကျ၊ ရေထွက် ပစ္စည်း ဈေးတက်

ABC

ငါး၊ ​ပုဇွန်တွေ ​ရှားပါးနေတဲ့အတွက် ​ပြည်တွင်း ​ပြည်ပဈေးကွက်မှာ ​ရေထွက်ပစ္စည်းတွေ ​ဈေးနှုန်းမြင့်တက်နေတယ်လို့ ​သိရပါတယ်။

မိုးရာသီအတွင်း ​ငါးဖမ်းစက်လှေတွေ ​အ ​ထွက် ​နည်း ​နေတာကြောင့် ​ဈေးကွက်အတွင်းမှာ ​ငါး၊ ​ပုဇွန်တွေ ​ရှားပါးတဲ့အတွက် ​ရေထွက် ​ပ ​စ္စည်း ​တွေ ​ဈေးနှုန်း ​မြင့်တက် ​နေတာ ​ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ​မြန်မာနိုင်ငံမှာ ​ငါးမွေးမြူရေး ​ကန်ပေါင်း ​၄သိန်းခွဲ ​ကျော်ရှိပေမယ့် ​ငါးမွေးမြူရေးလုပ်ငန်းတွေ ​၂ ​နှစ်ဆက်တိုက် ​အရှုံးပေါ်နေရတဲ့အတွက် ​ငါးမွေးမြူမှုတွေ ​လျော့ကျနေတာကလည်း ​ရေထွက်ပစ္စည်းတွေ ​ရှားပါးနေရခြင်းရဲ့ ​အကြောင်းတစ်ရပ် ​ဖြစ်တယ်လို့ ​မြန်မာနိုင်ငံ ​ငါးလုပ်ငန်း ​ဦးစီးဌာန ​အထွေတွေ ​အတွင်းရေးမှုး ​ဦးဝင်းကြိုင် ​က ​ပြောပါတယ်။

“ဆုံးရှုံးမှုတွေနဲ့ ​ရင်ဆိုင်ရတဲ့ ​အခါကျတော့ ​အရင်းအနှီးလည်းမရှိဘူး။ ​လုပ်ငန်းကလည်းမသေချာတဲ့ ​အခါကျတော့ ​တဖြည်းဖြည်းနဲ့ ​လုပ်ငန်းကထုတ်လုပ်မှုကျလာတယ်။ ​မွေးမြူတာတွေလျော့လာတဲ့ ​သဘောရှိတယ်။ ​ရှုံးတော့ ​မမွေးကြဘူး၊ ​မမွေးတာကြာတော့ ​ကုန်ပစ္စည်းကရှားသွားတယ်။ ​ရှားတော့ ​ရှိတဲ့ပစ္စည်းကဈေးကောင်းလာတဲ့ ​သဘောရှိတယ်။”

ဒီလိုရေထွက်ပစ္စည်းတွေ ​အထွက်နည်းပြီး ​ဈေးနှုန်းမြင့်တက်နေပေမယ့် ​ပြည်ပဈေးကွက် ​ကနေရေထွက်ပစ္စည်း ​မှာယူမှု ​မြင့်တက်နေကြောင်း ​၊ ​ဈေးကွက်လိုအပ်ချက်အရ ​ပြည်ပပို့ကုန် ​ဈေးကွက်မှာ ​ရေငန်ငါးတွေ ​မှာယူသူများပြားပြီး၊ ​ပြည်တွင်းဈေးကွက်မှာရေချိုငါးတွေ ​စားသုံးသူများပြားတယ်လို့လည်း ​သိရပါတယ်။

လက်ရှိပြည်တွင်းပြည်ပ ​ဈေးကွက်မှာ ​အဆင့်သတ်မှတ်ချက် ​S2 ​အရွယ်အစားငါးတွေရဲ့ ​ဈေးနှုန်းက ​၂၉၀၀ ​ရှိပြီး၊ ​S3 ​အရွယ်အစား ​ငါးတွေကတော့ ​၃၂၀၀ ​အထိ ​ဈေးရရှိနေပြီး ​၊ ​ဒီဈေးနှုန်းတွေဟာ ​မနှစ်က ​ငါးဈေးတွေနဲ့ ​ယှဉ်ကြည့်လျှင် ​တစ်ပိသာကို ​၁၂၀၀ ​ကျပ်ခန့် ​ပိုဈေးတက်သွားတယ်လို့လည်း ​သိရပါတယ်။

မြန်မာနိုင်ငံကနေနှစ်စဉ် ​ရေထွက်ပစ္စည်း ​မက်ထရစ်တန် ​၃သိန်း၇သောင်းကျော် ​ကိုနိုင်ငံခြားကို ​တင်ပို့ပေးလျက်ရှိပေမယ့် ​အိမ်နီးချင်းနိုင်ငံတွေရဲ့ ​ပြည်ပကိုတင်ပို့မှုနဲ့ ​နှိုင်းယှဉ်ကြည့်ရင် ​၁၀% ​လျော့ ​နည်းနေသေးကြောင်း ​နိုင်ငံခြားကို ​ပိုမိုတင်ပို့နိုင်ဖို့ ​အရင်းအနှီး၊ ​နည်းပညာနဲ့ ​ဈေးကွက် ​ကောင်းကောင်းကိုရှာဖွေဖို့ ​အခက်အခဲတွေ ​ရှိနေကြောင်း ​ဦးဝင်းကြိုင်က ​ပြောပါတယ်။

ရေထွက်ပစ္စည်းတင်ပို့မှုကနေနိုင်ငံတော် ​၀င်ငွေအဖြစ် ​၂၀၁၂-၂၀၁၃ ​ဘဏ္ဍာရေးနှစ်အတွက် ​အမေရိကန်ဒေါ်လာသန်း၆၅၀ ​ကျော် ​ရရှိခဲပြီးအခုလာမယ့် ​၂၀၁၃-၂၀၁၄ ​ဘဏ္ဍာရေးနှစ်အတွက် ​အမေရိကန်ဒေါ်လာသန်း ​၇၀၀ ​ကျော် ​ရရှိဖို့ ​မျှော်မှန်းထားတယ်လို့ ​ဦးဝင်းကြိုင်က ​ပြောဆိုထားတဲ့ ​အကြောင်းကိုရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​ဆုဝေ ​က ​သတင်းပေးပို့ထားပါတယ်။

No comments: