Wednesday, December 11, 2013

ဒေါ်​စု​လွတ်​မြောက်​ရေး ​ဆု​တောင်း​ခဲ့​မှု​ဖြင့် ​နော်​အုန်း​လှ​ကို ​အ​မှု​ဖွင့်

DVB

ဒေါ်​အောင်​ဆန်း​စု​ကြည် ​နေ​အိမ်​အ​ကျယ်​ချုပ် ​ကျ​ခံ​နေ​ရ​စ​ဉ်​က ​ပြန်​လည်​လွတ်​မြောက်​ရေး ​အ​တွက်ေ​ရွှ​တိ​ဂုံ​ဘု၇ား​မှာ ​အ​ပတ်​စ​ဉ် ​အ​င်္ဂါ​နေ့​တိုင်း ၀တ်​ပြု​ဆု​တောင်း​ခဲ့​မှု​နဲ့ ​နိုင်​ငံ​ရေး ​တက်​ကြွ​လှုပ်​ရှား​သူ ​နော်​အုန်း​လှ​ကို ​အ​မှု​ဖွင့် ​အ​ရေး​ယူ​ထား​တယ်​လို့ ​သူ့​ရဲ့ေ​ရှ့​နေ​ဖြစ်​သူ​က ​ပြော​ပါ​တယ်။

တက်​ကြွ​လှုပ်​ရှား​သူ ​နော်​အုန်း​လှ​ဟာ ​လက်​ပံ​တောင်း​တောင်​မှာ ​သံ​ဃာ​တော်​တွေ ​အ​ကြမ်း​ဖက် ​ဖြို​ခွင်း​ခံ​ရ​တဲ့ ၁ ​နှစ်​ပြည့် ​အ​ထိမ်း​အ​မှတ်​အ​ဖြစ် ​ရန်​ကုန်​မြို့ ​တ​ရုတ်​သံ​ရုံးေ​ရှ့​မှာ ​ဆ​န္ဒ​ပြ​ပြီး ​တ​ရုတ်​နိုင်​ငံ​တော်​အ​လံ​ကို ​မီး​ရှို့​ခဲ့​တဲ့​အ​တွက် ​ပုဒ်​မ ၅၀၅ ​နိုင်​ငံ​တော် ​ဆူ​ပူ​အုံ​ကြွ​စေ​မှု​နဲ့​ ​ဖမ်း​ဆီး​ထိန်း​သိမ်း​ခံ​ရ​ပြီး ​တ​ရား​ရင်​ဆိုင်​နေ​တာ ​ဖြစ်​ပါ​တယ်။

သူ့​ကို ​ဒ​ဂုံ​မြို့​နယ် ​တ​ရား​ရုံး​မှာ ​ဒီ​နေ့ ​ရုံး​ထုတ်​တဲ့​အ​ချိန်​မှာ ၂၀၀၇ ​ခု​နှစ် ​မေ​လ​က ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​လွတ်​မြောက်​ရေး​အ​တွက်ေ​ရွှ​တိ​ဂုံ​စေ​တီ​တော်​မှာ ၀တ်​ပြု ​ဆု​တောင်း​တုန်း​က ​အ​များ​ပြည်​သူ​ကို ​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​တဲ့ ​ပုဒ်​မ ၂၉၆ ​နဲ့ ​ဒ​ဂုံ​မြို့​နယ်​တ​ရား​ရုံး​မှာေ​ရွှ​တိ​ဂုံ​ဂေါ​ပ​က​အ​ဖွဲ့ ​ဒု​ရုံး​အ​ဖွဲ့​မှူး ​ဦး​မောင်​မောင်​တင့်​က ​တ​ရား​လို​လုပ် ​ထပ်​မံ ​အ​မှု​ဖွင့်​ထား​တယ်​လို့ေ​ရှ့​နေ ​ဦး​ရော​ဘတ်​စန်း​အောင်​က ​ပြော​ပါ​တယ်။

ဒီ​စွဲ​ဆို​ချက်​နဲ့​ပတ်​သက်​ပြီး ​ဒေါ်​နော်​အုန်း​လှ​ရဲ့ ​တုံ့​ပြန်​ချက်​နဲ့ ​ဥ​ပ​ဒေ​ကြောင်း​အ​ရ ၂၀၀၇ ​ခု​နှစ်​က ​တ​ရား​စွဲ​ဆို​ခဲ့​ခြင်း ​မ​ရှိ​တာ​ဟာ ​ရဲ​တွေ​က ​တာဝန်​ပျက်​ကွက်​နေ​တဲ့ ​သ​ဘော​ဖြစ်​တဲ့ ​အ​ကြောင်း ​ဦး​ရော​ဘတ်​စန်း​အောင်​က ​ပြော​ပါ​တယ်။

“​ဒေါ်​နော်​အုန်း​လှ​က ​သူ့​ကို ​အဲ​ဒီ​ဟာ​နဲ့ ​ပတ်​သက်​ပြီး​တော့ ​တ​ရား​စွဲ​ဆို​တာ​လည်း ​သူ​မ​သိ​ရ​ဘူး​။ ​သူ​က ​ထွက်​ပြေး​နေ​တာ​လည်း ​မ​ဟုတ်​တဲ့​အ​တွက် ​အ​ခု​လို ​တ​ရား​ခံ​ပြေး​အ​ဖြစ် ​တ​ရား​စွဲ​တာ​ဟာ ​သူ့​အ​တွက် ​နစ်​နာ​ရ​ပါ​တယ်​လို့ ​သူ ​တ​ရား​ရုံး​မှာ ​တင်​ပြ​ပါ​တယ်။ ​သူ​တို့​က ​အဲ​ဒီ​တုန်း​က​တော့ ​တ​ရား​ခံ​ပြေး​အ​မှု​နဲ့ ​ထား​ခဲ့​တယ်​လို့ ​တ​ရား​ရုံး​က ​ပြော​တော့ ​ဒေါ်​နော်​အုံး​လှ​က ​သူ​ပြေး​လည်း ​မ​ပြေး​ပါ​ဘူး​တဲ့​၊ ​လူ​သိ​ရှင်​ကြား ​ဂျာ​နယ်​တွေ​ထဲ​မှာ​လည်း ​ပါ​တာ​ပဲ၊ ​သူ​လည်း ​သွား​လာ​လှုပ်​ရှား ​နေ​တာ​ပဲ​တဲ့​၊ ​အဲ​ဒါ​ကို ​အ​ခု​မှ ​စွဲ​တာ​က​တော့ ​ဘာ​သ​ဘော​လည်း ​မ​သိ​ပါ​ဘူး​တဲ့​။ ​စွဲ​သင့်​စွဲ​ထိုက်​တဲ့ ​အ​ချိန်​တုန်း​က ​မ​စွဲ​ဘူး​ဆို​တော့ ​အဲ​ဒီ​တုန်း​က ​ရဲ​တွေ​က ​တာဝန်​ပျက်​ကွက်​နေ​တဲ့ ​သ​ဘော​မျိုး​ကို ​တွေ့​ရ​တာ​ပေါ့​။ ”


ဒါ့​အ​ပြင် ၂၀၀၇ ​ကုန်​ဈေး​နှုန်း​ကျ​ဆင်း​ရေး ​ဆ​န္ဒ​ပြ​ခေါင်း​ဆောင် ​ဦး​ထင်​ကျော်​ဟာ​လည်း ​ပုဒ်​မ ၁၈ ​နဲ့ ​တ​ရား​ရုံး​တွေ​က ​ထောင်​ဒဏ်​တွေ ​အ​သီး​သီး​ချ​မှတ်​ခံ​ခဲ့​ရ​ပြီး ​ပြစ်​ဒဏ်​တွေ ​အား​လုံး​ပေါင်း​လိုက်​ရင် ​ထောင်​ဒဏ် ၂ ​နှစ်​ကျော်​သွား​ပြီ​ဖြစ်​သ​လို ​လက်​ရှိ ​ကျောက်​တံ​တား​နဲ့ ​မြောက်​ဥ​က္က​လာ​ပ ​တ​ရား​ရုံး​တွေ​မှာ ​စွဲ​ဆို​ထား​တဲ့​အ​မှု​တွေ​ကို ​ဆက်​လက် ​ရင်​ဆိုင်​နေ​ရ​ဆဲ ​ဖြစ်​တယ်​လို့ ​ဇ​နီး ​ဒေါ်​သန်း​သန်း​မော်​က ​ပြော​ပါ​တယ်။

စွဲ​ဆို​ချက်​တွေ​နဲ့​ပတ်​သက်​လို့​လည်း ​ဒေါ်​သန်း​သန်း​မော်​က “​တ​ရား​ရင်​ဆိုင်​ရ​တဲ့​နေ​ရာ​မှာ ​သူ​က ​တ​ရား​ဥ​ပ​ဒေ​ကို ​လေး​စား​လို့ ​ရင်​ဆိုင်​တာ​ပါ။ ​ဒါ​ပေ​မယ့် ​တ​ရား​မျှ​တ​မှု ​ရှိ​လား​ဆို​တော့​လည်း ​မ​ရှိ​ပါ​ဘူး​။ ​အ​ထက်​အ​မိန့်​အ​ရ ​ခိုင်း​ပြီး​တော့ ​အ​ထက်​ရဲ့ ​ညွှန်​ကြား​ချက်​နဲ့ ​အ​မိန့်​တွေ ​ချ​နေ​တာ​ပဲ။ ​ဒါ​ကြောင့် ​ပုဒ်​မ ၁၈ ​ကို ​ပယ်​ဖျက်​ရင်​လည်း ​ပယ်​ဖျက်၊ ​ဒါ​မှ​မ​ဟုတ် ​ပြင်​ဆင်​ရင်​လည်း ​ပြင်​ဆင်​ပေါ့​။ ​လုံး​၀ ​ပယ်​ဖျက်​သင့်​တဲ့ ​ပုဒ်​မ​လို့ ​မြင်​ပါ​တယ်”​လို့ ​ပြော​ပါ​တယ်။

ဦး​ထင်​ကျော်​ကို ​ပုဒ်​မ ၁၈ ​နဲ့​ ​မ​င်္ဂ​လာ​တောင်​ညွန့် ​တ​ရား​ရုံး​က ​အ​လုပ်​နဲ့ ​ထောင်​ဒဏ် ၆ ​လ ​ချ​မှတ်​ခဲ့​သ​လို ​တာ​မွေ​နဲ့ ​သ​င်္ကန်း​ကျွန်း​မြို့​နယ်​တွေ​က ​ဒီ​ထောင်​ဒဏ်​ကို ​တ​ပေါင်း​တည်း​ကျ​ခံ​စေ​ဖို့ ​အ​မိန့်​ချ​မှတ်​ခဲ့​ပါ​တယ်။

မိ​ကျောင်း​ကန် ​မြေ​သိမ်း​မှု​နဲ့ ​ပတ်​သက်​ပြီး ​ပန်း​ဘဲ​တန်း ​တ​ရား​ရုံး​က ​စွဲ​ဆို​ထား​တဲ့ ​ပုဒ်​မ ၂ ​ခု​အ​တွက်​တော့​ ​ထောင်​ဒဏ် ၃ ​လ​စီ​နဲ့ ၆ ​လ၊ ​ကျောက်​တံ​တား ​တ​ရား​ရုံး​က ​စွဲ​ဆို​ထား​တဲ့ ​အ​မှု ၄ ​မှု​မှာ ၃ ​မှု​အ​တွက် ၃ ​လ​စီ​နဲ့ ၉ ​လ၊ ​တ​မှု​အ​တွက် ၆​လ ​ချ​မှတ်​ထား​တယ်​လို့ ​ဆို​ပါ​တယ်။

ဒါ့​အ​ပြင် ​ဦး​ထင်​ကျော်​ကို ​ဩ​ဂုတ်​လ ၂ ​ရက်​နေ့​က ​စ​တင်​ဖမ်း​ဆီး​ခဲ့​သ​လို ​မြောက်​ဥ​က္ကာ​ပ ​တ​ရား​ရုံး​မှာ ​ပုဒ်​မ ၁၈၊ ၅၀၅၊ ​အ​ကြည်​ညို​ပျက်​စေ​မှု ​ပုဒ်​မ ၅၀၀​နဲ့ ​စွဲ​ဆို​ခံ​နေ​ရ​ပါ​တယ်။ ​ကျောက်​တံ​တား​တ​ရား​ရုံး​က ​လက်​ပံ​တောင်း​တောင် ​အ​ကြမ်း​ဖက်​ဖြို​ခွဲ​မှု​ကို ​ဆ​န္ဒ​ပြ​ခဲ့​တဲ့ ​အ​တွက် ​ဦး​ထင်​ကျော်​နဲ့ ​ဇ​နီး​အ​ပါ​အ၀င် ​တ​ခြား ၅ ​ဦး​ကို​လည်း ​ပုဒ်​မ ၁၈ ​နဲ့ ​စွဲ​ဆို​ထား​ပါ​တယ်။

No comments: