ABC
ဘရူနိုင်းနိုင်ငံမှာ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာ စတင်မယ့် ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN ရဲ့ ထိပ်သီးစည်းဝေးပွဲကို မြန်မာသမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ဖို့အတွက် ရောက်ရှိနေပြီ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် မြန်မာနိုင်ငံက ဥက္ကဋ္ဌတာဝန်ကို တရားဝင် လက်ခံရယူမယ့် အစီအစဉ်တရပ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်လာပြီး ၁၆ နှစ်ကြာမှ အလှည့်ကျ ဥက္ကဌရာထူးကို ပထမဆုံးအကြိမ်အဖြစ် လက်ခံ ရယူတာလည်း ဖြစ်ပါတယ်။
အခုကျင်းပမယ့် အစည်းအဝေးဟာ အာဆီယံနိုင်ငံများ အကြား ၄၆ နှစ်သက်တမ်းရှိတဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်ဖို့ ၊ ဒေသတွင်း စီးပွားရေးနဲ့ လုံခြုံရေး အစီအစဉ်တွေအတွက် အဓိက ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ ဒေသတွင်းမှာ ပင်လယ်ရေ ပိုင်နက် အငြင်းပွားနေမှုတွေကို ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာကိုလည်း အဓိကထား ဆွေးနွေးသွားဖို့ရှိနေပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးစည်းဝေးပွဲကို အမေရိကန်သမ္မတ ဘာရတ် အိုဘားမား မူလက တက်ရောက်ဖို့ စီစဉ်ထားပေမယ့်လည်း အမေရိကန် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားခဲ့တာကြောင့် သူ့ရဲ့ ခရီးစဉ်ကို ဖျက်လိုက်ရပါတယ်။
အမေရိကန် သမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်ဖို့ ရှိနေပါတယ်။

No comments:
Post a Comment