စုမြတ်ဝေ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပဲခူးတိုင်း ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို သာယာဝတီမြို့နယ်တွင် ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက မဇ္ဈိမကိုပြောသည်။
အဆိုပါ ဟောပြောပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီတွင် သာယာဝတီခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပမည်ဖြစ်ပြီး တရားဝင်ခွင့်ပြုချက်ကိုမူ မရရှိသေးဘဲ ပဲခူးတိုင်းဝန်ကြီးချုပ်၏ နှုတ်သဘောအရ သဘောတူခွင့်ပြုမှုသာ ရထားပြီးဖြစ်သည်ဟု သာယာဝတီခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုကျော်နိုင်ဦးကပြောသည်။
ပဲခူးတိုင်းလုံးကျွတ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူမည့် လူထုဟောပြောပွဲအခမ်းအနားသို့ ပဲခူးတိုင်းတွင်း ပြည်မြို့နှင့် တောင်ငူမြို့နယ်ဘက်ခြမ်းများအပါအ၀င် ၂၈ မြို့နယ်ကို ဖိတ်ထားသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၁၄ ရက်တွင် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ၌ ပြုလုပ်မည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး ထုဟောပြောပွဲ အခမ်းအနားကိုလည်း တက်ရောက်ဟောပြောမည် ဖြစ်သည်။
ထို့အပြင် နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်၊ လက်ပံခါးလှကျေးရွာတွင် ပြုလုပ်ခဲ့သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲအခမ်းအနားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့သေးသည်။
No comments:
Post a Comment